အခန်း(၂)(p.2)

55 6 0
                                    

မနက်ခင်း ဝေလီဝေလင်းချိန်ဆိုသည်မှာ သူ့တွက်တော့ လှပသော ပန်းချီကားချပ်တစ်ခုပင်။
တစ်နေ့တာလုံး၏  လုပ်ငန်းများမှ ကင်းလွတ်ချိန်၊ စိတ်၏ အားလပ်ချိန် ..ထိုအချိန်အခါလေးကို သူ နှစ်သက်မြတ်နိုးသည်။ ဝရန်တာ ထက်မှာရပ်ရင်း အိမ်တွင်းလိုအပ်မည် များကိုကြည့်နေမိသည်။
မိမိဘဝမှာ  ညီမလေး နှင့် မေမေလေး ကအခရာ အစစအရာရာ မိမိအပေါ်မှာ အားကိုးနေရသူများဖြစ်သောကြောင့်
သူတို့ စိတ်ပျက်စေမှာ ၊စိုးရိမ်ကြောင့်ကြမှု့မရှိ နေနိုင်ဖို့က မိမိတာဝန်။
တချိန်က မိမိ၏ ဖခင် မစောင့်ရှောက်နိုင်ခဲ့ပမဲ့ မိမိကတော့ ကတိတည်ကာ စောင့်ရှောက်ပေးမည်။ လိုအပ်ချက်မရှိစေရန် ဖြည့်ဆည်းပေးမည်။ဖေဖေ့၏ အပြစ်ကြွေးများကို မိမိဤသို့နည်းဖြင့်သော်၎င်း ကျေစေချင်သည်။

လည်ပင်းထက်မှာ လှပကျော့ရှင်းစွာ၊ နေရာယူဝင့်ကြွားစွာ တည်ရှိနေသော နဂါးပုံ ကျောက်စိမ်းလည်စွဲ၊ နဂါးကိုယ်ထည်တခုလုံးကိုကျောက်စိမ်းနှင့်ပြုလုပ်ထားကာ မျက်လုံးတစ်ခုချင်း၊မျက်စံတစ်ခုချင်းစီမှာတော့ စိန်တုံးနှင့်ဖြည့်စွက်ထားသည်။ နဂါးမြှီးအောက်နားတလျှောက်ကို စိန်စီထားပြန်ကာ သေးငယ်လှပသော နဂါးရုပ် လည်စွဲ ဖြစ်ပါသော်လဲ ကာရက်ပေါင်းများစွာ ပါဝင်ထားခြင်းက လူတယောက်ဖို့ ဘာမှမလုပ်ပဲ ထိုင်စားရုံနှင့်တောင် သုံးမကုန်နိုင်ပေ။
ထိုသို့ မိသားစုအမွေပိုင် ဆိုသည်မှာ စောင့်ရှောက် ရသူများဖို့ ဝန်ထုပ်ဝန်ပိုး ဖြစ်စေတာတော့အမှန်ပင်။
မိမိ အတွက်တော့ ပြသနာသိပ်မရှိလှ၊ ဘယ်လို လူမျိုးကို နှောင့်ယှက်ရန် လွှတ်လွှတ် မမှု့ပေ။ အမွေပိုင် ပစ္စည်း ထိန်းသိမ်းထားသည့် အရွယ်ရောက်ရှိပြီး ကိုယ်ပိုင်ပစ္စည်း ဖြစ်နေပြီမို့ မိမိစီက လုယူနိုင်ခဲ့လျှင်လဲ တရားရင်ဆိုင်ရမှာ သေချာသည် ထိုအရာကပင် လှုပ်ရှားရန် ဝန်လေးနေကြမည်။
ညီမလေး တွက်တော့ ကြိုတင်မှန်းဆမရနိုင်သည့် အန္တရာယ်က နေရာ တိုင်းမှာ ရှိနေနိုင်မည်။
ပုံစံထုဆစ်ပုံခြင်းမတူသော်လဲ ညီမလေးစောင့်ရှောက်နေရသော လည်စွဲမှာလဲ ထို့အတူပင် မြေခွေးတစ်ကောင်၏ပုံစံ ဖြစ်ပြီး မျက်လုံး၊မျက်စံများကိုစိန်တုံးဖြစ်စေကာ အမြှီးကိုးချောင်းကို စိန်စီထားပြန်သည် ။ခန္ဓာကိုယ်ထည်ကတော့ ကျောက်စိမ်းနှင့်ပြုလုပ်ထားပြီး ရုတ်တရက်ဆိုလျှင် ပန်းပွင့်ဟု ထင်မှတ်ရသော်လဲ ထိုမြေခွေးမှာ ကာရက်ပေါင်းများစွာ ပါဝင်နေသည်။
သိပ်မလိုတော့သော အချိန်တစ်ခုမှာ ပြီးတော့မဲ့ ထိုအရာတွေတွက် ယခုချိန်မှာ သတိဝီရိယ ပိုထားသည်မှာ မမှားနိုင်။အတွေးနှင့်အတူ မနက်ခင်းလေကို အဝရှုရှိုက်ကာ မှုတ်ထုတ်လိုက်သည်။ အတော်အသင့် အတားအစီးတွေက မိမိ၏ အိမ်နှင့် ညီမလေးကို ကာကွယ် နိုင်ပါလိမ့်မည်။

SAME LOVE DIFFERENT FEELING    (Complete) Where stories live. Discover now