အခန်း(၄၀)

784 61 14
                                    

ခရီး​ဆောင်​အိတ်​ ကိုယ်​စီနှင့်​ လာကြိုမည့်​ကားကို ​စောင့်​​နေရ​သော မျက်​နှာများမှာ စူပုတ်​လျှက်​​ရှိ​နေရသည်​။ ဝသန့်​ အိမ်​မှာ ​စောင့်​​နေပါဟု ​ပြောထား​သော​ကြောင့်​ ​စောင့်​​နေရသည်​မှာပင်​ ၁နာရီခန့်​ရှိ​နေ​လေပြီ ယခုထက်​ထိလာမ​ခေါ်​​သေး​ပေ။ ဏီ... ph ဆက်​ကာ ​ချောင်းသာသွားကြမည်​ဆို၍ အမြန်​ပင်​လိုအပ်​သည်​များကို ပြင်​ဆင်​ကာ သွားရန်​ readyဖြစ်​​နေခဲ့ကြသည်​။ ဝသန်​..မှာလဲ ခါခါ့ ထံသို့ ph ဆက်​ခဲ့၍ ယခုခရီးစဉ်​မှာ သူငယ်​ချင်းအကုန်​ပါ​​လေသည်​။ ပုံပြင်​​ပြောသွားခဲ့​လေခြင်းပင်​လား ၁နာရီ​ကြာသည်​အထိပင်​ ကြို​သော ကားမှာ ​ရောက်​မလာသလို ph လဲမဆက်​​ချေ။

-ဏီ.....နင့်​ကို ပုံပြင်​သွားတာလား မသိဘူး...။

ဏီ..စိတ်​အလိုမကျစွာ မျက်​​မှောင်​ကျုံ့ထားမိပြီးစကားမပြန်​မိ​သော်​လဲ စိတ်​ထဲမှာ ကြိမ်း​မောင်း​နေမိသည်​..ဏီ့...ကိုပုံ​ပြောလို့က​တော့ ဘာဖြစ်​မလဲ သိကြ​သေးတာ​ပေါ့...။

-ကိုကို.. က ​ပြောပြီးရင်​ ကတိတည်​ပါတယ်​..အလုပ်​များ​နေလို့​နေမှာ ခဏထပ်​​စောင့်​ကြတာပါ့...​နော်​..။

ဝသန့်​  စကားအဆုံးမှာ အားလုံးသက်​ပြင်းချမိကြပြီး မ​စောင့်​၍လဲ ဘာမှမတတ်​နိုင်​​သော​ကြောင့်​ ဆက်​၍ ​စောင့်​​နေရမည်​သာ..။ ထို့​နောက်​​တော့ ခြံထဲသို့ ဝင်​လာ​သော ကားမှာ ကို​စေတမန်​ ကားမှန်းသိလိုက်​ရမှသာ ပြုံးမိကြပြီး ကား​လေးမှာလဲ ​ပေါ်တီကို​အောက်​သို့ ဝင်​​ရောက်​ကာ ရပ်​လိုက်​ပြီး ဆင်းလာခဲ့သူက ကိုရဲရင့်​သစ်​ထင်​ ဖြစ်​​နေ​လေသည်​။

-ကြာလိုက်​တာ.. ကိုရဲရယ်​ ဘာလုပ်​​နေတာလဲ... ။

သာသာ မှခရီး​ဆောင်​အိတ်​များကို တင်​ရင်း စိတ်​မရှည်​စွာ ​ပြောလိုက်​သည်​ကို ကိုရဲ မှာ အရီမပျက်​ပဲ..

-ရုံးမှာ အရမ်းအလုပ်​များ​နေလို့ပါဗျ...​တော်​​တော်​ ​စောင့်​လိုက်​ရတယ်​မလား sorry ပါဗျာ...

