အခန်း(၄၈)

572 63 19
                                    

အ​ပြေး​လေးတစ်​ပိုင်းနှင့်​ လိုက်​သွား​သောသူငယ်​ချင်းဖြစ်​သူကိုကြည့်​ရင်း အမှူး တ​ယောက်​ထဲရပ်​​နေမိကာအ​တွေးတချို့တို့​ပေါ်​ပေါက်​လာရသည်​။အချစ်​ဆိုသည်​ကို​ပေါ့..
အချစ်​...အမျိုးအမည်​ခွဲခြားမရသလို ပုံ​ဖော်​၍မရ​သောအချစ်​ ၊ထိုအချစ်​ဆိုသည်​ကိုနစ်​မြုပ်​​နေ​သောလူသားတိုင်းမှာ ပုံစံတူထုဆစ်​ထားသည့်​အရုပ်​​လေးများအသွင်​​ခေါ်​ဆောင်​ရာသို့ လိုက်​ပါစီး​မြော​နေကြရသည့်​အဖြစ်​၊ မိမိထိန်းချုပ်​မှု့ ​အောက်​မှာဟုထင်​​ယောင်​ထင်​မှားပုံမှားရိုက်​ခံရကာ တကယ်​တမ်းမိမိမှာထိန်းချုပ်​ခံ​ဘဝကို​ရောက်​​နေရသည့်​အဖြစ်​၊ ထိုကဲ့သို့ထိန်းချုပ်​မှု့ ​အောက်​မှာ အချစ်​၏အမိန့်​အာဏာကိုမလွန်​ဆန်​နိုင်​ကြပါပဲ သိသိလျှက်​နှင့်​​ရှေ့တိုးမြဲတိုး​နေ​ကြရကာ ရုန်းမထွက်​နိုင်​​အောင်​ရစ်​တွယ်​တတ်​သည့်​အချစ်​။ ထိုသို့​သော အချစ်​တို့သည်​ပြည့်​လျှံ​နေချိန်​မှာ သာယာဖွယ်​အတိဆိုနိုင်​​ပေမယ့်​.. အမြဲထာဝစဉ်​မပြည့်​လျှံနိုင်​ချိန်​မှာ ထိုအချစ်​ဆိုသည်​ကြီးက အဘယ်​သို့အသွင်​​ပြောင်းလဲသွားမည်​နည်း။

ရေတို့မည်​သည်​ပင်​​ရေအိုးထဲမှပြည့်​လျှံချိန်​ရှိကြစမြဲ၊​​လျှံကျ​ကာ​သွားကြစမြဲပင်​။ထိုသို့အချိန်​ သစ်​ပင်​​လေးများထက်​သို့လျှံကျခဲ့​သောအခါ အပင်​​လေးတို့၏စိမ်းလန်းစိုပြည်​ခြင်းတွက်​အကျိုးပြု​သေး၍ ချီးကျူးခံကြရ​ပေလိမ့်​မည်​။ထို့အတူ​ရေဆိုး​မြောင်းထဲသို့ကျ​ရောက်​ခဲ့​သောအခါ အကျိုးပြုခြင်းမရှိနှာ​ခေါင်းပင်​ရှုံ့ ကြ​ပေလိမ့်​မည်​။သို့ဆိုပါလျှင်​အချစ်​ဆိုသည်​​မှာ​လဲ ပြည့်​စုံလွန်​ပြီးလျှံကျခဲ့မည်​ဆိုလျှင်​...မည်​သို့သတ်​မှတ်​ကြမည်​နည်း။ မပြည့်​​သောအချစ်​အိုးတို့တွက်​ ကြိုးစား၍ထပ်​ကာတလဲလဲအချစ်​အိုး​လေးပြည့်​​စေရန်​ဖြည့်​တင်း​နေကြသူများအဖို့ အချစ်​ဆိုသည့်​အရာအားလုံးသည်​နူးညံ့ကြည်​နူးဖွယ်​ဟုဆိုကြလိမ့်​မည်​။ ထိုအခါလိုအပ်​ချက်​မရှိ ပြည့်​တင်း​နေပါ​သောအချစ်​အိုး​လေးတို့အတွက်​ မည်​သည်​ကိုကြိုးစားကာ မည်​သည်​ကိုထပ်​မံ၍ပြည့်​​အောင်​ဖြည့်​ကြရမည်​နည်း။ထိုသည်​မှာအ​ဖြေရှာရန်​အတွက်​လိုအပ်​ချက်​ဖြစ်​လာ​ပေဦးမည်​။

SAME LOVE DIFFERENT FEELING    (Complete) Donde viven las historias. Descúbrelo ahora