ကျောင်းစာများကို ဝသန် ကြည့်ပြီးအားလုံး လက်စသတ်ပြီးချိန်မှာ ညအတော်ပင် မိုးချုပ်နေပြီဖြစ်သည်။အိပ်ခန်းထဲမှ
aircon လေများကို မရှုရှိုက်ချင်တော့၍ ဝရန်တာ ဘက်သို့ထွက်လာခဲ့လိုက်သည်။ ည၁၂နာရီဆိုသော အချိန်၏ လေထုသည် သာမန်ချိန်များထက် သန့်ရှင်းလတ်ဆတ်နေပြီး..ခုနက စာကြည့်ထားခဲ့၍ နောက်ကျိနေသော စိတ်များကို
ကြည်လင် သွားစေခဲ့သည်။ခြေလက်များ ညောင်းညာသက်သာစေရန် အိမ်တွင်း exercise နှစ်ကွက်လောက်ကို ဝသန်
လှုပ်ရှားလိုက်သည်။ ကိုကို နှင့်အတူ ကရာတေး လိုက်သင်ခဲ့ရာ မှ မိမိကိုယ်တိုင်လဲ စိတ်ဝင်စားမှု့ ရှိလာခဲ့၍ ကြိုးစားကာ ဆက်လက်သင်ယူခဲ့မိသည်။ဝသန့် ၏ ကြိုးစားမှု့ နှင့် စိတ်အားထက်သန် ခဲ့မှု့ များကြောင့် ခါးပတ်ပြာ အဆင့်ထိပင် ဝသန် ရောက်ရှိနေခဲ့ပြီဖြစ်သည်။ ဝသန့် အနေနှင့် ဆိုလျှင် မိမိကိုယ်ကို ကာကွယ်မှု့ လုံလောက်စွာ အတိုင်းအတာတစ်ခုထိ ပြုလုပ်နိုင်နေပြီ ဖြစ်သော်လဲ ကိုကို၏ စိတ်မချမှု့ ကြောင့် ယခုလို ပုန်းအောင်းနေရသည့်လူ ဖြစ်နေဆဲပင် ဖြစ်သည်။အတွေးတွေးရင်း exercise လုပ်ရင်း အသက်ရှု လေ့ကျင့်ခန်းကိုပါ ပြုလုပ်ကာ လေများကို တစ်ဝကြီး ရှုရှိုက်ပစ်လိုက်သည်။ ဒီလိုအချိန်မှာ သူမတစ်ယောက်ထဲ ရှိနေမည် ထင်နေခဲ့သော်လဲ တစ်ဖက်အိမ်၏ ဝရန်တာ ဘက်မှာလဲ လှုပ်ရှားမှု့ 
တွေ့ရှိလိုက်သောကြောင့် ဝသန် လှမ်းကြည့်မိလိုက်သည်။ သူမကို ဘယ်အချိန်မှာ ဖြစ်နေနေကြည့်မိလိုက်တိုင်း လှပနေတတ်သည်။ ဝသန် .....သူမကို သိပ်ကို သဘောကျပါသည်။ နေဝန်းသံသာ ဟုခေါ်သော သူမကို စတွေ့ထဲက ချောမောလှပသည်ဟု ဝသန် သိနေပါသော်လဲ... ဟိုတရက်က ကျောင်း၏ king,queen ရွေးပွဲအပြီးတွင်တော့ ဝသန် သူမကိုအမြဲလိုလို တွေ့မြင်နေချင်စိတ်များပေါ်နေခဲ့သည်။ အိမ်ချင်းကပ်ရပ်၊ ကျောင်းချင်းအတူတူ ဖြစ်နေပါသော်လဲ သူမနှင့် စုံတောင်မစုံဖြစ်ခဲ့ပေ။ သူမတို့အိမ်သို့ ဝသန် မေမေနှင့်အတူ သုံးခါမျှလိုက်လည်ဖူးသော်လဲ သူမကိုမူ ဝသန် မတွေ့ခဲ့ရပါ။
BINABASA MO ANG
SAME LOVE DIFFERENT FEELING (Complete)
Romanceမင်းဘယ်သူလဲ?မင်းဘယ်မှာမွေးလဲ?မင်းဘယ်ကလာလဲ?မင်းဘယ်ကိုသွားမလဲ?မင်းဘာတွေလုပ်သလဲ?..ငါ ဂရုမစိုက်ဘူး...ငါ့ကိုချစ်တာတခုပဲဂရုစိုက်နေမိတယ်...