လေနုအေးလေး၏ တချက်ပင့်အတိုက်ကြောင့် ဏီ..အိပ်နေရာမှ စောင်လေးဆွဲခြုံကာ တဖက်သို့အသာ လူးလွန့်လိုက်ပြီး မျက်လုံးများကို ဖြေးညှင်းစွာဖွင့်လိုက်ကာ ph:မှ နာရီကြည့်လိုက်မိသည်။မနက်ခင်းအချိန်မို့ မထချင်သေးသော်လဲ ထရမည်ဟု တွေးလိုက်ပြီးယခုရောက်နေသည်မှာလဲ မိမိအိမ်မဟုတ်သောကြောင့်လဲပါသည်။ ထို့နောက်အပျင်းကြောဆန့်ရင်း တဖက်သို့ပြန်အလှည့် မိမိမျက်လုံးရှေ့မှ မြင်တွေ့လိုက်သည်ကို မယုံကြည်နိုင်စွာ မျက်တောင်ခတ်ကာ တခဏမျှကြောင်နေမိပြီးနောက် အိပ်ယာထက်မှ ဝုန်းဒိုင်းကြဲကာ ကုန်းရုန်းထရန်ပြင်လိုက်သည်။ အိပ်ယာထက် မိမိဘေးမှ လက်ထောက်ကာလှဲနေရင်း မိမိအားအပြုံးများနှင့်ကြည့်နေသော မိမိချစ်ရသူ.. ဘယ်အချိန်ကရောက်နေ၍ ဘယ်အချိန်ကပင် ကြည့်နေသလဲ မသိရပဲ မျက်ဝန်းနှင့် နှုတ်ခမ်းတို့မှာ ကျေနပ်မှု့ အပြုံးများ တည်ရှိနေကာ အလျင်စလို အိပ်ယာထရန်ပြင်နေသည့် မိမိအား ပခုံးထက်သို့လက်တင်၍ အသာဖိချလိုက်ပြီး ဏီ့..ပါးပြင်ထက်သို့ လက်တဖက်ရောက်လာကာ ပါးပြင်အားအသာပွတ်သတ်ရင်း ပါးအားဆွဲလိမ်သည် ထို့နောက်ခပ်ပြုံးပြုံး နှင့်ပင် နဖူးထက်သို့ အနမ်းခြွေလိုက်ပြီး....
-အိပ်နေတာ ကလေးလေး လိုပဲ ချစ်စရာအရမ်းကောင်းတယ်။
-ရှဲလ်..ဘယ်ချိန်က ရောက်နေတာလဲ... ။
-ညထဲက...။
-အင်........။
ဏီ့ ထံမှအံ့သြမှု့ အသံနှင့်အတူ ရှက်သလိုဖြစ်သွားသောအမူအရာကြောင့် ရှဲလ် ထံမှရီသံထွက်လာကာ...
-ညထဲက ကိုယ့်ကိုအတင်းဖက်အိပ်နေတဲ့ ဟမ်းကြောင့် ပြန်ဖက်ထားပြီး အိပ်ပျော်သွားတာ... ရင်ခွင်ထဲ အတင်းတိုးဝင်နေတာ ဘယ်သူ......။
ရှဲလ် စကားကို အဆုံးထိမပြောစေပဲ ရေချိုးခန်းထဲအမြန်ပြေးဝင်လိုက်ကာ သက်ပြင်းချ၍မှန်ထဲမှ မိမိမျက်နှာကိုကြည့်ရင်း ပြုံးမိသည်။ မနေ့ညက ရှဲလ်..အနံ့ရတယ် ပို၍ပင် နွေးထွေးမှု့ ပိုရသည်ဟုတွေးမိကာ စောင်ကိုတင်းတင်းကျပ်ကျပ်ခြုံထားကာဖက်ထားသည် ထင်နေခဲ့မိသည် မဟုတ်ပါလား..။
![](https://img.wattpad.com/cover/126847624-288-k298102.jpg)
YOU ARE READING
SAME LOVE DIFFERENT FEELING (Complete)
Romanceမင်းဘယ်သူလဲ?မင်းဘယ်မှာမွေးလဲ?မင်းဘယ်ကလာလဲ?မင်းဘယ်ကိုသွားမလဲ?မင်းဘာတွေလုပ်သလဲ?..ငါ ဂရုမစိုက်ဘူး...ငါ့ကိုချစ်တာတခုပဲဂရုစိုက်နေမိတယ်...