အခန်း(၄၃)

707 62 32
                                    

-ချစ်​တယ်​... ဟား မင်းက ငါ့ရဲ့ ဘယ်​အရာ​တွေကို ချစ်​တာလဲ

မထင်​မှတ်​ထား​သော ​မေးခွန်း​ကြောင့်​ ​နောက်​ကြည့်​မှန်​မှ တဆင့်​မြင်​​နေရ​သော သူမမျက်​နှာမှာ နာကျည်းမှု့ တစုံတရာကို ခံစား​နေရသည့်​အသွင်​မျိုး​ဆောင်​​နေပြန်​သည်​။ သူမ​မေးခွန်းကို ပြန်​​ဖြေရန်​ ဘယ်​လိုအ​ဖြေက သင့်​​တော်​သလဲ ဆိုသည်​မှာ မ​တွေးတတ်​ပါ။ သူမကို ချစ်​သည်​ ဆိုသည်​မှာလဲ ဘယ်​အရာ​တွေကိုရယ်​ မရှိ အရာအားလုံးကို ချစ်​မြတ်​နိုးသည်​သာ။

-ဒီအတိုင်း အရာအားလုံးကို ချစ်​တယ်​...။

-ဟား.. ဒီအတိုင်း အရာအားလုံးလား စိတ်​ကူးယဉ်​သိပ်​ဆန်​လွန်းတယ်

မိမိအ​ပြောကို ရီသွမ်း​သွေးကာ ​ပြော​နေ​သော သူမကို မှန်​ထဲမှ​နေ၍ တဆင့်​ကြည့်​​နေခဲ့ရသည်​ အမှန်​ဆိုလျှင်​ မျက်​နှာချင်းဆိုင်​ကာ မိမိရင်​ဖွင့်​စကားကို ​ပြောချင်​သည်​ ၊နား​ထောင်​​စေချင်​သည်​။

-​ယောကျာ်းတစ်​​ယောက်​က ဒီအတိုင်းအရာအားလုံးဆိုတာကို လွယ်​လွယ်​နဲ့ ယုံကြည်​တတ်​တဲ့ မိန်းမ မဟုတ်​​တော့လဲ ခက်​တယ်​ ရဲရင့်​သစ်​ထင်​.. ။

-ဧ​ခေမှူးပိုင်​ ဖြစ်​လို့ ကျွန်​​တော်​ ချစ်​တယ်​.. ဘယ်​လိုဘဝမျိုးကပဲ ဖြစ်​​နေ​နေ ကျွန်​​တော်​မြတ်​နိုးတယ်​.. ကျွန်​​တော့်​ အချစ်​.....

-​တော်​​တော့...​တော်​​တော့...

မိမိ​ပြောစကားကို ရပ်​တန့်​ရန်​ ​ခပ်​မြန်​မြန်​ဟန့်​တားလိုက်​ပြီး ကား​ပေါ်မှ ဆင်းကာ ​နောက်​လှည့်​မကြည့်​ပဲ ထွက်​ခွာသွား​ရာမှ တဖန်​အ​နောက်​သို့ပြန်​လှည့်​၍....

-​ယောကျာ်းတ​ယောက်​ပါးစပ်​က ထွက်​လာတဲ့ အချစ်​ဆိုတာက ​နောက်​ခံအသိုင်းအဝိုင်းနဲ့ ဂုဏ်​သိက္ခာ၊ ​ငွေ​ကြေးပမာဏ ဒါ​တွေကို ​ပြောချင်​တာလို့ ငါထင်​တယ်​ ...

-မမှူး ထင်​ထားသလို မဟုတ်​တဲ့ ကျွန်​​တော့်​ အချစ်​က ရိုးသားဖြူစင်​တယ်​...။

မကြားဖူး​သော စကားတခွန်းကို ကြားလိုက်​ရသကဲ့သို့ အံသြသည့်​မျက်​နှာ​ပေါ်မှ ​ဖြေးညှင်းစွာ ​ပေါ်ထွက်​လာ​သော ခပ်​မဲ့မဲ့အပြုံးတို့သည်​ မိမိကို ​လှောင်​ရီ​နေ​သော အပြုံးဖြစ်​​နေ​သော်​လဲ မျက်​​တောင်​မခတ်​ကြည့်​​နေမိသည်​။ မိမိအကြည့့််​များကို မျက်​စိမလွှဲပြန်​ကြည့်​ရာမှ...

SAME LOVE DIFFERENT FEELING    (Complete) Onde histórias criam vida. Descubra agora