အခန်း(၂)(p.1)

99 9 0
                                    

   တစ်လ..........

တစ်လဆိုသော အချိန်ကာလတွင် ပုံမှန်လူတစ်ယောက်အတွက် ဖြတ်သန်းကုန်ဆုံးသည်မှာ လျှင်မြန်လိုက်တာဟု ထင်မှတ်ကြလိမ့်မည်။ မိမိအတွက် တစ်လဆိုသော အချိန်ကာလကြီးမှာ ငြီးငွေ့ဖွယ်ကောင်းလှသော အချိန်ကာလတစ်ခုပင်။ခုဆို အိမ်သစ်ကြီးမှာပြောင်းရွေ့နေထိုင်ခဲ့သည်မှာ တစ်လတင်းတင်းပြည့်နေခဲ့ပြီ။ တစ်လလုံး အိမ်အပေါ်ထပ်နဲ့ အောက်ထပ်ကိုသာ လူးလာခေါက်တုံ့သွားလာနေရုံမှ လွဲ၍ဘယ်နေရာမှမရောက်ဖြစ်၊ဘယ်ကိုမှလဲမသွားဖြစ်၊ယုတ်စွအဆုံး မိမိအိမ်ရှိ ပန်းခြံထဲသို့ပင်..မနက်ဝေလီဝေလင်းအချိန်မှ လွဲ၍ကျန်အချိန်များတွင်မရောက်ဖြစ်။အိမ်ရှေ့ကရေကူးကန်ကြီးမှာလဲ ကြည့်နေရုံသာကြည့်နေရပြီး ခုထက်တိုင်ထိတွေ့ခွင့်မရရှိသေး။ မိမိကိုယ်ကိုပင် နာတာရှည်ရောဂါသည် တစ်ယောက်လို့ခံယူမိသည်ထိ စိတ်ညစ်နေခဲ့မိပြီ။ အပြင်သို့သူများနည်းတူသွားချင်သည်၊ပျော်ချင်သည်၊စိတ်ညစ်စရာ ထိတ်လန့်ကြောက်ရွံ့စရာများနှင့် ထပ်မနေချင်တော့။ ဒီဘဝ ဒီအခြေအနေမှာရောက်ရှိနေသည့် မိမိကိုယ်ကိုလဲ မုန်းသည်၊စိတ်ပျက်သည်။ထိုသို့တွေးနေရုံမှ လွဲ၍ရော ဘာများမိမိတတ်နိုင်၊လုပ်နိုင်ပါသနည်း။ ဘာမှမလုပ်နိုင် ၊ဘာမှမသိကာ... ကိုကို့ရဲ့ စောင့်ရှောက်မှု့ အောက်မှာသာ ခုထက်ထိ ကြီးပြင်းနေဆဲဖြစ်သည်။

ကိုကို..သာမရှိခဲ့ရင်ရော မိမိ ခုထက်ထိ အသက်ရှင် နေပါဦးမည်လား? မထင်မှတ်ခဲ့  ကိုကိုမရှိလျှင် မိမိရော မိမိ၏ မိခင်ပါ ခုထက်တိုင် လူ့ဘဝမှာ တည်ရှိနေမည် မထင်ပေ။ မိမိဘဝအတွက် ကိုကိုသည် ကြီးမားသောတံတိုင်းကြီးတစ်ခု၊ မည်သူမှမဖြိုခွင်းနိုင်သော ခိုင်မာလွန်းသည့်တံတိုင်းကြီးတစ်ခု၊မည်သူတွေမည်သို့ပင် ဆိုနေခဲ့ပါစေ မိမိတို့သားအမိဘက်၌ သာ ရှိနေခဲ့သော ကိုကို့ကို ချစ်သည်၊အားကိုးသည်၊ ကိုကိုစေခိုင်းသလို၊စေညွှန်းသလို လိုက်နာရန်အသင့်ရှိသည်။
ထို့ကြောင့်လဲ တစ်လဆိုသော ပျင်းစရာ အချိန်ကြီးကို ကိုကို့စကားမလွန်ဆန်ပဲ ပျင်းရိနေပါစေ ဒီတိုင်းနေမည်။ထိုသို့အတွေးဝင်မိသည် နှင့် အပြုံးတစ်ခုတို့ဖြစ်တည်လျှက် ရင်ထဲ၌ အတော်အသင့်ပင် သက်သာရာ ရသည်။

SAME LOVE DIFFERENT FEELING    (Complete) Where stories live. Discover now