အခန်း(၅၇)

363 35 6
                                    

ရှေ့မှ​အ​ပြေးသွား​နေသူ​နောက်​သို့ လိုက်​လာခဲ့ကြပြီး အမှန်​​တော့ဦးစား​ပေးလိုက်​သည့်​အ​နေနှင့်​သာ အ​နောက်​ဘက်​မှအသာလိုက်​ခဲ့ကြခြင်းဖြစ်​သည်​။ အ​ပေါ်ဘက်​ဝရန်​တာဘက်​မှ အချစ်​ဇာတ်​ကားအား ရင်​ခုန်​စွာရင်​တမမနှင့်​ကြည့်​ရှု့ ​နေကြရသလို တစ်​ဦးနှင့်​တစ်​ဦးဖက်​ကာ အလွမ်းသယ်​​နေသည့်​မျက်​ရည်​များကြားမှ အချစ်​အားပုံ​ဖော်​​နေသည်​ကိုကြည့်​​နေခဲ့မိကြပြီး ထိုအချစ်​၏ သက်​​ရောက်​မှု့ လှိုင်းမှာကြိမ်​နှုန်းပြင်းထန်​ပါ​သော​ကြောင့်​ အချို့အချို့​သောသူများအား လိုက်​ပါခံစား​စေခဲ့ပြီး မျက်​ရည်​ကျကြရပြန်​သည်​။ နူးညံ့​​သောအနမ်းတို့ဆက်​ခဲ့ချိန်​မှာ​တော့ သက်​ပြင်းပူတစ်​ချက်​ကိုအသာချလိုက်​ပြီး အမှူး တစ်​​ယောက်​​နောက်​ပြန်​လှည့်​သွားသည်​ကို ​စေ သတိထားမိသည်​။ သူငယ်​ချင်း၏စိတ်​ဒုက္ခ​ရောက်​ခဲ့သည်​ကိုလိုက်​ပါခံစားခဲ့ကြ​သော မိမိမိန်းမနှင့်​သူမသူငယ်​ချင်းတို့မှာ​တော့ တစ်​​ယောက်​ကိုတစ်​​ယောက်​မကြည့့််​ကြ​သော်​လဲ အသံတိတ်​မျက်​ရည်​​တော့ဖြင့်​ကျဆင်း​နေကြ​လေသည်​။ မမြင်​သင့်​သည့်​အရာအားဆက်​လက်​ကြည့်​ရှု့ ရန်​မသင့်​သည်​ကို သိ​သောသူများအားလုံးမှာ​တော့​စောစီးစွာထွက်​သွားခဲ့ကြပြီဖြစ်​ပြီး ​လှေကားထက်​မှ​ဖြေးညှင်းစွာ ဆင်း​နေ​သော အမှူး အား ​နောက်​ဘက်​မှ​နေ၍ ​စေ ​ပြောလိုက်​သည်​။

-ဒီအ​ခြေအ​နေနဲ့​တော့ မပြန်​​သေးတာ​ကောင်းမယ်​ထင်​တယ်​။

မိမိအ​ပြောကို အမှူး လှည့်​မကြည့်​ပါ။သို့​သော်​လဲ ​ခေါင်းညိတ်​ပြသည်​ ထို့​နောက်​...

-ဒီ​နေ့​တော့ အချစ်​ဆိုတာကို ငါသိလိုက်​ပြီထင်​တယ်​..
တစ်​ချိန်​ချိန်​မှာ ကံ​ကောင်းခဲ့မယ်​ဆိုရင်
ဒီလိုအချစ်​မျိုးနဲ့ထိ​တွေ့ချင်​ပါ​သေးတယ်​..။

အဓိပ္ပာယ်​များစွာရှိ​နေ​သောစကားများအားဆိုခဲ့ပြီးထွက်​သွား​သော သူငယ်​ချင်းဖြစ်​သူအားအ​တော်​​ဝေးသည်​အထိကြည့်​​နေခဲ့မိပြီး သက်​ပြင်းချရုံမှအပ​တော့မတတ်​နိုင်​​ပေ။

SAME LOVE DIFFERENT FEELING    (Complete) Où les histoires vivent. Découvrez maintenant