အခန်း(၃၇)

671 60 4
                                    

မနက်​ခင်း breakfast ဝိုင်းမှာ တစ်​​ယောက်​ထဲ ထိုင်​ပြီးရှိ​နေခဲ့သည်​မှာ ယ​နေ့အပါအဝင်​ဆို နှစ်​ပတ်​ခန့်​ပင်​ရှိ​နေပြီဖြစ်​သည်​။ မနက်​ခင်းမှာ မ​တွေ့ရချိန်​ ​နေ့လည်​တွင်​လဲ မ​တွေ့ရ​သေး ထိုမှမက​သေး ညဘက်​တွင်​ပါ ​တွေ့ရန်​ခက်​ခဲ​နေ​သော မိမိ​ယောကျာ်းကို မျက်​နှာမှတ်​မိရန်​ ဓာတ်​ပုံထိုင်​ကြည့်​ရန်​သာ ရှိ​တော့သည်​။ ကွန်​ဒို တစ်​ခန်းလုံး မုန်း..တ​ယောက်​ထဲ ရှိ​နေရပြီး ​ကျောင်းသွား​နေရသည့်​ ​နေ့များမှာ ပျင်းစရာမ​ကောင်း​သော်​လဲ ယခုလိုပိတ်​ရက်​မျိုး ပျင်းရိ​ခြောက်​ကပ်​မှု့ မှာ စိတ္တဇ​ဆေးရုံခန်းထဲ ​ရောက်​​နေသကဲ့သို့ပင်​။ ယခုလဲ breakfast ကိုတ​ယောက်​ထဲ စိတ်​မစွာ စားလိုက်​ပြီး ဘာလုပ်​ရမလဲ ​တွေး​နေမိသည်​။ ရုံးမှပြန်​မလာ​သော ​ယောက်ျားကို ထမင်းချိုင့်​နှင့်​ အဝတ်​​အစားသွားပို့ရန်​မှာလဲ တ​ယောက်​နှင့်​တ​ယောက်​ အ​ပျောက်​မခံနိုင်​ ချစ်​​နေကြလျှင်​​တော့ အ​ကြောင်းမရှိ။ ယခု​တော့ မိမိကို အရိပ်​က​လေးပင်​မမြင်​ချင်​သည့်​အ​နေအထား..။သက်​ပြင်းချပြီး ထမင်းဝိုင်းမှထ၍ ph ထုတ်​ကာ မိမိသူငယ်​ချင်း​တွေထံသို့သာ ph ဆက်​လိုက်​သည်​။

-​ပြော....ဘာဖြစ်​သလဲ.. ။

အသက်​ရှုသံပြင်းပြင်းနှင့်​ သာသာ့ ph ​ဖြေဆိုမှု့ ကို မုန်း..မျက်​​မှောင်​ကျုံ့မိကာ..

- သာ..ဘာလုပ်​​နေလို့ ​မော​နေတာလဲ..။

မုန်း..အ​မေးကို သာ့ ထံမှ အံ့သြသံနှင့်​အတူ..

- ​ဟော့်​....ဒီ​နေ့က Saturday morning ပါ မမမုန်း​ရေ..ကျွန်​မ gym ​ဆော့​နေတာပါ.. ​မေ့​နေတာလား ။

သာသာ့ အ​ပြော​ကြောင့်​ မုန်း လဲ သက်​ပြင်းချကာ ..

-အင်းပါ..ပြီးမှ ပြန်​ဆက်​လိုက်​​တော့မယ်​...။

သာသာ့ နှုတ်​ဆက်​စကားကိုမ​စောင့်​​တော့ပဲ ဏီ့ ထံသို့ ဆက်​၍​ခေါ်လိုက်​သည်​။

-အင်း...မုန်း...ဆို..။

ဏီ့ ထံမှလဲ ပုံမှန်​မဟုတ်​တဲ့ ထူးသံမျိုး​ကြောင့်​ ​မေးလိုက်​မိသည်​။

SAME LOVE DIFFERENT FEELING    (Complete) Where stories live. Discover now