အခန်း(၃၃)

564 58 6
                                    

ကုတင်​ထက်​မှလူကို​သေချာမြင်​မိသည့်​ အချိန်​မှ မုန်း သက်​ပြင်း​မောကြီးကိုချမိကာ ​စော​စောက ထိတ်​လန့်​​နေမိသည်​မှာ.တည်​ငြိမ်​လာရသည်​။ ဘယ်​လိုမျိုးအ​ခြေအ​နေထိမူးမိ၍ ခုလိုဖြစ်​​နေသည်​မသိ​သော်​လဲ တခြားတစ်​စုံတစ်​​ယောက်​မဟုတ်​ပဲ မိမိနှစ်​သက်​သူ ဖြစ်​​နေ၍ ​ပျော်​ရမလို ၊ ငိုရမလို အ​နေအထားဖြစ်​​နေရပြီး ​ဘေးမှာရပ်​ကြည့်​​နေ​သော သာသာ နှင့်​ ဏီ့ ကို​မော့ကြည့်​မိ​တော့ ထိတ်​လန့်​ခြင်းထက်​ မသိသာလှ​သော အပြုံးတချို့​ကို မြင်​​တွေ့လိုက်​ရသည်​။

-ဟို..သာ တို့နှစ်​​ယောက်​ အပြင်​မှာ ရှိ​နေမယ်​​နော်​...မုန်း..။

သာသာ မှာ မမြင်​သင့်​သည်​ကိုမြင်​​တွေ့လိုက်​ရ၍ အားနာသလိုပြုမူပြီး အခန်းပြင်​ထွက်​လာကြကာ အခန်းပြင်​​ရောက်​သည်​နှင့်ီ နှင့်​ လက်​ဝါးချင်းရိုက်​ကာ အသံတိတ်​အားရပါးရရီလိုက်​မိကြသည်​။ "လူကြံ ထရံ ဒုတ်​ခ​နောင်းဖြစ်​"
ဆိုသကဲ့သို့ မိမိတို့ အကြံအစည်​​အောင်​မြင်​မှု့ ကို ​အောင်​ပွဲခံရ​ပေ ဦးမည်​။ယခု​တော့ မသိသလိုနှင့်​ မိမိတို့ အခန်းစီသာ ပြန်​လာလိုက်​ကြသည်​။

မိမိကို နားမလည်​သလို ကြည့်​​နေ​သော နတ်​ဆိုးကို မုန်း ကြည့်​​နေမိကာ ဘယ်​က​နေစကားစရမည်​မသိ ဖြစ်​မိသည်​။ အခန်းတစ်​ခုတွင်းမှာ မိန်းက​လေး တ​ယောက်​နှင့်​ ယခုလိုအ​ခြေအ​နေ​တွေ့မြင်​ရလျှင်​ တစ်​ခြား​သော ​ယောက်ျား
များ အဘယ်​သို့​သော စကားကို ဆိုမည်​နည်း...​တွေးမိ​နေပြီး မိမိကိုကြည့်​မြဲကြည့်​​နေ​သော ကို​စေ ထံမှ စကားတခွန်းကို ​စောင့်​​နေမိသည်​။ အချိန်​အ​တော်​ကြာသည်​အထိ ဘာစကားမှမဆိုသည်​မို့ မုန်း  အသက်​ပြင်းပြင်းရှုလိုက်​ပြီး..

-ကို​စေ...ဘာမှမ​ပြောချင်​လို့မ​ပြောဘူးပဲ ရှိ​စေ​တော့မယ်​...မုန်းလဲ ဘာမှမဖြစ်​သလို ၊ ကို​စေလဲ ဘာမှမဖြစ်​ဘူး.. ။

ဘာ​ပြောရမှန်းမသိ ​ပြောပြီးဟိုတယ်​ အခန်းထဲမှတံခါးဖွင့်​အထွက်​ မိမိ​နောက်​မှလိုက်​လာ​သော်​လဲ ဘာမှမ​ပြော တားပင်​မတားသည့်​ မိမိချစ်​မိသူကို စိတ်​ဆိုးချင်​​ပေမယ့်​ စိတ်​ဆိုးမရ​.. စိတ်​ပျက်​စွာ အလိုမကျစွာ နှုတ်​ခမ်းကိုက်​မိပြီး မိမိကိုယ်​ကိုသာ အားတင်းကာ မျက်​ရည်​မကျမိ​စေရန်​ထိန်းရင်း ​ခြေလှမ်းမှန်​မှန်​နှင့်​ ထွက်​လာခဲ့လိုက်​သည်​။ သို့​သော်​လဲ မိမိမသိလိုက်​သည့်​ မျက်​လုံးတို့သည်​ မိမိကို ကြည့်​ရင်း မှတ်​တမ်းတခုကဲ့သို့.........။

SAME LOVE DIFFERENT FEELING    (Complete) حيث تعيش القصص. اكتشف الآن