သူတို့ မျက်စိရှေ့သို့ လျှင်မြန်သွာ ရောက်ရှိလာသည့် ကားကို ကြည့်နေမိကြသည်မို့ ကားပေါ်မှ ဆင်းလာသော
စိုင်းသော်ဇေရိန် ကို မြင်သည်နှင့် ဏီ့ မျက်ခုံးများကို ကျုံ့ထားမိကာ စိတ်ထဲမှာလဲ မအီမသာ ကြီးဖြစ်လာတော့သည်။
သာသာ နှင့် မုန်း ကို လှည့်ကြည့်မိတော့ ဒီလောက်ထိမြန်မယ်မထင်သဖြင့် အံ့သြနေသည့်ပုံများကိုသာ တွေ့ရသည်။
ဝသန် ကတော့ အစ်ကိုဖြစ်သူကို တွေ့သည်နှင့် ခုနကလို မျက်နှာမျိုးမဟုတ်တော့ပဲ အသက်ရှု ချောင်သွားသည့်ပုံပင်။
သူတို့နှင့် အခြေအတင်ဖြစ်ရန် အခြေအနေသို့ ရောက်ရှိနေသော ထို နတ်ဆိုး သည်လဲ စိုင်းသော်ဇေရိန် ကိုသာ ကြည့်နေလေသည်။ ထို့နောက် စိုင်းသော်ဇေရိန် နောက်မှနောက်ထပ် ယောကျ်ားတစ်ဦး ထပ်ဆင်းလာပြီး ခနမျှ စကားပြောပြီးသည်နှင့် ကားပေါ်တက်ကာ ပြန်လည် ထွက်ခွာသွားသည်။ ထို့နောက် သူတို့အနီးသို့ ဝပ်ရှော့ဆရာ ရောက်လာသည်နှင့် နတ်ဆိုးမှ ကားသော့ပစ်ပေးလိုက်ကာ နောက်မှ လိုက်မသွားပဲ သူတို့နှင့်သာ ကျန်ရစ်ခဲ့သည်။သိပ်မကြာလိုက် ဝပ်ရှော့ဆရာ က Alphard အနက်ရောင် ကားကို မောင်းလာကာ အနားတွင်ရပ်လိုက်ပြီမို့ မဖြစ်မနေလိုက်ရတော့မည်ကို သိလိုက်သည်။-စိတ်ညစ်တာကွာ.....။
ဏီ့ ဘာသာ စိတ်ထဲမှာ ပြောလိုက်ပြီး ရှေ့ကနေ ကားပေါ်တက်ကုန်ကြပြီမို့ လိုက်တက်လိုက်ရတော့သည်။ ကားပေါ်ရောက်သည်နှင့် သာသာ နဲ့ ဝသန် မှာ နောက်ခန်းတွင်နေရာယူလိုက်သည့်အတွက် ခလယ်မှာ မုန်း နှင့် ဏီ ထိုင်ရသည်။
တကယ်ဆို ဏီ ထိုနားတွင်မထိုင်ချင်ပါ...ကားမောင်းသူ၏ နောက်ကြည့်မှန်မှ ဏီ့ ကိုသေချာမြင်ရသောကြောင့်ဖြစ်သည်။ ခုမောင်းသူနေရာမှာ ထို ဝပ်ရှော့ဆရာ ဖြစ်နေသည်မို့ ပိုမထိုင်ချင် နောက်ကြည့်မှန်ကနေ သူ ဏီ့ ကို လှမ်းကြည့်ရင် ဘယ်လိုလုပ်မလဲ။ အိမ်ကို အလုပ်ကိစ္စ နှင့် လာလာနေတတ်ပြီး ဏီ သင်တန်းသွားချိန် သာသာ တို့ မုန်း တို့ နှင့် လျှောက်သွားနေချိန်တွေမှာ မတွေ့ရသော်လည်း၊ ဏီ အိမ်မှာ ရှိချိန်နှင့်ကြုံလျှင်တော့ စိတ်ညစ်ရသည်။ ပုံမှန်တိုင်း ပါးနှင့် မမကြီးကိုသာ စကားပြောတတ်ပြီး ဏီ့ကိုတော့ ဘာစကားမှမပြော ၊နှုတ်ပင်မဆက်သောလဲ သူ ဏီ့ ကိုကြည့်ကာ ပြုံးသည့်အပြုံးကို မြင်ရချိန်တိုင်း ဏီ့ စိတ်ထဲမှာ ရှက်သလိုလို ခံစားရသောကြောင့်ဖြစ်သည်။
ŞİMDİ OKUDUĞUN
SAME LOVE DIFFERENT FEELING (Complete)
Romantizmမင်းဘယ်သူလဲ?မင်းဘယ်မှာမွေးလဲ?မင်းဘယ်ကလာလဲ?မင်းဘယ်ကိုသွားမလဲ?မင်းဘာတွေလုပ်သလဲ?..ငါ ဂရုမစိုက်ဘူး...ငါ့ကိုချစ်တာတခုပဲဂရုစိုက်နေမိတယ်...