အခန်း(၆၉)

296 28 1
                                    

ည၏ငြိမ်​သက်​တိတ်​ဆိတ်​​လှပမှု့ သည်​ ​ပျော်​ရွှင်​ဖွယ်​အ​တွေးတို့အားကွန့်​မြူး​စေနိုင်​သလို စိတ်​ပျက်​ခြင်း၊ အားမရခြင်းနှင့်​အတူ အချို့​သောအ​တွေးများကိုလဲ ​တွေ​ဝေ​စေနိုင်​စွမ်းရှိ​လေသည်​။ အိပ်​၍မ​ပျော်​​တော့​သော​ကြောင့်​ဝရန်​တာသို့ထွက်​ကာ ​လေ​ပြေညှင်းများကိုထိ​တွေ့ခံစားရင်း သက်​ပြင်းချ​နေမိသည်​မှာလဲအခါခါ။ စိတ်​အစဉ်​မှာရှင်းလင်းမ​နေခဲ့ပဲ စိုးထိတ်​မှု့ နှင့်​အတူ နာကျင်​သည်​မဆိုပါ​သော်​လဲ အနည်းငယ်​မျှ​တော့​လေးပင်​​နေခဲ့ပြန်​သည်​။ ​လေအ​ဝှေ့မျက်​စိ​ရှေ့သို့လွင့်​ပျံလာသည့်​ဆံနွယ်​များကို အသာသပ်​လိုက်​ကာ မျက်​လုံးများသည်​ မိမိအခန်းမှလှမ်းမြင်​​နေရ​သော ဝသန့်​ အိပ်​ခန်းစီသို့ဖြစ်​သည်​။ ညနက်​​နေပြီဖြစ်​​သော်​လဲ အခန်းမီးလင်း​နေခဲ့ပြီး.သူမသည်​လဲမိမိကဲ့သို့အိပ်​မ​ပျော်​နိုင်ခြင်းလား...သို့မဟုတ်​ မိမိထက်​ပင်​ပိုမို၍ဆိုးစွာစိုးရိမ်​မှု့ ဖြစ်​​နေမည်​လားဟု သာ...​ ​တွေးမိလိုက်​သည်​။

မုန်း...ထံမှသတင်းကြားရစဉ်​အခါက မယုံကြည်​နိုင်​စွာအထိတ်​တလန့်​ပင်​ ပြန်​လည်​​၍​မေးယူခဲ့ရသည်​အထိဖြစ်​သည်​။
တချိန်​ချိန်​မှာ​တော့ မိဘအသိုင်းအဝိုင်းများသိသွားကြမည်​ကို သိထားပါ​သော်​လဲယခု​လောက်​စော​စောသိသွားမည်​ဟုမထင်​ခဲ့မိ​ပေ။ ယခုအချိန်​မှာမိမိသူငယ်​ချင်း ဏီ..တစ်​​ယောက်​​တော့ ကမ္ဘာပျက်​​နေ​တော့မည်​ကို မမြင်​​တွေ့ရ​ပေမယ့်​ ​တွေးကြည့်​၍ပင်​သိ​နေရပါပြီ။ အရင်​က ကို​သော်​...နှင့်​​ခေတ္တမျှအဆက်​အသွယ်​ပျက်​သွားချိန်​မှာ​ပင်​ အရူးတစ်​​ယောက်​လို ငို​ကြွေး​နေခဲ့သည်​မဟုတ်​ပါလား..​ဆောက်​တည်​ရာမရအ​ခြေအ​နေနှင့်​အတူသနားစရာ​ကောင်းသည့်​အ​နေအထားကို မိမိမျက်​စိနှင့်​ကိုယ်​တိုင်​မြင်​​တွေ့ခဲ့ရသည့်​အတွက်​ ယခုမည်​မျှပင်​စိတ်​ဒုက္ခ​ရောက်​​နေမည်​ကို ​တွေးမိသည်​။
အချစ်​ဆိုသည့်​အရာမှာ ချစ်​​နေရုံနှင့်​မပြီးဘူးဟုဆို​သော စကားကိုတ​ဖြေး​ဖြေးနားလည်​လာရသလိုပင်​။ 

SAME LOVE DIFFERENT FEELING    (Complete) Tahanan ng mga kuwento. Tumuklas ngayon