တစ်လ..နှစ်လ ..အချိန်များတဖြေးဖြေးကုန်ဆုံးနေခဲ့ရပြီး မုန်း...၏ကိုယ်ဝန်လေးမှာပင် သုံးလဝန်းကျင်ထဲရောက်ရှိလို့လာခဲ့ပါပြီ။ ပုံမှန်ထက်ပို၍ပြောင်းလဲခြင်းမရှိသေးသော မိမိဗိုက်အားထိကိုင်ကြည့်မိရင်း မှန်ထဲမှမိမိပုံရိပ်အားကြည့်နေမိသည်။ အချိန်သုံးလဆိုသည်မှာ ခေတ္တခဏလေးကဲ့သို့ပင် မုန်း..အတွက်လျင်မြန်စွာ တရွေ့ရွေ့ရောက်ရှိလာခဲ့သည်။ ဤလပိုင်းအတွင်း၌ ဖြစ်ပေါ်ခဲ့သောကိစ္စရပ်များအား ခံစားနေရသောနှလုံးသားလေးမှာ တစ်စက္ကန့် တစ်ခဏမျှကိုပင် နာကျင်စွာသက်ပြင်းမောတို့အားချမိစေလေသည်။ စိတ်ဆင်းရဲစရာများနှင့်ဝေးရာသို့အပြေးနေချင်မိသော်လဲ စိတ်နှလုံးနာရသောအကြောင်းအရာများကို ကြားရရုံသာမက မြင်တွေ့ရသည်အထိပင်။ ဆေးရုံတွင်လဲနေသော ကိုသော့် အတွက်စိုးရိမ်မိသလို ထိုသူတစ်ယောက်တွက် ရင်နှင့်အမျှခံစားနေရမည့် သူငယ်ချင်း ဏီ...အတွက်လဲကိုယ်စားနာကျင်ပေးနေမိပြန်သည်။ မိမိ၏ငယ်ပေါင်းသူငယ်ချင်းကို အနားမှာနေ၍ နွေးထွေးစွာပွေ့ဖက်ရင်းနှစ်သိမ့်ပေးချင်မိပါသော်လဲ ကိုယ်ဝန်နှင့်ဖြစ်သည့်အပြင် မုန်း...၏ကျန်းမာရေးအခြေအနေကြောင့် စိတ်သွားတိုင်းကိုယ်မပါပြန်ချေ။ နောက်ဆုံးအခါက မိမိထံသို့ရောက်လာခဲ့သည့် သာ့...ကိုသာနှစ်သိမ့်ပေးလိုက်နိုင်ပြီး မိမိမျက်စိရှေ့တွင်ပင် ဝသန့်.. အခြေအနေကိုတွေ့လိုက်ရ၍ နေ့နေ့ညညထပ်တူငိုကြွေးခဲ့ကြရသေးသည်။ သူငယ်ချင်းဖြစ်သူဝမ်းနည်းနေရသည်ကိုသိခဲ့ရပြီးနောက် အသေးစိတ်အကြောင်းအရာများအားမပြောချင်သည့်ကြားမှ အတင်းမေး၍ကြားသိခဲ့ရပြန်တော့လဲ စိတ်ရောကိုယ်ပါမောဟိုက်ကာရင်နင့်အောင်ကိုပင်ခံစားမိရပြန်သည်။ ထို့ကြောင့်သူငယ်ချင်းနှစ်ယောက်လုံးအတွက် စိတ်မကောင်းဖြစ်ရပြီး မိမိအနား၌နေ့နေ့၏ရှိမနေပေးနိုင်သည့် ယောကျာ်းဖြစ်သူကို မငြူစူရက်နိုင်ပေ။ ပင်ပန်းမှု့ များနှင့်အတူညနောက်ကျမှပြန်ရောက်သော်လဲ ပြန်ရောက်လာချိန်တိုင်းမှာ နူးညံ့သောအနမ်းတို့နှင့်နှုတ်ဆက်တတ်ကာ စိတ်ပင်ပန်းနေမှု့ များအား မိမိရှေ့၌မပေါ်စေပဲ ကြိတ်ခံစားနေသည်ကိုသိနေပေမယ့် မသိသလိုပင်နေနေရကာ အပြုံးများနှင့်သာနှစ်သိမ့်ပေးနေမိသည်။ မိမိကိုယ်ဝန်ကိစ္စနှင့်ပတ်သတ်၍ သဘောထားခြင်းမတူဖြစ်နေခဲ့ရပြီးမှ ထပ်မံ၍ငြင်းဆန်ဖို့ရာအတွက်အခြေအနေပေးမနေ၍သာဖြစ်မည် ဤကဲ့သို့သွေးပျက်ဖွယ်အကြောင်းအရာများမရှိပါလျှင် ယခုအချိန်၌ မိမိနှင့် ကိုစေ မှာကလေးနှင့်ပတ်သတ်၍ပြဿနာကြီးကြီးမားမား တက်နေလိမ့်မည်မှာအသေအချာပင်။
VOUS LISEZ
SAME LOVE DIFFERENT FEELING (Complete)
Roman d'amourမင်းဘယ်သူလဲ?မင်းဘယ်မှာမွေးလဲ?မင်းဘယ်ကလာလဲ?မင်းဘယ်ကိုသွားမလဲ?မင်းဘာတွေလုပ်သလဲ?..ငါ ဂရုမစိုက်ဘူး...ငါ့ကိုချစ်တာတခုပဲဂရုစိုက်နေမိတယ်...