- နန်းဝသန်ရိန်...... ..။
ခေါ်သံ စူးစူး တစ်သံကြောင့် ဝသန် လှည့်ကြည့်သလို စေ ပါလှည့်ကြည့်လိုက်မိသည်။ ဒီနေ့ မအားသည့် ကြားထဲ ကပင်
ဝသန့် ကို ကျောင်းလာပို့ပေးခြင်းဖြစ်သည်။ TU ကျောင်းဝန်းကြီးထဲသို့ မရောက်ဖြစ်တာ ကြာလှပြီမို့ လမ်းလျှောက်
ရင်းနှင့်ကျောင်း တုန်းက အမှတ်ရစရာ များကို သတိတရတော့ ဖြစ်နေမိသည်။ ကျောင်းတက်စဉ်က ဒီလမ်း ၊ ဒီနေရာများမှာ စေ သွားလာ လှုပ်ရှား ခဲ့ သည့်နေရာများ....ချစ်သူရီးစား နှင့် ဖြတ်သန်းသွားလာ ခဲ့သည်မဟုတ်ပမဲ့... ဒီလမ်းတလျှောက်မှာ သော့် ကို သူအမြဲစောင့်ခဲ့ရသည်။ သူတို့အိမ်၏ ကားများကို ပြင်နေသည့်နေရာမှာ သော့် ကိုသူတွေ့ခဲ့ပြီး သော့် အကြောင်းစုံစမ်းကာ မေမေတို့ကို သော့် အကြောင်းပြန်ပြောပြမိသည်။ မေမေတို့ မှ သော့် ကိုသဘောကျကာ သူနှင့်အတူ uni တက်နိုင်ရန် ထောက်ပံ့မှု့ပြုကြသည်။သို့သော် အလုပ်ကြိုးစားသော သော့် ကြောင့် ကျောင်းသွားချိန်တိုင်း အတူမသွား ဖြစ်ကာ သူကအမြဲ သော် အလုပ်ပြီး၍ ကျောင်းလာချိန်ကိုစောင့်ခဲ့ရလေသည်။ကျောင်းတော်ကြီး၏ ကန်တင်း မှာ စားသောက်ခဲ့ချိန်များ၊ လူငယ်ပီပီပျော်ပါးစရာများရှိခဲ့ဖူးသော နေရာတစ်ခု ဖြစ်သည်။ ကျောင်းတက်စဉ်က စေ့ လို ဇီဇာကြောင် သူကို အပေါင်းအသင်း ရှားခဲ့သည်။ သော် တစ်ယောက်သာ စေ နှင့် အမြဲအတူ ရှိနေခဲ့ပြီး 2nd year ရောက်မှသာ မင်းနန္ဒာ ဟုခေါ်သော သူငယ်ချင်း တစ်ယောက် ထပ်ရခဲ့သည်။ university တွေ၏ ထုံးစံ အတိုင်း စေ တို့မေဂျာ၏ king တစ်ယောက်အဖြစ် စေ ဖြစ်ခဲ့သည်။ သော် ကတော့ king မဖြစ်ခဲ့ပမဲ့ uniကျောင်းသူ များကြား ညို့ယူနိုင်သူဟု နာမည်ကြီးသူ တစ်ယောက်တော့ ဖြစ်ခဲ့သည်။ မင်းနန္ဒာ မှာလဲ နာမည်ကြီးတစ်ယောက် ဖြစ်ခဲ့ပြီး သူကတော့ အင်မတန်မှ ရီးစားပေါများသူ ဖြစ်ခဲ့သည်။
uni ဘဝမှာတော့ ရီးစားများခဲ့ပြီး ခုချိန်ထိ မိန်းမမရသေးပဲ ရီးစားများကတော့ မှို လိုပေါက်နေစဲပင်။ထိုစဉ် အချိန်က TU ကျောင်းတော်ကြီး ၏ မေဂျာ king များစွာ ကြားထဲတွင် စေ အပါအဝင် သော် နှင့် နန္ဒ ပါ နာမည်ကြီးခဲ့ကြသည်။
သူနှင့် သော် ကတော့ ဘယ်အခြေအနေရောက်ရောက် စာ ကြိုးစားခဲ့ကြပမဲ့ နန္ဒ ကတော့ ပုံမှန်သာ နေခဲ့သည်မို့ scholarship မပါပဲ ကျန်ခဲ့ရခြင်း ဖြစ်သည်။ သို့ပမဲ့ စေ ၏ co.ltd တွင် ခုချိန်မှာ နန္ဒ က စေ့ ၏ secretary အဖြစ် လက်တွဲ မပြတ် သူငယ်ချင်း သုံးယောက် အလုပ်အတူ လုပ်ဖြစ်ကြသည်။ တကယ်တော့ နန္ဒ မှာ စေ့ ၏ secretary
လုပ်ချင်သည် မဟုတ်ပါ။ စေ ဇီဇာ ကြောင်လွန်းလှသောကြောင့် အလုပ်သမား များမှာ ကြာကြာ မခံ အမြဲအလုပ်ထွက်ကာ စေ့ မှာ ခနခန အကြပ်ရိုက်နေတတ်ရသည်။ သော် ကလဲ ကားရုံတစ်ခု လုံးကို နောက်လှည့်ကြည့်စရာပင် မလိုအောင်တာဝန်ယူထားသူဖြစ်ပြီး စေ ၏ ရုံးအလုပ်များကို သူအားချိန်တိုင်း ကူညီပါသော်လဲ သူ့ကားရုံ ၌ သူမရှိပြန်ရင် အခက်တွေ့ပြန်သည်မို့ စေ့ ကို သော် လဲ ကြာကြာမကူညီနိုင်ပေ။ နောက်ထပ်အလုပ်ထပ်ခန့်လိုက် စေ နှင့် အဆင်မပြေဖြစ်လိုက်ဖြစ်နေရသည်မို့. နောက်ဆုံး၌ သော် သည် နန္ဒ နှင့် တွေ့ကာ ညှိနှိုင်းကြရင်း စေ ၏secretary ဘဝသို့ ရောက်လာခြင်းဖြစ်သည်။ နန္ဒ နှင့်တော့ စေ မည်မှပင် ဇီဇာကြောင်ကြောင်၊ မည်သို့ပင် ပြောပြော သော့် လိုပင် အကြောင်းသိသည်မို့ ခေါင်းညိတ်ကာ ထောက်ခံပြီး ပြသနာက လက်စသတ်သွားခဲ့ရသည်သာပင်။ စေ့ အတွက်တော့ ဒီကျောင်းကြီးမှာ အကောင်းမွန်ဆုံး သူငယ်ချင်းကောင်းများကို ရရှိခဲ့သည်ပင်။
ESTÁS LEYENDO
SAME LOVE DIFFERENT FEELING (Complete)
Romanceမင်းဘယ်သူလဲ?မင်းဘယ်မှာမွေးလဲ?မင်းဘယ်ကလာလဲ?မင်းဘယ်ကိုသွားမလဲ?မင်းဘာတွေလုပ်သလဲ?..ငါ ဂရုမစိုက်ဘူး...ငါ့ကိုချစ်တာတခုပဲဂရုစိုက်နေမိတယ်...