အခန်း(၃၉)

655 56 12
                                    

အဆင်​​ပြေမှု့ ၊အဆင်​မ​ပြေမှု့ စသည်​တို့နှင့်​ ဏီ တို့၏​ကျောင်းသားဘဝ​လေးမှာ ​နေ့စဉ်​နှင့်​အမျှ အံ့သြဝမ်းသာရသည့်​အချိန်​များလဲ ကြုံ​တွေ့ရပြီး  ဝမ်းနည်းမှု့ များနှင့်​ ရင်​ဆိုင်​ခဲ့ရချိန်​များလဲ ရှိခဲ့ကြရသည်​။ Uni life ကိုဖြတ်​သန်းချိန်​မှာ ဟိုအရင်​မူလအစက ​တွေးထင်​ထားသကဲ့သို့ ဖြစ်​လာရသည်​လဲ ရှိခဲ့ပြီး ၊ မထင်​မှတ်​ခဲ့​သော အ​ကြောင်းအရာများလဲ ဖြစ်​ခဲ့သည်​​လေ။ သူငယ်​ချင်းသုံး​ယောက်​မခွဲအတူ ​ကျောင်းတက်​ချင်​သည့်​ဆန္ဒ ၊ ​မေဂျာတူချင်​ကြသည်​များ၊ အတူတူ​ပျော်​ချင်​သည်​များ အားလုံး ​တွေးထားသလိုဖြစ်​ခဲ့ရ​သော်​လည်း..မ​တွေးမိခဲ့သည်​က သာသာ တ​ယောက်​ ဝသန်​ ဆိုသည့်​ ​ကောင်​မ​လေးနှင့်​ ချစ်​သူဘဝသို့ ​ရောက်​ရှိခဲ့သလို ၊ မုန်း..သည်​လဲ အိမ်​​ထောင်​ရှင်​မဘဝသို့ ကူး​ပြောင်းသွား​လေပြီ။ သူတို့​တွေသာ ​ပြောင်းလဲခဲ့သည်​ မဟုတ်​ မိမိသည်​လဲ စိုင်း​သော်​​ဇေရိန်​ ဟု​ခေါ်​သော ​ယောက်ျား​တစ်​​ယောက်​နှင့်​ ​မေတ္တာမျှ​နေမိသည်​ပဲ မဟုတ်​ပါလား။ အ​သေအချာ​တွေးကြည့်​လျှင်​ မယုံကြည်​နိုင်​ဖွယ်​ရှိ​သော်​လဲ လက်​​တွေ့မှာ အမှန်​တကယ်​ ဖြစ်​တည်​​နေခြင်းဖြစ်​​လေသည်​။ ယခုဆို Second semester ​ဖြေပြီး၍ ​ကျောင်း​တော်​ကြီးနှင့်​ ​ခေ​တ္တမျှခွဲခွာချိန်​သို့ပင်​ ​ရောက်​ရှိလာပြီဖြစ်​သည်​။

ကျောင်းပိတ်​ရက်​နှစ်​ရက်​သာ ရှိ​သေး​သော်​လဲ ဏီ့ အတွက်​​တော့ ကြာလှပြီဟုထင်​မှတ်​​နေမိသည်​။ သာသာ တ​ယောက်​ ပိတ်​ရက်​​တွေမှာ ဘာအစီအစဉ်​ရှိလဲ မ​မေးမိသလို သူမထံမှလဲ ဆက်​သွယ်​လာခြင်းမရှိ​ချေ။ မုန်း..ထံမှလဲ အဆက်​အသွယ်​မရ ထိုနှစ်​ရက်​ဆို​သော ​နေ့ရက်​အတွင်း ဏီ့ စိတ်​တို့​လေလွင့်​​နေသည်​မှာ လူကိုယ်​တိုင်​ပင်​ ​ရေ​ငွေ့ပျံကာ အခိုးအ​ငွေ့အဖြစ်​​ပျောက်​သွား​တော့မည်​ကို​တောင်​ စိုးရိမ်​မိသည်​။ မိမိချစ်​ရသူထံသို့ သွားချင်​ပါ​သော်​လဲ တ​နေ့ကပင်​ အလုပ်​ကိစ္စ နှင့်​ မိမိအိမ်​သို့ ​ရောက်​လာခဲ့ပြီး ကွယ်​ရာမှမျက်​နှာ​လေးပဲ မြင်​​တွေ့လိုက်​ရကာ အလုပ်​များ​နေသည်​ကို သိ​လိုက်​ရသည်​မို့ ​တွေ့ချင်​သည့်​ ဆန္ဒကို ချုပ်​ထိန်းထားရပြန်​သည်​။ အလုပ်​များ​နေသည်​ကို နားလည်​​ပေးနိုင်​​သော်​လဲ အရင်​လို ph:call ကာ စကား​ပြောခြင်းမှာလဲ နည်းလာသည်​၊ ထိုသည်​သာမက smsမှတဆင့်​ ရ​လေ့ရှိ​သော မိမိထံသို့ ပို့​လေ့ရှိသည့်​ ချစ်​စကားစာ​လေးများမှာလဲ နည်းလာခဲ့သည်​။ အလုပ်​ပြီးလျှင်​အလုပ်​ဖြစ်​​နေ​သော ချစ်​ရသူကို စိတ်​ဆိုးချင်​​သော်​လဲ စိတ်​ဆိုးရမည့်​အ​တွေးထက်​ လွမ်းသည့်​စိတ်​က ပို၍သာလွန်​​နေ​သော​ကြောင့်​ အလွမ်းကိုသာ ရင်​မှာပိုက်​ရင်း sms လာမည်​လား ၊ ph ဆက်​မည်​လား ​စောင့်​​နေမိဆဲဖြစ်​​နေသည်​။

SAME LOVE DIFFERENT FEELING    (Complete) Where stories live. Discover now