အခန်း(၄၅)

542 48 19
                                    

လှေကားထက်​ခပ်​သွက်​သွက်​ဆင်းလာရင်းမှ လမ်းတဝက်​အ​ရောက်​မှာ​တော့ ​လှေကားထစ်​များကိုလှမ်း​နေ​သော​ခြေလှမ်းများမှာတ​ဖြေး​ဖြေး​နှေးသွားရသည်​။ ဧည့်​ခန်းထက်​မှ ဖုန်း​ပြော​နေသံတစ်​ချို့​ကြောင့်​ ထို​နေရာထံသို့ ​စေ အာရုံစိုက်​နား​ထောင်​လိုက်​မိသည်​။

-လုပ်​ရတာလဲမခက်​တာမျိုး​လေး​ပေါ့ တီချယ်​ကြီး...သမီးကတတ်​လွန်းတာမျိုးမဟုတ်​လို့ပါ။

-..............။

-ဟုတ်​လား...ဟင်း...ဒါဆိုရင်​​တော့အဆင်​မ​ပြေဘူး သမီးဘာလုပ်​ရမလဲဟင်​။

တီချယ်​ကြီးဟုကြားလိုက်​ရ​တော့ သူမဖုန်း​ပြော​နေသည်​မှာ မိမိအ​မေဖြစ်​​နေခဲ့၍လဲ ​စေ ပိုသိချင်​​နေမိသည်​။ သိပ်​မကြာလိုက်​ပဲသူမထံမှ သက်​ပြင်းချသံကြားလိုက်​ရပြီး စိတ်​ပျက်​​သွား​သောအမူအရာမျိုးကို​တွေ့လိုက်​ရပြန်​သည်​။ ထိုသည်​မှာလဲသိပ်​မကြာလိုက်​ပါ ဖုန်း​ပြော​နေရင်းမှ ရှက်​ပြုံးပြုံး​နေကာ​သူမ​ခေါင်းအားဟိုကုတ်​ဒီကုတ်​တချက်​လုပ်​လိုက်​ပြီး ​ပြောလိုက်​​သော သူမစကား​ကြောင့်​ မိမိမှာလဲမျက်​ခုံးတွန့်​လိုက်​မိပြီးမသိလိုက်​ချိန်​မှာပင်​ပြုံးမိသွား​လေသည်​။

-ဟုတ်​....​မေ​မေ...သမီးကြိုးစားကြည့်​ပါ့မယ်

ပြောပြီးလျှင်​​ပြောပြီးချင်းဖုန်းအမြန်​ချလိုက်​၍ ဘာ​ကြောင့်​မှန်းမသိရင်ခုန်​သွား​သောရင်​ဘတ်​​လေးကိုဖိရင်း မုန်း တ​ယောက်​ထဲပြုံး​ရီ​နေမိကာ လက်​နှစ်​ဖက်​နှင့်​မျက်​နှာကိုခဏမျှအုပ်​ထားလိုက်​မိသည်​။ ထို့​နောက်​​မိမိဘာသာ​ချောင်းတချက်​ဟန့်​ရင်း ပြုံးရီ​နေမိ​သောမျက်​နှာကိုတည်​နိုင်​​အောင်​ကြိုးစားလိုက်​​ပေမယ့်​ အနဲငယ်​​တော့ပြုံး​နေမိ​သေးသည်​။အပြုံးတို့ကိုမရပ်​တန့်​​စေပဲ မီးဖို​ချောင်​ဘက်​ထွက်​ခဲ့​သော ​ခြေလှမ်းတို့မှာ သာမန်​ထက်​တက်​ကြွ​နေခဲ့သည်​။

ယောက္ခမကြီးနှင့်​ဖုန်း​ပြောပြီး ဒီ​လောက်​အူမြူးသွား​သော ​ချွေးမမျိုးကို မ​တွေ့ဖူး​သေး၍ ​စေ လှကားထက်​မှာ​ခေါင်းခါရမ်းမိကာ ပြုံး​လိုက်​သည်​။ ​မေ​မေ​ပြောလိုက်​​သောစကားတခွန်း​ကြောင့်​ သူမကိုထိုမျှ​လောက်​​ပျော်​​စေမှန်းသိလိုက်​ရ၍ ​မေ​မေဘာ​ပြောလိုက်​လဲပင်​သိချင်​လာပြန်​သည်​။ ထို့​နောက်​ သူမထံမှ မိမိအ​မေကို ​မေ​မေ ဟုလဲသုံးနှုန်းလိုက်​​သေးသည်​။ ​ချွေးမတ​ယောက်​ ​ယောက္ခမကိုထိုသို့​ခေါ်သည်​မှာ မထူးဆန်းပါ။သို့​ပေမယ့်​ မိမိနှင့်​အဆင်​​ပြေနိုင်​ဖို့အ​ရေး သူမဘက်​မှအရာရာကိုညှိနှိုင်း​နေထိုင်​တတ်​သည်​ကို သိ​နေရပြီး ယခုမိမိသာမက မိသားစုနှင့်​ပါအဆင်​​ပြေ​အောင်​သူမညှိ​နေခဲ့​ပြီ သို့​သော်​မိမိက​တော့သူမမိသားစုအ​ပေါ်​ယောင်​လို့ပင်​ စိတ်​မ​ရောက်​ခဲ့သလို မိသားစုကိုသူမသတိရ​နေမည်​လားဆို​သော အ​တွေးစိုးစဉ်းမျှကိုမ​တွေးခဲ့မိဖူး​သေး​ပေ။ အိမ်​​ထောင်​သည်​တ​ယောက်​အဖြစ်​ခံယူထားသည့်​ သူမစိတ်​ကို​လေးစား​ပေးဖို့​တွေးမိလာချိန်​မှာ​တော့ သူမတ​ယောက်​မှာအိမ်​​ထောင်​သည်​တ​ယောက်​ဖြစ်​ဖို့ငယ်​လွန်းသည်​ဆိုသည့်​ မိမိအ​တွေးကိုသတိရမိသလို ထိုငယ်​ရွယ်​​သေး​သောသူမတ​ယောက်​ မိမိအတွက်​အရာရာဖြည့်​ဆည်း​ပေး​နေချင်​သည်​မှာလဲ ထူးဆန်းမိသည်​ ထို့ပြင်​ထိုအချက်​​ကြောင့်​လဲ မိမိနှလုံးသား​မှာ​နွေး​ထွေးလာရသည်​ဟုခံစားမိပြန်​သည်​။ ထို့​ကြောင့်​လဲ သူမအတွက်​ တခုခုပြန်​လည်​ပြုလုပ်​​ပေးချင်​စိတ်​တို့မှာလဲ အချိန်​နှင့်​အမျှကြီးစိုးလာပြန်​သည်​။ ထို့​ကြောင့်​လဲ..........

SAME LOVE DIFFERENT FEELING    (Complete) Tempat cerita menjadi hidup. Temukan sekarang