အခန်း(၅)

824 58 0
                                    


    မုန်း  shopping mall ထဲမှ ခပ်​သုတ်​သုတ်​ပြန်​ထွက်​လာကာ  လက်​ထဲမှာ​တော့ ပစ္စည်းထုတ်​များနှင့်​ ပြည့်​​နေသည်​။ပခုံးထက်​က handbag အိတ်​ထဲမှ ph ​ခေါ်သံ ကလဲ တချက်​က​လေးမှ ရပ်​မသွား​သေး။ အိမ်​မှ​ခေါ်​နေတာ ဆိုရင်​​တောင်​ မုန်း ph ကိုင်​ဖို့စိတ်​ကူးရှိမည်​မဟုတ်​​ပေ။ခု​တော့ ​ခေါ်​နေသူမှာ သာသာ ဖြစ်​​နေနိုင်​သည်​မို့ ph ကိုင်​ရန်​သာ စိတ်​က​ရောက်​​နေမိသည်​။ Elevators ထဲသို့ မဝင်​ခင်​ ph ကိုင်​ချင်​သည်​မို့ လက်​ထဲမှ အထုတ်​များကို လက်​တဖက်​ထဲစုကိုင်​လိုက်​ပြီး ​သောက်​လက်​စ ice-coffee ကို ပါးစပ်​ဖျားမှာ ကိုက်​လိုက်​ကာ handbag ထဲမှ ph ကိုအလျင်​အမြန်​ပင်​ ထုတ်​ယူရန်​ကြိုးစားလိုက်​သည်​။

-အင့်​.....အ​မေ့...

ကိုယ့်​ကိစ္စနှင့်​ကိုယ်​ ရှုပ်​​နေသည်​မို့ ​ရှေ့​ဘေးဘီ ဝဲယာကို လဲ မကြည့်​လိုက်​မိ။ ခု​တော့ တစ်​စုံတစ်​​ယောက်​နှင့်​ ထိပ်​တိုက်​ဝင်​တိုက်​မိသည်​ကို​တော့ သိလိုက်​သည်​။လက်​ထဲတွင်​ကိုင်​ထား​သော အထုပ်​ များလဲ ပြုတ်​ကျကာ အရှိန်​နှင့်​တိုက်​မိသည်​မို့ ပါးစပ်​ဖျားတွင်​ကိုက်​ထား​သော coffeeခွက်​လဲ ပြုတ်​ကျ သွား​တော့သည်​။ တိုက်​မိသူကို ​မော့မကြည့်​မိ​သေးပဲ
Ph ကို အရင်​ထုတ်​လိုက်​ပြီး....

-သာ...ခန​နေမှ ငါ ပြန်​​ခေါ်မယ်​​နော်​...ခန​လေး...

မုန်း ထင်​သည့်​အတိုင်း သာသာ ဆက်​​နေတာ ဖြစ်​​နေသည်​မို့ စကား​ပြောဖို့ထက်​ ခု ကိုယ့်​ကိစ္စက ပိုအ​ရေးကြီး​နေပြီ​လေ..။ ​အောက်​ပြုတ်​ကျသွား​သော အထုပ်​ များကို ​ကောက်​လိုက်​ရင်း...​မော့မကြည့်​မိ​သေးပဲ...

-sorry ပါရှင်​...ကျွန်​မ မ​တွေ့လိုက်​လို့ပါ...။

-​တောက်​...မင်း မှာ မျက်​စိ  မပါဘူးလား....

မိမိက​တောင်းပန်​လိုက်​​သော်​လဲ ရပါတယ်​ စကားမျိုးထွက်​မလာ သည့်​ အပြင်​ ​တောက်​​ခေါက်​သံပါ ကြားလိုက်​ရသည်​မို့ စိတ်​ထဲမှာ ​ထောင်းခနဲ ပင်​ ​ဒေါသ ထွက်​သွား​တော့သည်​။ ​ဒေါသနှင့်​​ပြောဆိုရန်​ ​မော့အကြည့်​...မိမိထက်​ အရပ်​ရှည်​မြင့်​မားကာ ​သေ​သေရပ်​ရပ်​ ဝတ်​ဆင်​ထား​သော ထိုလူ၏ အဖြူ​ရောင်​ shirt အင်္ကျီ မှာ သူမ၏ coffeeများ စွန်းထင်း​နေ​လေသည်​။ တစ်​ချက်​​တော့ အားနာသလို စိတ်​မျိုး ဖြစ်​မိသွားကာ ထပ်​​တောင်းပန်​ရန်​ အလုပ်​...

SAME LOVE DIFFERENT FEELING    (Complete) Onde histórias criam vida. Descubra agora