သာ တွေးထားသလိုပင် သူငယ်ချင်းနှစ်ယောက်လုံးမှာ သာ့ ကိုမကျေမနပ် ကြည့််နေကြသည်။ အရင်ဆုံး မုန်း မှစ၍..
-ပြော...ဘာလို့..သဘဘောတူရတယ် ဆိုတဲ့အကြောင်း...သေသေချာချာနဲ့ ဖြစ်နိုင်ရင်တော့ စဉ်းစားမယ်..။
-စဉ်းစားရမှာ မဟုတ်ဘူး...ငါကလုပ်မယ်လို့ကို ပြောပြီးသွားပြီ။
သူမအပြောကို ဏီ ကပါ မျက်မှောင်ကြီးကျုံ့ကာ...
-သွားတာမသွားတာထက်...ငါတို့မလိုက်နိုင်ရင် ငါတို့ကားနဲ့သွားဆိုတာတော့ လက်မခံနိုင်ဘူး သာသာ...ငါတို့တစ်ကျောင်းထဲ တက်နေတယ်..မေဂျာ တူနေတယ်.. ဒါတွေအကုန်က တယောက်နဲ့တယောက်မခွဲပဲ ဆက်ရှိချင်နေလို့ မဟုတ်ဘူးလား...။
ဏီ ပြောတာလဲမှန်ပါသည်။ သာ ကိုယ်တိုင် တောင် ဘာပြောမိမှန်းမသိပြောမိသွားခဲ့သည်။ အကယ်၍ ဝသန့် အကို လိုက်ပို့မည်ကို မလိုချင်လျှင် ကိုယ့်ကားနဲ့ကိုယ်သွားရန် ပြောမိခြင်းဖြစ်သည်။ သာ ဘာလို့များ သူငယ်ချင်းနှစ်ယောက်ကို အခုလိုပြောမိမှန်း မိမိကိုယ်တိုင်လဲ စဉ်းစားမရချေ။
-သာ...သာ...ကျွတ်....။
ဘာဆက်ပြောရမည်ပင်မသိ စုတ်သတ်မိတော့လဲ သူတို့မှာ မနေနိုင်ပဲ...
-မုန်း နဲ့ ဏီ ကအပြစ်ပြောနေတာ မဟုတ်ဘူး..သာ..။ သာ ကနောက်နေ့ကစ အတူသွားမယ် ပဲပြောပြီး ဖြစ်နေတာကိုး..
သာ သိထားပြီး အခုလိုဖြစ်နေတဲ့ point က ဘာလဲ.... ။နောက်ဆုံး သာ အတူသွားချင်သည့် ကိစ္စ သာ့ စိတ်ထဲမှာ ဖြစ်ပေါ်လာသော ဝသန့် အပေါ်ထားရှိသည်တွေကို ပြောပြမိလိုက်သည်။
-အလောက်ထိ ရှုတ်ထွေးခဲ့မယ်လို့ မထင်မိတာတော့ အမှန်ပဲ သာ...ရယ်။
-ဟုတ်တယ်.. သာ..ရောပဲ အတာကြောင့်ပဲ ထင်တယ် အဲ့ဒီ့ ခဏလေးမှာ သာတို့နဲ့ အတူတူ ဝသန့်ကို ရှိနေစေချင်မိတယ်။
မုန်း နဲ့ ဏီ့ ကိုမတိုင်ပင်မိတာတော့ သာ တောင်းပန်တယ်နော်...။-အစထဲက အလိုပါလို့ပြောရမှာပေါ့ သာရဲ့... ငါတို့က နင်လုပ်ချင်တာကို ဘယ်တုန်းက ဖျက်ဖူးလဲ...။
-ဟိဟိ...သာ...စိုးရိမ်လို့ပါ..ဏီ က ဝသန့် အစ်ကို ကို ကြည့်မရဘူးလေ..၊ မုန်း..ကလဲ ကိုစေတမန် နဲ့မတည့်ဘူး မဟုတ်လား...။
ESTÁS LEYENDO
SAME LOVE DIFFERENT FEELING (Complete)
Romanceမင်းဘယ်သူလဲ?မင်းဘယ်မှာမွေးလဲ?မင်းဘယ်ကလာလဲ?မင်းဘယ်ကိုသွားမလဲ?မင်းဘာတွေလုပ်သလဲ?..ငါ ဂရုမစိုက်ဘူး...ငါ့ကိုချစ်တာတခုပဲဂရုစိုက်နေမိတယ်...