အခန်း(၃၈)

638 50 3
                                    

ဝသန့်​ ၏ရှက်​ပြုံး​လေးနှင့်​ ​ခေါင်းငုံ့၍ ​ပြော​နေ​သော ​လေသံဖျဖျမှပင်​ ဖြစ်​​နေ​သော်​လဲ ခါခါ ပီသစွာ ကြားရပါသည်​။ ခါ့ ​ရှေ့မှ ရှက်​ပြုံးများနှင့်​ မျက်​နှာ​လေးကို ကြည့်​ရင်းအသည်းယားမိသလို အားကျမိသည်​လဲပါသည်​။ အရာရာကို ​ကြောက်​တတ်​သည်​ဟု ထင်​​နေမိ​သော သူငယ်​ချင်းမှာ အချစ်​အတွက်​ဆို​တော့ သတ္တိရှိ၍ စိတ်​ထဲ၌ချီးကျူး​နေမိသည်​။
ပြီး​တော့ ဝမ်းနည်းသည်​ ၊ ထို့​နောက်​ဆက်​ ဝမ်းသာမိပြန်​သည်​။ ခါ တစ်​​ယောက်​ထဲ အမည်​​ဖော်​မရ​သော ဝမ်းနည်းဝမ်းသာ စိတ်​တို့နှင့်​​ငေး​ငေးငိုင်​ငိုင်​ဖြစ်​သွား မိပုံရသည်​.. ဝသန့်​ ထံမှ ..

-ခါ...ဝသန်​ တို့ကို ရွံ လို့လားဟင်​....။

-ဟင်​...။

ဝသန့်​ အ​မေးကို အ​ဖြေပြန်​မ​ပေးမိ​သေးပဲ ဝသန့်​ ၏ ဖြူဖြူ​ဖွေး​ဖွေး မျက်​နှာ​လေးကို စိုက်​ကြည့်​​နေမိပြီး မသိမသာ​လေး သက်​ပြင်းချကာ ပြုံးပြလိုက်​ရင်း..

-ဟင့်​အင်း.. မရွံပါဘူး ဝသန်​..ခါ ..အား​တောင်​ကျမိ​သေးတယ်​...ဝသန်​တို့က သိတ္တိရှိတယ်​​..။

ခါ့ အ​ပြော​ကြောင့်​ ဝသန်​ ပြုံးလိုက်​ကာ ခါ့ လက်​​လေးကို ဆုပ်​ကိုင်​လိုက်​ပြီး...

-​ကျေးဇူးပါ.. ခါ...သဘာဝတရား နဲ့ ဆန့်​ကျင်​​နေတဲ့ အချစ်​​ကြောင့်​ ဝသန်​ ချစ်​ရတဲ့သူငယ်​ချင်းကို ဆုံးရှုံးရမှာ ​ကြောက်​တယ်​..ဒါ​ကြောင့်​ အ​စောပိုင်းထဲက မ​ပြောဖြစ်​ခဲ့တာပါ.. နားလည်​​ပေးပါ​နော်​..။

ခါ နားလည်​​ပေးသည့်​သ​ဘော နှင့်​ ခပ်​သွက်​သွက်​​လေး ​ခေါင်းညိတ်​ပြလိုက်​ပြီး ပြုံးရီကာပင်​...

-ဘယ်​လိုဖြစ်​ဖြစ်​.. ခါ..ကအမြဲ ဝသန့်​ သူငယ်​ချင်းပါ...အချစ်​ နဲ့ သူငယ်​ချင်း ဆိုတာလဲ သပ်​သပ်​စီပါ ဝသန်​ရဲ့.. အချစ်​တစ်​ခု​ကြောင့်​ သူငယ်​ချင်းဆိုတဲ့ ဂုဏ်​ပုဒ်​ ပျက်​စီးရတာမျိုး.. ခါ...မကြိုက်​ဘူး..ဘယ်​လိုအချစ်​မှာပဲ ​ပျော်​ဝင်​​နေပါ​စေ သူငယ်​ချင်းဆိုတာ ကိုယ်​တိုင်​မစီး​မြော​ပေးနိုင်​ရင်​​တောင်​ လက်​ခံ​ပေးနိုင်​ရမှာ​ပေါ့..ခါ..က​တော့ ဝသန့်​ အချစ်​တွက်​ ပါဝင်​စီး​မြော​ပေးဖို့ အသင့်​ပါပဲ...။

SAME LOVE DIFFERENT FEELING    (Complete) Where stories live. Discover now