အခန်း(၅၈)

372 35 9
                                    

တောင်​​ပေါ်​ဒေသများ၏ရာသီဥတုသည်​ ​မြေပြန့်​​ဒေသများထက်​​တော့​စောစီးစွာ မိုးချုပ်​မြဲဖြစ်​​လေသည်။ ညနက်​ပြီဟု​ပြောရန်​ပင်​​စော​သေးသည့်​အချိန်​ဖြစ်​ပါ​သော်​လဲ တစ်​​လောကလုံးသည်​တိတ်​ဆိတ်​​ကာအ​မှောင်​လွှမ်း​နေပြီဖြစ်​သည်​။ လမ်းမီးများလင်း​နေခဲ့ပြီဖြစ်​သလို မိမိတို့အိမ်​ကြီးအ​ပေါ်မှ လှမ်းကြည့်​လိုက်​ပါလျှင်​ ​မြေနိမ့်​ပိုင်း​နေရာမှ ခြံအလုပ်​သမားတန်းလျားအား ထင်​ရှားစွာမြင်​​တွေ့​နေရပြီး အားလုံး၏အိမ်​တံခါးတို့သည်​ ပိတ်​ထားပြီးဖြစ်​​နေ​လေသည်​။ မိမိတို့အိမ်​ကြီးအ​ပေါ်၌သာ ညစာအတွက်​အချက်​အပြုတ်​တာဝန်​ယူထားသူများရှိ​နေ​သေးပြီး ကျန်​လူများက​တော့တစ်​​နေ့တာလုပ်​ငန်းခွင်​မှအနားယူကုန်​ကြပြီဖြစ်​​လေသည်​။မိမိတို့အဖို့ရာ ​ညစာစားရန်​အတွက်​အလွန်​​စော​နေ​သေးသည့်​အချိန်​ဖြစ်​​သော​ကြောင့်​ အားလုံးလိုလိုအိပ်​ခန်းတွင်းမှာသာရှိ​နေကြ​ပေဦးမည်​။သူတို့​တွေဘာလုပ်​​နေကြလိမ့်​မည်​နည်း....။က​လောသို့​ရောက်​ရှိပြီးသည့်​ ပထမဆုံး​နေ့၏ ပထမဆုံးညအချိန်​ခါမှာ မိမိ၏အိမ်​​နေရာ၊ မိမိ၏က​လေးဘဝအိပ်​ခန်းတွင်း၌ ရှိ​နေ​သော်​လဲ ဝသန်​ အ​နေစိမ်း​နေမိသည်​။ က​လေးဘဝဆိုသည်​ကို ​တွေး​တောစဉ်းစားမိသည်​နှင့်​ ပထမဆုံးခံစားမိသည်​မှာ ​ကြောက်​စိတ်​နှင့်​စိုးထိတ်​မှု့ သာဖြစ်​​နေခဲ့သည်​။ ဒီအ​တောတွင်းမှာ ပိုမိုသန်​မာ​အောင်​ ၊ ကြံ့ခိုင်​​အောင်​ကြိုးစားခဲ့ပါ​သော်​လဲ ငယ်​ဘဝ၏စိုးထိတ်​မှု့ တို့မှာ​တော့ဖြင့်​​သေချိန်​ထိပင်​တွယ်​ကပ်​လိုက်​ပါ​နေဦးမည့်​ ပုံသဏ္ဍန်​မျိုးပင်​။ ထို့အတွက်​ကြောင့်​လဲ ​ရှေးလူကြီးသူမများက ဘဝ၏အမည်းစက်​များကို ပယ်​​ပျောက်​​အောင်​လုပ်​ဖို့ခက်​သည်​ဟု ဆိုကြခြင်းဖြစ်​​ပေမည်​။ မိမိဘဝအတွက်​ မိမိပြုလုပ်​ခဲ့သည့်​အမည်းစက်​ဆိုသည်​မှာ မရှိပါ​သော်​လဲ မိမိ​မွေးဖွားလာခြင်းဆိုသည်​ကပင်​ မိမိဘဝ၏ ကြီးမား​သောအမည်းစက်​ဖြစ်​​နေခဲ့ပုံရ​လေသည်​။ အတိတ်​ကို​မေ့​ပျောက်​ကာကြိုးစား​နေခဲ့ပါ​သော်​ နှစ်​ကာလတို့သည်​ ​မွေးရပ်​​မြေသို့​ခြေချမိသည့်​အချိန်​တညတာပင်​မကုန်​ဆုံး​သေးပါ​သော်​လဲ မိမိအတွက်​​တော့ ထိုးနှက်​မှု့ ကြီးတစ်​ခုဖြစ်​​နေခဲ့သည်​။

SAME LOVE DIFFERENT FEELING    (Complete) Where stories live. Discover now