ပန်းသတင်းလေညှင်းဆောင်ကာ လူသတင်းလူချင်းဆောင်သည်ဟူသော ဆိုရိုးစကားအတိုင်းပင် မုန်း..၏ဝမ်းသာစရာသတင်းစကားမှာလဲ တစစသူငယ်ချင်းများထံသို့ ပျံ့ နှံ့ခဲ့လေပြီဖြစ်သည်။ ကိုစေ မှတဆင့် နှစ်ဖက်မိဘများ၏နားသို့ရောက်ခဲ့ကြပြီး တနေကုန်နားချိန်ပင်မရနိုင်တော့အောင် လူကိုယ်တိုင်သတင်းမေးလာကြသူများ ၊phဆက်ကြရသူများကြား ပျော်ရွှင်ချင်ယောင်ဆောင်နေခဲ့ရကာ မုန်း ရင်ထဲမှာတော့အသံတိတ်ငိုကျွေးနေခဲ့မိသည်။ တပါးသူတို့၏ပျော်ရွှင်မှု့ အား ပွင့်လင်းခြင်းမရှိသည့် မိမိစိတ်ကြောင့်ထင်ပါသည် တစ်ဦးတစ်ယောက်မှမသိပဲ တစ်ကိုယ်ထဲသာ ဝဋ္ဌ်ကျွေးပေးဆပ်နေရသည့် ခံစားချက်ကြီးနှင့်သာ ရှေ့မတိုးသာ နောက်မဆုတ်သာနှင့် မုန်း..စိတ်တို့လေးလံနေခဲ့ရပြီး ပြည့်ဝသော ပျော်ရွှင်ခြင်းတို့မည်သည်မှာ ဖြစ်ပေါ်လာခြင်းမရှိခဲ့ပေ။ ဆိုးဝါးနေသည့် မိမိဘဝကိုမိမိကိုယ်တိုင်အားမရစိတ်တို့ကြောင့် မဆီမဆိုင်ပင် အပြစ်မရှိအပြစ်ရှာကာ မိမိဘဝကိုသာ နေ့စဉ်အပြစ်တက်ပြီးရင်းတင်နေမိတော့သည်။
ဝမ်းသာစရာကောင်းသောသတင်းတစ်ခုကို အရင်းနှီးဆုံးသူငယ်ချင်းအား ထပ်တူဝမ်းသာစေရန်ပြောပြသည် ဆိုပါသော်လဲ စေ့ စကားသံတို့မှာ ကြွားဝါမှု့ လေးပင်ပါနေသယောင်ယောင် သော် ထင်လိုက်မိသည်။ လူသားနှစ်ဦးလက်ထပ်ထိမ်းမြားပြီးလျှင် ဘဝတစ်ခုအားတည်ဆောက်ကြရခြင်းဖြစ်ကာ ထိုဘဝထဲသို့တိုးဝှေ့ဝင်ရောက်လာသော ထပ်မံ၍သေးငယ်သည့်ဘဝငယ်လေးများရှိတတ်ကြစမြဲပင်။ (အလွယ်ပြောရင် ယောကျာ်းမိန်းမယူကြပြီး အချိန်တန်လာရင် ကလေးမွေးသည်ဟုဆိုလိုခြင်းဖြစ်သည်။ ) ထိုသည်မှာထူးဆန်းသည့်အကြောင်းအရာတစ်ခုမဟုတ်ပါသော်လဲ တဖွဖွနှင့်ပြေမဆုံးဖြစ်နေသော စေ့ အား သော် မျက်မှောင်ကျုံ့ကာကြည့်နေလိုက်မိသည်။ ကိုယ်ဝန်ဆောင်သတင်းလာမေးသည့်ရောက်ချိန်မှစ၍ ထပ်ခါထပ်ခါပြောနေသောအကြောင်းအရာအား အလွတ်ပင်ရတော့မည် ပြောနေသူကတော့ဖြင့်ပြောမဆုံးသေးပေ။ ခဏခဏကြားနေရပြီး နားကြားကပ်လာချိန်မှာတော့ မဲ့ပြုံးတို့နှင့် နောက်ဆုံးစကားပြောပြီးကာ ပြန်လည်၍ထပ်မပြောနိုင်သေးခင်ပင် စေ့ ပခုံးအားဖက်လိုက်ပြီး ခေါင်းတညိတ်ညိတ်လုပ်လိုက်ကာ ခပ်ချဉ်ချဉ်ပြုံးလိုက်ရင်း...
ESTÁS LEYENDO
SAME LOVE DIFFERENT FEELING (Complete)
Romanceမင်းဘယ်သူလဲ?မင်းဘယ်မှာမွေးလဲ?မင်းဘယ်ကလာလဲ?မင်းဘယ်ကိုသွားမလဲ?မင်းဘာတွေလုပ်သလဲ?..ငါ ဂရုမစိုက်ဘူး...ငါ့ကိုချစ်တာတခုပဲဂရုစိုက်နေမိတယ်...