အခန်း(၇၉)

360 27 0
                                    

-ဘာလို့လဲ..ဘာလို့လဲ..ဘယ်​အချိန်​ကစပြီး ခုလိုဖြစ်​​နေတာလဲ ​မေ​မေ...သမီးကို ဘာလို့မ​ပြောပြရတာလဲ...

နေ့စဉ်​ပြောင်းလဲမှု့ မရှိ ​ကျောင်းသွားသည်​ ၊ချစ်​ရသူနှင့်​​အတူ​နေ့ရက်​များကိုဖြတ်​သန်း​နေမိခဲ့ပြီး အစ်​ကိုဖြစ်​သူ၏
ကျန်းမာ​ရေးအား ပိုမိုတိုးတက်​​ကောင်းမွန်​လာသည်​ဟုသာ ထင်​မှတ်​ထားမိခဲ့သည်​။ မိမိအား​နေ့စဉ်​အပြုံးများနှင့်​ ကြိုဆိုနှုတ်​ဆက်​​နေခဲ့၍ ရင်​ထဲမှစိုးရိမ်​​နေခဲ့ရသည့်​အပူတို့မှာ ငြိမ်း​နေခဲ့ရသည်​။ ယခု​တော့ မိမိ​တွေးထင်​ထားသကဲ့သို့ဖြစ်​မလာခဲ့ပြန်​​ချေ။ ​ကျောင်းပိတ်​ရက်​ဖြစ်​သည့်​အတွက်​ မနက်​စာစားပွဲဝိုင်းသို့ ​နောက်​ကျမှဆင်းလာခဲ့မိပြီး ယခင်​ကဲ့သို့​စော​စောသာ​ကျောင်းသွားခဲ့ရမည်​ဆိုခဲ့လျှင်​ မိမိအစ်​ကို၏အ​ခြေအ​နေအမှန်​အားသိနိုင်​မည်​မဟုတ်​သလို မည်​သည့်​အချိန်​ကြာသည်​အထိ​မေ​မေနှင့်​အတူ ဖုံးကွယ်​ထားကြမည်​နည်းဟု ရင်​နာစွာ​တွေးလိုက်​မိသည်​။ ယခုမှ​ရှောင်​လွှဲမရ​တော့သည့်​အတွက်​ အ​ခြေအ​နေအမှန်​အား​ပြောပြရင်း ​မေ​မေငို​ကြွေး​နေခဲ့သလို မိမိဘဝ၏ခိုလှုံ​နေခဲ့ရသည့်​ ​နွေး​ထွေးလှသည့်​အရိပ်​အားဖန်​တီး​ပေး​နေသည့်​ အစ်​ကိုဖြစ်​သူအား ဆုံးရှုံးရ​တော့မည်​ကိုထပ်​မံ၍​သေချာသွားခဲ့ပြီဖြစ်​​လေသည်​။ မနက်​စာစားပွဲဝိုင်းမှာလဲတိတ်​ဆိတ်​ကာ​နေခဲ့ပြီး စားပွဲ​ပေါ်သို့လက်​​ထောက်​ကာနာကျင်​မှု့ အားခံစား​နေရသည့်​ အစ်​ကိုဖြစ်​သူအားကြည့်​ရင်းပင်​ ဝသန်​..မျက်​ရည်​များကျလာခဲ့ရသည်​။

-ဒါ​ကြောင့်​​ရှေ့ရက်​​တွေက ပိုင်​ဆိုင်​မှု့ ကိုလွှဲ​ပေး​နေခဲ့တာလား ကိုကို....

ဝသန်​... ​မေးလိုက်​ပါ​သော်​လဲ နာကျင်​မှု့ ဒဏ်​အားကျိတ်​မှိတ်​ခံစား​နေရသည့်​ အစ်​ကိုဖြစ်​သူမှာမ​ဖြေကြားနိုင်​ပါ။ ကျဆင်း​နေသည့်​မျက်​ရည်​များအား ခပ်​သွက်​သွက်​​သုတ်​လိုက်​ကာ နှုတ်​ခမ်းအားပြတ်​ထွက်​မတတ်​ကိုက်​ထားလိုက်​မိပြီး ရင်​တွင်းခံစားမှု့ များ​ကြောင့်​ တုန်​ရီကွဲရှ​နေပြီဖြစ်​​သော အသံတို့မှာရှိုက်​သံကို​တော့ဖြင့်​မဖုံးကွယ်​နိုင်​ပါပဲ...

SAME LOVE DIFFERENT FEELING    (Complete) Where stories live. Discover now