အခန်း(၃၂)

624 55 2
                                    

မုန်း...အိမ်​​ရှေ့ပန်းခြံ ​လေးထဲမှာ သူငယ်​ချင်းသုံး​ယောက်​သား ထိုင်​​နေကြရင်း မုန်း ၏ စကားများကို နား​ထောင်​ကာ အကြံထုတ်​​နေမိကြသည်​။

-မုန်း....ချစ်​​နေတာကို ဖွင့်​​မ​ပြောရဲဘူး...ဘယ်​​လောက်​ပဲ ရဲတယ်​​ပြော​ပြော အ​လောက်​ထိက​တော့....

-ဒါဆို ချစ်​လျှက်​နဲ့ စွန့်​လွှတ်​မယ်​​ပေါ့...။

သာသာ့ အ​မေးကို ​ခေါင်းမညိတ်​​ခေါင်းမခါနှင့်​ မုန်း ​တွေ​တွေကြီး​နေ​နေမိသည်​။ စွန့်​လွှတ်​တယ်​လို့ သုံးရ​အောင်​ထိ မုန်း တို့က တစ်​ဦးကိုတစ်​ဦး ချစ်​​နေကြတာမှ မဟုတ်​တာ ။ မုန်း ကသာ စိတ်​ဝင်​စား​နေမိတာ နတ်​ဆိုးက ဟိုအရင်​ ​တွေ့စဉ်​ထဲက သာမန်​ထက်​မပို​သော ဆက်​ဆံမှု့ မျိုးသာ ဖြစ်​သည်​။

-ဏီ...က​တော့ ချစ်​​နေရင်​ ကြိုးစားသင့်​တယ်​လို့ ထင်​တယ်​... ဘာ​ပြော​ပြော ပြန်​မချစ်​ရင်​​တောင်​ ကိုယ်​ချစ်​​နေတာကို​တော့ သိသွားရမှာ​ပေါ့..။

-ဟုတ်​တယ်​.. မုန်း...သာ ...လဲ လက်​ခံတယ်​ ကိုယ့်​အချစ်​ကို​တော့ သူသိသွားသင့်​တယ်​...​ပြောမရဘူး ကို​စေ လဲတိတ်​တိတ်​​လေး ချစ်​​နေနိုင်​တာပဲ..။

သာသာ နှင့်​ ဏီ ​ပြော​နေသည်​ကို ​တွေး​တွေးဆဆ ရှိ​နေပြီး မုန်း ဆုံးဖြတ်​ကာ...

-ဒါဆို...မုန်း...ဘယ်​လိုဖွင့်​​ပြောရမလဲ...။

-ကိုနန္ဒ က​နေကြားဖူးတာ​တော့ ကို​စေ ​နဲ့ ကို​သော်​ က မိန်းက​လေး​တွေကို စိတ်​မဝင်​စားဘူးတဲ့...။

-​အေး​လေ..ဒါ​ကြောင့်​လဲ ​ယောက်ျား​လေး ဖြစ်​တဲ့ ဏီ နဲ့ကြိုက်​​နေကြတာ မဟုတ်​လား...။

-သာသာ.....။

ဏီ့ ကပြန်​​အော်​သည့်​ အ​ပြောကို သာသာ မှ လျှာထုတ်​​ပြောင်​ပြကာ စ​နောက်​​နေ​သေးသည်​။ မုန်း သူငယ်​ချင်း နှစ်​​ယောက်​က​တော့ အရင်​ထက်​ပိုပွင့်​လင်းလာကြတာ အမှန်​ပင်​။ ဏီ ​ ​ပြောသလို မိန်းက​လေး သိပ်​မဝင်​စားဘူးဆိုရင်​ မိမိသွား​ပြော​တော့​ရော ဘာများထူးခြားမည်​လဲ..။ပြောလိုက်​ကာမှ မိန်းမသိက္ခာကျသွားနိုင်​​သေးသည်​မို့...

SAME LOVE DIFFERENT FEELING    (Complete) Tahanan ng mga kuwento. Tumuklas ngayon