မိမိ ​တောင်းပန်​​ပြီး​တော့လဲ မိန်းက​လေးများ၏ မျက်​​စောင်းလှလှ ကိုခံစားရင်း ရှက်​ရီရီကာ ​ခေါင်းကုတ်​​နေမိလိုက်​သည်​။ မိမိတို့မှာ အလုပ်​ကိစ္စ နှင့်​ ခရီးထွက်​ရမည်​ဆို​သော်​လဲ ဒီအုပ်​စုပါ လိုက်​မည်​ဟု ကို​သော်​ ​ပြော​တော့ ပြုံး​တော့ပြုံးမိပါသည်​။ ​ကျောင်းပိတ်​ရက်​ အလည်​အပတ်​ခရီးနှင့်​ မိမိတို့အလုပ်​ခရီးစဉ်​ကိုတွဲခဲ့​သော​ကြောင့်​ အံ့သြမိ​ပေမယ့်​ ကိစ္စနှစ်​ခုကို တခါထဲအပြတ်​ရှင်းတတ်​သည့်​ မိမိသူ​ဌေးသုံး​ယောက်​ကို ချီးကျူးမိသည်​။ သူ​ဌေးသုံး​ယောက်​... ထိုအ​တွေး​တွေးမိ​တော့ ​တွေးရင်းနဲ့ ပြုံးမိပြန်​သည်​ သူများ​တွေအတွက်​ ကုမ္ပဏီတစ်​ခု သူ​ဌေးတ​ယောက်​ထံ၌သာ secretary လုပ်​ရ​သော်​လဲ မိမိက​တော့ နှစ်​​ယောက်​ထံမှာ လုပ်​ရသည်​ ၊ ဒါ​တောင်​ ​နောက်​တ​ယောက်​မှာ မိမိကို မလိုအပ်​​သောသူမို့၍သာ ​တော်​​သေးသည်​။ ဇီဇာ​ကြောင်​​သော သူ​ဌေး ၊ ​စေ့စပ်​​သေချာ​သော သူ​ဌေး နှစ်​​ယောက်​ကြားထဲ ဗျာများ​နေရကာ သူတို့နှစ်​​ယောက်​ထက်​ ကို​သော်​ မှာ ညှိနှိုင်း၍လွယ်​​သော​ကြောင့်​ ပို၍ပင်​ သ​ဘောကျမိသည်​။ အလုပ်​​ပေါ်အချိန်​​ပေးမှု့ ၊ ကြိုးစားမှု့ ​တွေမှာ သုံး​ယောက်​လုံး မှာ မတိမ်းမယိမ်း​ဖြစ်​ကြကာ ​စေတနာထားကြသည်​၊ ​လေး​လေးနက်​နက်​ ​တွေး​တွေးဆဆ လုပ်​ကိုင်​တက်​ကြသည်​။ မိမိအား ကိုနန္ဒ အလုပ်​မသွင်း​ပေးစဉ်​ထဲက ကို​စေ အကြိုက်​​တွေကို ကြို​လေ့လာခဲ့သည့်​အတွက်​ ပြဿနာ တစုံတရာ မရှိ အဆင်​​ပြေလှသည်​။ ကို​သော်​ မှာလဲ ကားရုံတွင်​သာ ဦးစီးပြီး တခါတ​လေ လိုအပ်​​သောစာရင်းကိစ္စများ ရှိချိန်​သာ ရုံးမှာ ​တွေ့ရတတ်​ပြီး မိမိအကူအညီသိပ်​မလိုအပ်​လှ​ပေ။
အနည်းငယ်​ စိတ်​ညစ်​ရသည်​မှာ​တော့ ​နောက်​ဆုံး​ရောက်​သည့်​ ရှယ်​ယာရှင်သူ​​ဌေး ဖြစ်​​နေရကာ မိမိမှာ ယခုဆိုလျှင်
ကို​စေ့ နားအလုပ်​လုပ်​ရသည်​ထက်​ သူမထံ၌သာ အလုပ်​များ​နေရသည်​။ သူမထံ​ရောက်​ရှိသမျှ​သော စာရင်းများ ၊လုပ်​ငန်းများမှာ တခါထဲနှင့်​ ပါမစ်​ ဘယ်​​တော့မှမကျတတ်​။ ထပ်​စစ်​ပြီးရင်းစစ်​သည်​ မည်​မျှပင်​ မှန်​ကန်​​အောင်​လုပ်​​နေပါ​သော်​လဲ သူမမှာ မိမိအမှားကို ရှာ​တွေ့သည်​။ တစုံတရာ​ပြောဆိုခြင်းမရှိ​သော်​လဲ ရီ​မောပြုံးရွှင်​စွာ ပြုမူတတ်​သူလဲမဟုတ်​​ချေ။သို့​သော်​... ထိုသို့​သော သူမ ၊ သူမ နားမှာ စိတ်​ညစ်​​နေရပါ​သော်​လဲ...

SAME LOVE DIFFERENT FEELING    (Complete) Where stories live. Discover now