-အစ်ကို လိုချင်နေတဲ့နယ်ဘက်စာရင်းဖိုင်တွေပါ။
စာရင်းဖိုင်အထပ်လိုက်ကိုစားပွဲပေါ်တင်ကာ ဝဏ္ဏ ပြောလိုက်သည်။ ကွန်ပြူတာရှေ့ထိုင်နေပါသော်လဲ စိတ်ကတော့ထိုနေရာ၌ရှိမနေသည်ကို ရိပ်မိလိုက်သည်။ဇီဇာကြောင်ကာအမြဲလိုလို လိုအပ်ချက်တွေကိုသာထောက်ပြရင်း အလုပ်လုပ်ရသည်မှာအနေကျပ်ရသည်မို့ အလုပ်ဝင်ချိန်မကြာမြင့်သေးသော်လဲ ထိုဒဏ်များကို ဝဏ္ဏ ခံစားနေရပြီးဖြစ်သည်။
သို့သော် ယခုရက်ပိုင်းများတွင် ထူးထူးခြားခြားသဘောကောင်း၍နေသည့်အတွက် စိတ်မအေးမှု့ တော့ဖြစ်နေပေမယ့် ထွေထွေထူးထူးရှိမလာသောကြောင့် အနေချောင်နေသည်မှာတော့ မိမိအပါအဝင်အားလုံးထပ်တူပင်။-ဒေါက်ဒေါက် သူဌေး.. အစည်းအဝေးလေးစကြတော့မလားလို့ မေးပါရစေ ။
ပါးစပ်မှတံခါးခေါက်သံပေး၍ဝင်လာသော သူဌေးမနှင့်သူ၏ secretary ကိုလှည့်ကြည့်လိုက်ကာ ဝဏ္ဏ အပြုံးနှင့်နှုတ်ဆက်လိုက်ပြီး အနောက်ဘက်သို့အတန်ငယ်ဆုတ်၍နေရာပေးလိုက်သည်။ ထုံးစံတိုင်းပင် ဒေါက်ဖိနပ်သံခပ်မှန်မှန်နှင့် ဝဏ္ဏ တို့၏တဦးတည်းသောသူဋ္ဌေးမသည် စေတမန် အနားသို့သွားရောက်ကာ စားပွဲအစပ်နား၌တခြမ်းစောင်းထိုင်လိုက်လေသည်။ စုံလည်ခုံမှာထိုင်နေသော စေတမန် နှင့် ယခုသူမထိုင်လိုက်သည့်အခါ မျက်နှာချင်းဆိုင်ရုံသာမက နှစ်ဦးလုံးမှာ နီးကပ်စွာရှိနေလေသည်။ ယခုကဲ့သို့အနေအထားမျိုးကို မိမိချစ်ရသော ဟေသီ သာမြင်တွေ့ပါလျှင်သေချာပေါက် ဝမ်းနည်းကာတိတ်တခိုးလေးငိုကြွေးနေမည်မှာသေချာပါသည်။ ထို့ပြင် အလုပ်ဝင်ချိန်မှာ ဝဏ္ဏ ထပ်မံ၍သတိထားမိသည်က ရဲရင့်သစ်ထင် ဆိုသည့်သူဋ္ဌေးမ၏လူဖြစ်သည်။ သူဋ္ဌေးမ၏ secretaryဖြစ်ပြီး တစ်ရုံးလုံး၌ အမြဲလိုအပြစ်မလွတ်အဆူခံရသည့်အပင်ပန်းဆုံးလူတစ်ဦးဖြစ်ကာ ဝန်ထမ်းများကြား၌ တီးတိုးပြောဆိုကြသည်များအရ သူဌေးမနှင့် ဘာလိုလိုဟုပင်ဖြစ်လေသည်။ ထိုသို့စကားများကိုအလေးမထားတတ်သော်လဲ ဝဏ္ဏ တခါတလေသတိထားမိသည်မှာ သူဌေးမထံမှပြောင်းလဲခြင်းမရှိသော်လဲ ရဲရင့် ဘက်မှတော့ ပိုမိုသောဆက်ဆံရေးရှိနေသည့်ပုံပေါ်သည်ကတော့သေချာနေခဲ့သည်။ ထို့အပြင် ယခုကဲ့သို့မိမိတို့သူဋ္ဌေးတွေ အတူနီးကပ်စွာရှိချိန်တိုင်းတွင် ရဲရင့် ထံမှညိုးငယ်သွားတတ်သောမျက်နှာထားကို တွေ့မြင်ရတတ်ပြန်သည်။ Co.ltd တခုထဲမှာအလုပ်လုပ်နေသည်ဆိုသော်လဲ သာမန်ထက်ပိုသော သူဋ္ဌေးတို့၏ဆက်ဆံရေးများကို ဟေသီ တယောက်သိမှသိရဲ့လားဟုမဆီမဆိုင်အတွေးဝင်မိသေးသည်။

YOU ARE READING
SAME LOVE DIFFERENT FEELING (Complete)
Romanceမင်းဘယ်သူလဲ?မင်းဘယ်မှာမွေးလဲ?မင်းဘယ်ကလာလဲ?မင်းဘယ်ကိုသွားမလဲ?မင်းဘာတွေလုပ်သလဲ?..ငါ ဂရုမစိုက်ဘူး...ငါ့ကိုချစ်တာတခုပဲဂရုစိုက်နေမိတယ်...