ဧည့်ခန်းထဲ၌ငြိမ်သက်ကာရှိနေကြသော မိသားစုအားလုံး၏မျက်နှာများကို ဏီ..အသံတိတ်ကာကြည့်နေမိသည်။
မား...၏အဆုံးမသတ်နိုင်သောသက်ပြင်းချသံနှင့်အတူ နားထင်အားဖိကာ ခေါင်းတခါခါရှိနေခဲ့ပြီး ဘေးနားမှမမကြီးနှင့်မမငယ်မှာတော့ သက်သာစေရန်အလို့ငှါ ဖြေသိမ့်ပေးနေကြကာ ပါး..ကတော့ဆိုဖာအားမှီ၍ထိုင်နေရင်း မျက်လုံးများအားမှိတ်ထားလျှက်ရှိပြီး အကိုလတ်မှာတော့ ဏီ့..ကိုကြည့်နေခဲ့သောကြောင့် မျက်လုံးချင်းဆုံမိချိန်ခဏတွင်ပင် အပြစ်ရှိသူတစ်ယောက်ကဲ့သို့ မျက်လုံး၏စူးရှမှု့ ကြောင့် ဏီ..အလျင်အမြန်ပင်ခေါင်းငုံ့လိုက်မိသည်။-မေမေ့သားက ဘာတွေများချို့တဲ့နေလို့လဲ သားငယ်လေးရယ် ပြောပါဦး... ။
သက်ပြင်းချကာငိုသံအနည်းငယ်စွတ်နေခဲ့သော မား..၏စကားအား အဖြေပြန်ပေးရန်အတွက်တော့မရှိပါ။ တိတ်တိတ်နေခြင်းသည်သာ ဏီ..တတ်နိုင်သည့်အရာဖြစ်၍ အသံတိတ်နေမိပြီး နှုတ်ခမ်းကိုသာကိုက်ထားမိသည်။ ဏီ.. တွေးထားခဲ့သည်မှာယခုကဲ့သို့အခြေအနေမျိုးမဟုတ်သည့်အပြင် ဘာကြောင့်များလဲ...အခုတော့ဘာလုပ်ရမည်ဆိုသည်ကိုပင် စဉ်းစားမရတော့သည့်အပြင် ဆိုင်းမဆင့်ဘုံမဆင့်မိသားစုတခုလုံးပင် သိသွားကြရပြီဖြစ်သောကြောင့် ဘာလုပ်ရမည်ဆိုသည်ထက် တည်ငြိမ်သလိုနေနေရပါသော်လဲ အမှန်တကယ်ကိုပင် ဏီ..ကြောက်ရွံနေမိပါသည်။
-အစထဲကမှားနေတာ မေမေ..ကြိုးချင်းထားကြိုးချင်းငြိ ဆိုပေမယ့် ခုတော့မငြိသင့်တဲ့ကြိုးတွေငြိကုန်ကြပြီ..
ဘယ်လောက်တောင် ရှက်စရာကောင်းတဲ့ကိစ္စလဲဆိုတာကို မစဉ်းစားမဆင်ခြင်နိုင်တော့တဲ့ထိ မိုက်လွန်းတယ်..။-လူတစ်ယောက်ကလူတစ်ယောက်ကို ချစ်ကြိုက်တာ ဘာကများဒီလောက်ထိရှက်စရာကောင်းလို့လဲ..။

YOU ARE READING
SAME LOVE DIFFERENT FEELING (Complete)
Romanceမင်းဘယ်သူလဲ?မင်းဘယ်မှာမွေးလဲ?မင်းဘယ်ကလာလဲ?မင်းဘယ်ကိုသွားမလဲ?မင်းဘာတွေလုပ်သလဲ?..ငါ ဂရုမစိုက်ဘူး...ငါ့ကိုချစ်တာတခုပဲဂရုစိုက်နေမိတယ်...