အလုပ်သို့ရောက်ခါစပင် တီးတိုးပြောသံများအား ဝဏ္ဏ သတိထားနေမိသည်။လူတို့၏သဘာဝအရ သတင်းစကားများထက် အတင်းအဖျင်းများကိုသာ စိတ်ရောက်တတ်လေ့ရှိကြပြီး ယခုလဲမိမိတို့သူဋ္ဌေးအကြောင်းပြောနေသည်အား သတိထားလိုက်မိသည်။ ကားရုံပိုင်းကိုသာတာဝန်ယူထားသည်ဖြစ်သောကြောင့် ရုံးချုပ်သို့ အရေးကြီးအစည်းအဝေးနှင့် စာရင်းလုပ်ချိန်များ၌သာ လာရောက်တတ်သည့် ကိုသော် မှာနေ့စဉ်ရုံးတက်ရုံးဆင်းလုပ်နေခဲ့သောအခါ ရုံးအတွင်းရှိအမျိုးသမီးထုကြီးမှာ တနေ့တနေ့ပြောစရာစကားမကုန်နိုင်အောင် ရှိနေခဲ့ရလေသည်။
စိုင်းသော်ဇေရိန် ဟုပြောလိုက်သည်နှင့် ချောမောခန့်ညားသည်၊ တည်ငြိမ်သည်၊ ပြစ်ချက်ပြောစရာမရှိအောင် ပြည့်စုံနေသော ယောကျာ်းတစ်ဦးအနေနှင့်ပင် မိန်းမတို့၏စိတ်ဝင်စားမှု့ အားခံယူခဲ့ကြရသည့်အပြင် coltd.တစ်ခု၏သူဋ္ဌေးတစ်ယောက်အနေနှင့်ပါ စိတ်ကူးယဉ်စရာကောင်းသော လူတစ်ယောက်ဖြစ်နေခဲ့သည်။ သို့သော်ယခုကြားနေခဲ့ရသော တီးတိုးစကားများအရ မိမိတို့သူဋ္ဌေး နှင့်အတူနေ့စဉ်ရုံးတက်ရုံးဆင်လုပ်နေခဲ့သော ကောင်လေးတစ်ယောက်အကြောင်းပါ ဖြစ်နေခဲ့ပြီး သူတို့၏ပတ်သတ်မှု့ အား စိတ်ဝင်တစားနှင့်ပင် သတင်းအနေအထားမှသည် အတင်းအနေနှင့်ပင်ပြောဆိုနေခဲ့လေသည်။ ထိုစကားများအား မိမိတို့၏သူဋ္ဌေးဖြစ်သူ စိုင်းသော်ဇေရိန် မှာမကြားမိခြင်းလား ၊ဂရုမစိုက်ခြင်းလား မသိရပဲ အမူအရာပင်မပျက်ချေ ၊ရုံးအတွင်းလူများနှင့် လိုအပ်ချိန်မှသာ စကားပြောတတ်သည့်အပြင် အစည်းအဝေးရှိချိန်တွင်တွေ့ရတတ်ကာ ကျန်သည့်အချိန်များမှာတော့ဖြင့် ရုံးခန်းတွင်း၌သာအလုပ်လုပ်နေတတ်လေသည်။ ထို့ပြင် မိမိတို့သူဋ္ဌေးမှာရုံးလာချိန်တိုင်းဘေးနားတွင် ပါလာတတ်သော နိုင်မဏိ ကြောင့်ပင်ပိုမို၍စိတ်ဝင်စားနေကြပြီး အလုပ်အားစိတ်ဝင်စားပုံမပေါ်ပါသော်လဲ နေ့စဉ်မပျက်လိုက်လာတတ်ကာ ရုံးခန်းတွင်း၌ပင်နေတတ်သည်။ တခါတရံစာဖတ်နေသည်ကိုတွေ့ရတတ်ပြီး၊ ပျင်းလာချိန်များတွင် အခန်းတွင်းမှထွက်လာကာ ဟိုဟိုသည်သည်လှည့်လှယ်သွားလာနေတတ်ပြန်သည်။ တခါတလေမှာတော့ ရုံးခန်းအတွင်းမှ ဆိုဖာပေါ်တွင်အိပ်ပျော်နေတတ်ပြီး ၊တခါတခါမှာတော့ အလုပ်လုပ်နေသော ကိုသော့် အနား၌နီးကပ်စွာပင်ရှိနေတတ်ကာ စာရင်းစာရွက်များအားကြည့်နေတတ်ပြန်လေသည်။ မည်သို့ပင်ဆိုစေ ထမင်းစားလျှင်အတူစားသောက်တတ်ရုံသာမက အချိန်တိုင်း မိမိတို့သူဋ္ဌေးနား၌သာရှိနေတတ်ပြီး စိတ်ဝင်စားခြင်းမရှိသော်လဲ အစည်းအဝေးတိုင်းကိုလိုက်ပါတတ်ရောက်ပြန်သည်။ အစည်းအဝေးအခန်းထဲသို့ရောက်ပြီးသည်နှင့် အချိန်သိပ်မကြာလိုက်ပဲ အမြဲလိုလိုအိပ်ပျော်နေတတ်ပါသော်လဲ မိမိတို့သူဋ္ဌေးမှာတော့ဖြင့် စိတ်ဆိုးခြင်းမရှိသည့်အပြင် ပြုံးရီနေတတ်ကာ အိပ်ပျော်နေသောသူအား ကလေးတစ်ယောက်ကဲ့သို့ပင် နဖူးနာမည်စိုး၍ သူ၏လက်အားခေါင်းဦးသဖွယ်ခံထားပေးတတ်ခြင်း ၊aircon လေအေးအေးရှိနေသည့်အခန်းဖြစ်သည့်အတွက် ခြုံစောင်ပါးပါးခြုံပေးတတ်ခြင်း ၊ တခါတရံများတွင်အိပ်ပျော်သွားစေရန် ချော့သိပ်နေသကဲ့သို့ဆံပင်များကိုသပ်နေပေးတတ်ပြီး အမြဲပင်ဂရုတစိုက်ရှိနေသောကြောင့် အစည်းအဝေးခန်းထဲသို့ လိုက်ပါလာကြသည့်လူတိုင်းတွေ့မြင်နေရခြင်းဖြစ်ပြီး ထိုသည်များကိုတွေ့မြင်နေရာမှပင် သို့လောသို့လောအတွေးများနှင့် တစ်ဦးထံမှတစ်ဦးထံသို့ တီးတိုးပြောဆိုနေကြရာမှ ယခုတော့ဖြင့်အတင်းအဖျင်းပြောနေသကဲ့သို့ပင် စကားများမှာပွားများလာခဲ့ရတော့သည်။
ŞİMDİ OKUDUĞUN
SAME LOVE DIFFERENT FEELING (Complete)
Romantizmမင်းဘယ်သူလဲ?မင်းဘယ်မှာမွေးလဲ?မင်းဘယ်ကလာလဲ?မင်းဘယ်ကိုသွားမလဲ?မင်းဘာတွေလုပ်သလဲ?..ငါ ဂရုမစိုက်ဘူး...ငါ့ကိုချစ်တာတခုပဲဂရုစိုက်နေမိတယ်...