အခန်း(၅၉)

402 35 10
                                    

ရင်​ခွင်​​နွေး​နွေးထဲမှာ ဏီ အိပ်​​မောကျ​နေခဲ့ပြီး​နောက်​ ​မနက်​ခင်း၏​ကျေးငှက်​တွန်​မြည်​သံ​ရေး​ရေးအားကြားကာ မျက်​လုံးများ​ဖြေးညှင်းစွာဖွင့်​ရင်းနိုးလာခဲ့ရသည်။ မျက်​လုံးများဖွင့်​လိုက်​သည်​နှင့်​ ပထမဦးဆုံးမြင်​​တွေ့လိုက်​ရသည့်​ ချစ်​ရသူ၏မျက်​နှာအား မက်​​မောစွာကြည့်​​နေမိပြီး မျက်​လုံးများမှ​နေရာတစ်​ခုချင်းစီ၏တည်​ရှိ​နေပုံကို မှတ်​သားကာဦး​နှောက်​သို့​ပေးပို့​နေခဲ့မိသည်​။ မျက်​နှာအ​နေအထားတစ်​ခုချင်းစီအားမျက်​လုံးမှိတ်​လိုက်​သည်​နှင့်​တစ်​ခုချင်းစီ ပြန်​မြင်​​ယောင်​နိုင်​သည်​အထိ အ​သေးစိတ်​မှတ်​သား​နေမိပြီး ဘဝ​ပေါင်းများစွာမ​မေ့​ပျောက်​နိုင်​​အောင်​နှလုံးသားထဲ ဦး​နှောက်​ထဲမှာမြင်​​နေ​အောင်​ဖြစ်​သည်​။ဤလူအားမြတ်​နိုးသည်​ အတိုင်းမသိ​သောချစ်​ခြင်းမျိုးနှင့်​ချစ်​ခင်​နှစ်​သက်​သည်​။မဖြစ်​သင့်​​သောချစ်​ခြင်းမျိုးဖြစ်​​နေပါလျှက်​နှင့်​လဲ ချစ်​သည်​၊ မြတ်​နိုးသည်​။ ထို့အတွက်​​ကြောင့်​ လူအများ၏စကားလုံးများအား မ​ကြောက်​ရွံ့သလို ​ကြောက်​ရွံ့ မိသည့်​တစ်​ခုမှာ မိမိအားထားသွားမည်​လားဆိုသည်​ပင်​ဖြစ်​သည်​။ အိပ်​​မောကျ​နေစဲချစ်​ရသူ၏ သွင်​ပြင်​မှာ​ယောကျာ်းပီသခြင်းနှင့်​အတူ ချစ်​စရာ​ကောင်း​နေခဲ့ပြီး ဏီ မြတ်​နိုးစွာပင်​မျက်​ခွံ့​လေးများအား ခပ်​ဖွဖွအနမ်း​ပေးလိုက်​သည်​။ထို့​နောက်​မှာ​တော့ ချစ်​ရသူအား ​စောင်​ခြုံ​ပေးလိုက်​ပြီး ပတ်​ဝန်းကျင်​နှင့်​မထိ​တွေ့ရ​သေး​သော မိမိခန္ဓာကိုယ်​အား ဝရန်​တာဘက်​သို့ထွက်​လာခဲ့၍ ​မနက်​ခင်း​လေ​ကောင်း​လေသန့်​ရှု ရန်​ ​ဖြေးညှင်းစွာထလာခဲ့လိုက်​သည်​။

သုံး​လေးရက်​ခန့်​မျှမိုးတဖွဲဖွဲရွာသွန်းခဲ့ပြီးတိတ်​သွားပါ​သော်​လဲ ​ယခုထက်​ထိ​နေ​ရောင်​​တော့မမြင်​ရ​သေး​ပေ​။ မိမိတို့​ရောက်​သည့်​​နေ့မှစ၍ မိုးတစိုစိုဖြစ်​​နေခဲ့ပြီး ယခုမှမိုး​ခြောက်​သွားသည်​ဟုဆိုရမည်​။ မိုး​ခြောက်​သည်​ဆို​သော်​လဲ မိုးတိတ်​သွားသည်​ကိုသာဆိုလိုရမည်​ဖြစ်​ပြီး လမ်းများနှင့်​ သစ်​ပင်​များထက်​မှာ​တော့ မိုး​ရေစက်​တချို့ ​နောက်​ဆုံးပိတ်​အ​နေနှင့်​တွဲလဲခို​နေစဲဖြစ်​သည်​။ပတ်​ဝန်းကျင်​တစ်​ခုလုံးမှာ ​တော​တောင်​အ​ငွေ့အသက်​တို့ရ​နေခဲ့ပြီး သာယာ​သော​ကျေးငှက်​သံတို့နှင့်​အတူ တိုက်​ခတ်​လာ​သော​လေ​ပြေညှင်း​လေးမှာလဲ ​အေးစက်​ကာ​နေပြီး သာယာမှု့ မှာ​တော့အတိုင်းထက်​အလွန်​ပင်​ဖြစ်​သည်​။ မျက်​လုံးအစုံကိုမှိတ်​ကာ မျက်​နှာအား​မော့လိုက်​မိပြီး ဖြတ်​သန်းတိုက်​ခတ်​သွား​သော ​လေနု​အေး​လေးအား တစ်​ဝကြီးရှုရှိုက်​လိုက်​ကာ ပြုံးလိုက်​မိသည်​။ ထို့​နောက်​အ​တော်​​လေးကြာသည်​အထိ မလှုပ်​မရှားမိပဲ ငြိမ်​သက်ကာပင်​ ​အေးမြမှု့ အရသာအားမြတ်​နိုးစွာခံစား​နေမိလိုက်​သည်​။ ​တောင်​​ပေါ်​ဒေသ၏မနက်​ခင်းအား ​တွေ့မြင်​ဖူးချင်​​သော မိမိဆန္ဒတို့ပြည့်​စုံသွားရသည်​ကို ကြည်​နူး​နေမိသည်​။

SAME LOVE DIFFERENT FEELING    (Complete) Donde viven las historias. Descúbrelo ahora