အခန်း(၈၀)...(ဇာတ်​သိမ်း)

1.9K 67 51
                                    

နွေ၊မိုး၊​ဆောင်း ရာသီအခါခါအလီလီ​ပြောင်းလဲကာ အချိန်​တို့သည်​မှာလဲတ​ရွေ့​ရွေ့ကုန်​ဆုံးခဲ့ကြပြီး ၁၀စုနှစ်​တစ်​စုခန့်​ကို့်​ပင်​​ကျော်​လွန်​စွာ​ကြာမြင့်​သွားခဲ့ပြီဖြစ်​သည်​။ ​ပြောင်းလဲသွား​သောပတ်​ဝန်းကျင်​၊ ​ပြောင်းလဲသွား​သော အသက်​အရွယ်​အပိုင်းအခြားနှင့်​ တိုးတက်​ခြင်းများ ဆုတ်​ယုတ်​ခြင်းများကြားထဲ၌ အချိန်​များစွာအားဖြတ်​သန်းခဲ့ကြရပြီးပြီဖြစ်​​လေသည်​။ ယ္ခင်​ထက်​ပိုမိုတိုးတက်​လာ​သော အလုပ်​အကိုင်​များ ၊စီးပွား​ရေးအ​ခြေအ​နေများကြား ​နေ့စဉ်​နှင့်​အမျှရုန်းကန်​လှုပ်​ရှားရင်း အရာအားလုံးအား​မေ့​ပျောက်​ထားကြရသည်​သာဖြစ်​​သည်​။ အလုပ်​ပြီးရင်းအလုပ်​နှင့်​အချိန်​တိုင်း ပိုမိုတိုးတက်​​ကောင်းမွန်​သည့်​co.ltdဖြစ်​​အောင်​ကြိုးစား​နေရင်း အချိန်​များအားငြီး​ငွေ့စွာဖြတ်​​ကျော်​​နေမိစဲဖြစ်​သည်​။ ဦး​နှောက်​အား နားချိန်​မ​ပေးပဲအလုပ်​ခိုင်း​နေ​ပါ​သော်​လဲ မနက်​ခင်းအိပ်​ယာနိုးထချိန်​တိုင်း၌ ခံစားမိ​သောအထီးကျန်​မှု့ အား ပင်​ပန်းစွာခံစား​နေရမြဲဖြစ်​သည်​။ ​ရေပန်းမှ​ရေများသည်​ မိမိ​ဦး​ခေါင်း​ပေါ်သို့​အေးမြစွာကျဆင်း​နေ​သော ခံစားချက်​အားနှစ်​သက်​စွာခံစား​နေမိရင်း အချိန်​ကြာမြင့်​စွာ​ရေချိုး​နေမိပါသည်​။ မည်​သည့်​​နေရာသို့ပို့လွှတ်​မိသည်​မသိ​သော အ​တွေးတို့အားလက်​စသတ်​လိုက်​ပြီး အလုပ်​သွားရန်​အဝတ်​အစားလဲချိန်​၌ မှန်​ထဲမှမိမိကိုယ်​ကိုအား မျက်​​တောင်​မခတ်​စူးစိုက်​ကြည့်​​မိပြန်​သည်​။ မြင့်​မား​သောအရပ်​ကခန့်​ညားမှု့ အား​ပိုမို​ပေါ်လွင်​​နေ​စေသလို ဖွံ့ ထွားလာ​သောရင်​အုပ်​သည်​ ​ယောကျာ်းပီသမှု့ အား ဖြည့်​ဆည်း​ပေး​နေခဲ့ပြီး သပ်​ရပ်​စွာဖီးတင်​ထားသည့်​ဆံပင်​တို့သည်​ အရီအပြုံးမရှိဖြစ်​​နေ​သောမျက်​နှာအား ကြည့်​​ကောင်း​နေ​စေပြန်​သည်​။ အချိန်​အ​တော်​ကြာမိမိကိုယ်​ကိုရပ်​ကြည့်​​နေခဲ့မိရင်း လည်​ပင်းထက်​မှ တန်​ဖိုးဖြတ်​မရသည့်​ဆွဲကြိုး​လေးနှင့်​အတူ လက်​စွပ်​​လေးတစ်​ကွင်းကိုကြည့်​မိချိန်​တွင်​ သက်​ပြင်းချလိုက်​ကာအလုပ်​သွားရန်​အတွက်​ ​လှေကားထစ်​များမှဆင်းလာခဲ့ချိန်​​မိမိ​နေထိုင်​ရာ ကားရုံ​အောက်​၌ အလုပ်​သမားများ​ရောက်​ရှိ​နေကြပြီဖြစ်​သလို မိမိအား​တွေ့သည်​နှင့်​ နှုတ်​ဆက်​ကြိုဆိုမှု့ အား​ခေါင်းအသာညိတ်​လိုက်​ပြီး လျင်​မြန်​စွာပင်​​ကား​မောင်းထွက်​လာခဲ့မိသည်​မှာ co.ltdသို့သာဖြစ်​​လေသည်​။

SAME LOVE DIFFERENT FEELING    (Complete) Where stories live. Discover now