မှန်ရှေ့မှာရပ်နေရင်း အင်္ကျီတစ်ထည်ပြီးတစ်ထည် ဝတ်ကြည့်ကာ ဝသန့် မျက်နှာမှာပြုံးနေမိသည်။ဒီနေ့ shopping ထွက်ရန်ချိန်းထားသည် သာ့ သူငယ်ချင်းနှစ်ယောက်နှင့်အတူ ဝသန် ပါပါမည်ဖြစ်သည်။ သာသာ နှင့် ဝသန် ခုဆိုလျှင် အချိန်တိုင်းအတူရှိနေနိုင်ကြပြီလေ။ ဝသန့် မွေးနေ့ပွဲပြီးကတဲက ဝသန့်ကိုကိုသည် ဘယ်နေရာမဆို လွတ်လွတ်လပ်လပ်သွားခိုင်းသည်၊လုပ်ချင်သည်များကို ဆန္ဒရှိရာလုပ်ရန်လဲပြောခဲ့သည်။ထို့အတွက်ပျော်ရပမဲ့လဲ ဝသန့် အတွက်တော့ ထွေထွေထူးထူးသွားလာစရာမရှိသူမို့ သာ အတူသွားရန်ခေါ်ချိန်များတွင်သာ အပြင်ထွက်ဖြစ်သည်။ ယခုရက်တွေမှာ ကိုကိုမအားသည်နှင့်ကြုံနေသည့်အတွက် ကျောင်းကို သာ နှင့်အတူသွားဖြစ်သည် ၊ပြန်ဖြစ်သည်။ သာ နှင့်အတူ ရှိနေချိန်တိုင်းသည် ဝသန့် တွက်အဖိုးတန်သည် ၊ပျော်ရွှင်စရာများနှင့်သာ ပြည့်နေသည်။ သာ့ကို ကြည့်နေရသည်နှင့်ကို ဝသန် ပြုံးမိသည် စိတ်ထဲမှာလဲ အလိုလိုပင် ပျော်ရွှင်လာရသည်။ ထိုသည်မှာ အချစ်ဆိုလျှင် ဝသန် ချစ်မိနေခြင်းသာဖြစ်သည်။
သာ မှာလဲအချိန်နှင့်အမျှ ဝသန့် ကိုဂရုစိုက်သည် ၊ မေဂျာမတူ၍ အတန်းချိန်များတွင် မတွေ့ရသည့်တိုင်အောင် ထိုအချိန်များတွင် sms မှန်မှန်ပို့သည် ။အားလပ်ချိန်များတူနေလျှင် အဖွဲ့လိုက်တွေ့ဆုံတတ်ကြသည်။ ထိုအချိန်များတွင် မုန်း နှင့် ဏီ့ ကို အားနားရလောက်အောင်ပင် သာ မှာ ဝသန့် ကိုဂရုစိုက်တတ်သည်။ ထိုအခါ ဏီ ကတော့ရီမောနေတတ်ပြီး၊ မုန်း ကတော့မျက်နှာမသာမယာ ရှိနေတတ်သည်။ မုန်း အတွက်လက်ခံရန်ခက်ခဲနေသည်ကို သိနေပါသော်လဲ မည်သည့်စကားမှမပြောပဲ အမြဲတမ်းတော့ ဝသန် တို့နှင့်အတွဲမပျက်လိုက်သည်။ ထိုသည်ကိုပင် ဝသန် ကို့ဘာသာတွေးရင်း ကျေးဇူးတင်နေမိသည်။ ဝသန့် ကြောင့်သူငယ်ချင်းတွေကွဲသွားမှာ မလိုလားအပ်ပေ၊ ဝသန် ကိုယ်တိုင်ကလဲ ခင်မင်နေသည်မို့ စိုးရိမ်စိတ်လေးတော့ဖြစ်နေမိခဲ့သည်။ သာမန် အတွဲတွေလို လက်ခြင်းတွဲသွားရတာမျိုး ၊ဖက်သွားတာမျိုး အမြဲမလုပ်နိုင်ကြပမဲ့ လူလစ်လျှင်လစ်သလိုတော့ ဝသန့် လက်ကို သာ လာကိုင်တတ်သည်။ လက်ဖဝါးလေးတွေကိုကိုင်ကာ ညင်သာစွာ ခိုးနမ်းတတ်သေးသည်။ ထိုအချိန်မျိုးတိုင်းတွင် ဝသန့် ကိုယ့်ရင်ခုန်နှုန်းကို ကိုယ်မထိန်းနိုင်ဖြစ်ရသည်။
![](https://img.wattpad.com/cover/126847624-288-k298102.jpg)
KAMU SEDANG MEMBACA
SAME LOVE DIFFERENT FEELING (Complete)
Romansaမင်းဘယ်သူလဲ?မင်းဘယ်မှာမွေးလဲ?မင်းဘယ်ကလာလဲ?မင်းဘယ်ကိုသွားမလဲ?မင်းဘာတွေလုပ်သလဲ?..ငါ ဂရုမစိုက်ဘူး...ငါ့ကိုချစ်တာတခုပဲဂရုစိုက်နေမိတယ်...