အခန်း(၂၆)

695 58 4
                                    

ကျောင်း​တော်​ကြီး၏ ​နေရာအနှံ့ မှာ လူများပြားပန်းခတ်​ များပြား​နေပြီး အားလုံးမျက်​နှာထက်​မှာ အပြုံးများနှင့်​ သက်​ရွယ်​အစုံ စု​ဝေး​နေကြသည်​။ မမြင်​မ​တွေ့ဖူးသည့်​ ဆရာ၊ ဆရာမများစွာလဲ ရှိ​နေကြပြီး အားလုံးက ပြုံး​ပျော်​​နေသည်​ကို မြင်​​တွေ့​နေရသည်​။ မိမိတို့လို တက်​​ရောက်​ဆဲ ​ကျောင်းသားများက​တော့ ကိုယ့်​ class တွင်း၌သာ ရှိ​နေကြရပြီး ​ငေး​မျှော်​ကြည့်​​နေရသည်​။ အတန်းချိန်​တချို့ကို ဖျက်​​ပေးထား၍ တချို့မှာ ​ကျောင်းဝန်းထဲရှိမ​နေကြပဲ ကန်​တင်းသွားသူက သွားသည်​၊ ​ကျောင်းတွင်းမှ လစ်​ထွက်​သွားသူများလဲ ရှိသည်​။ သို့​သော်​လဲ ဏီ အပါအဝင်​ သူငယ်​ချင်းသုံး​ယောက်​လုံးမှာ ​ကျောင်းထဲမှာသာ ရှိ​နေခဲ့ကြပြီး classတွင်းမှ​နေကာ ကြီးကျယ်​စွာကျင်းပ​နေ​သော နှစ်​​ဟောင်း​ကျောင်းသားများရဲ့ ဆရာကန်​​တော့ပွဲကို ကြည့်​​နေမိကြသည်​။

အတန်းများနား​ပေးထား၍ ဝသန်​ ပါ သာသာ့ နားသို့​ရောက်​လာကာ ​လေးဦးသား ပြတင်း​ပေါက်​​ဘေးနားမှ ကြည့်​​နေမိကြခြင်းဖြစ်​သည်​။ အပြင်​မထွက်​​သော ​ကျောင်းသားတချို့လဲ ရှိ​နေကြပြီး တီးတိုး​ပြောသံများနှင့်​ ကြည့်​ရှု့ ​နေကြခြင်းသာဖြစ်​သည်​။ ​ကျောင်း​ပေါင်းစုံပွဲများတွင်​ အ​စောပိုင်းနှစ်​​တွေ၏ နာမည်​ကြီးမှု့ ကို အစက​တော့ မယုံချင်​​ပေမယ့်​လဲ ယခုကဲ့သို့ ​ကျောင်းသား​ဟောင်း​တွေ့ဆုံပွဲကို မျက်​စိ​ရှေ့တပ်​အပ်​မြင်​ရ​တော့မှ လက်​ခံမိကြကာ ​ခေါင်းတညိတ်​ညိတ်​သာ ဖြစ်​​နေမိသည်​။ ​ကျောင်းသား​ဟောင်းအားလုံးသည်​ မိမိတို့​ကျောင်း၏ uniform ကိုသာ ဝတ်​ဆင်​ထားကြပြီး ၊major အလိုက်​ရင်​ထိုး​လေးများကို​တော့ တပ်​ဆင်​ထားကြသည်​။ uniform နှင့်​ဖြစ်​​နေကြ​သော်​လည်း သူတို့ ၊သူမတို့၏ ခန့်​ညားမှု့ ၊ ​ချော​မောမှု့ များကို​တော့ ဖုံးကွယ်​မသွား ကြ​ပေ။ တက်​​ရောက်​လာသူ အားလုံးနီးပါးသည်​ တမျိုးမဟုတ်​တမျိုးနှင့်​ ​ချော​မော​နေကြသည်​သာ။

ထိုသို့လူအများထဲကမှ ဏီ မြင်​​နေမိသည်​က ဝပ်​​ရှော့ဆရာ ..ပုဆိုး နှင့်​ ရှပ်​အင်္ကျီလက်​ရှည်​ကို ဝတ်​ဆင်​ထားပြီး ​​သေသပ်​ခန့်​ညား​နေသည်​။ လွတ်​လပ်​စွာ ပြုံးရီ​နေသည့်​ သူ့အပြုံးများကို ​ငေးကြည့်​မိ​နေသလို မျက်​စိထဲက​နေမထွက်​။ အမျိုးသား များကနှုတ်​ဆက်​လိုက်​ အမျိုးသမီးများက နှုတ်​ဆက်​လိုက်​နှင့်​ အားပါးတရရီ​မော ​နေကြရုံသာမက လက်​တွဲ သူကတွဲနှင့်​ majorကျူတာ​ပေါက်​စကလဲ အမြဲအနားမှာကပ်​​နေပြန်​သည်​။ မသိလျှင်​ ဆရာကန်​​တော့ပွဲလား မင်္ဂလာပွဲလုပ်​​နေသည်​လားပင်​မသိ ဏီ့ ဘာသာပင်​မသိလိုက်​ပဲ နှုတ်​ခမ်းကိုကိုက်​ထား​နေမိ​လေသည်​။ထို့​နောက်​ကြည့်​​နေရာမှ ထပ်​မကြည့်​​တော့ပဲ desk မှာ ပါးအပ်​ကာ​ဘေးတ​စောင်းအ​နေအထားတိုင်း ​နေ​နေမိသည်​။ ဝပ်​​ရှော့ဆရာ
လူအများကြားထဲမှာ ထင်​​ပေါ်​နေတာကိုမကြိုက်​စိတ်​မျိုး ဝင်​​နေမိပြန်​သည်​။  ဏီ ဘာ​တွေဖြစ်​​နေသလဲ စဉ်းစား​တွေးကြည့်​လို့ပင်​မရ​တော့ သက်​ပြင်း​မောကြီးကာ ချကာမျက်​လုံးကိုပိတ်​ပစ်​လိုက်​သည်​။ မျက်​စိ​ရှေ့မှာ ​တွေ့​နေရ​သော
သာသာ နှင်​ဝသန်​ မှာလဲ တ​ယောက်​လက်​ကိုတ​ယောက်​ ဆုပ်​ကိုင်​ထားကြကာ ​ခေါင်းငုံ့၍ တီးတိုးစကား ​ပြောဆို၍ ကြည်​နူး​နေကြသည်​ကို ခဏမျှ​တော့ ကြည့်​​နေမိပမဲ့ ​နောက်​ထပ်​ဆက်​ကြည့်​​နေဖို့အင်​အားပင်​မရှိ​တော့​ချေ။

SAME LOVE DIFFERENT FEELING    (Complete) Donde viven las historias. Descúbrelo ahora