...တီးတီး. တီ.တီး.တီ.....။
အဆက်မပြတ်မည်လာသော ph သံကြောင့် သာ တို့ရီမောနေရာမှ ရပ်တန့်ကာ အသံလာရာစီသို့ကြည့်လိုက်မိသည်။
ကိုနန္ဒ မှာ ph screen ကိုကြည့်ကာ ပြုံးနေခဲ့ပြီး... တဖက် cafe' ဆိုင်မှာလဲ ဧည့်သည်များ မရှိတော့ပဲ ဟိုလူနှစ်ယောက်ကိုသာ တွေ့ရတော့သည်။-ဝသန်...ရေမင်း အစ်ကို တော့ မနားတမ်းခေါ်နေပြီ။
ပြောပြောဆိုဆိုနှင့် ph မကိုင်ပဲ ကားပေါ်မှ ဆင်းကာ လမ်းတစ်ဖက်သို့ ကူးရန်ပြင်နေသည်မို့ သာ တို့လဲ ကားလမ်းကူးကာ cafe' ဆိုင်သို့ လိုက်ဝင်လိုက်လေသည်။ Cafe'ဆိုင်သို့ ဝင်လာသော လူတစ်စုကို တွေ့ရမှပင် သော် တစ်ယောက် သက်ပြင်းချနိုင်တော့သည်။
-မင်းကွာ... ဒီခေါ်လာရင်လဲ ပြောပါတော့လား....။
ညီမကို စိုးရိမ်နေသော သော် မှမပြောလိုက်ရပဲ စေ က ပြောလိုက်သောကြောင့် နန္ဒ မျက်နှာကြီး ကို မတရား မဲ့ပစ်လိုက်ကာ...
-အိုးကမပူ စလောင်းကပူ ဆိုတာ ဒါမျိုး...မင်းယောက်မ ကိုပူနေမှန်းသိလို့ကို မပြောတာ...။
-မင်း....ဘာပြောတာလဲ.... ။
စေ ၏ အမေးစကားကို ပခုံးတွန့်ပြလိုက်ရင်း ဘေးနားမှ ခုံများကို ဆွဲကာ ဝင်ထိုင်လိုက်ပြီး....
-ကလေးတွေ လာကြ...အတူထိုင်မယ်...။
ကိုနန္ဒ ခေါ်သည်ကို မတားသော်လဲ ကျန်နှစ်ယောက်ကတော့ ခပ်တည်တည်ပင် ရှိနေသည်။
-ကိုကို...ညီမလေး တို့တွေ ဘာမှမစားရသေးဘူး... တခုခု ဝယ်ကျွေးပါနော်...။
-ဏီ....ငါတို့တွက် နင်သွားမှာပေး.....။
ဝသန် ပြောလိုက်သည်နှင့် သော် ပြုံးပြကာ ကောင်တာသို့ ညီမလေး ကြိုက်တတ်သည်ကို မှာရန် ထွက်လာခဲ့ပြီး...တဆက်ထဲဆိုသလို သူ့နောက်မှ လိုက်လာသော ဏီ ဆိုသည့်ကောင်လေးကိုလဲ သတိထားမိလိုက်သည်။
ဒီကောင်လေးသည် ကောင်မလေးများ ပြောသည်နှင့် ဘာမှတောင်ထပ်မမေးပဲ ကောင်တာသို့ ထွက်လာခဲ့သည် မဟုတ်ပါလား...။ကောင်တာ ၌လဲ သော် မှာ ညီမလေး နှင့် စေ ကြိုက်တတ်သည်များကို မှာလိုက်ကာ မိမိ ဘေးနားမှ မှာယူနေသော ကောင်လေး ကို သာကြည့်နေလိုက်မိသည်။
YOU ARE READING
SAME LOVE DIFFERENT FEELING (Complete)
Romanceမင်းဘယ်သူလဲ?မင်းဘယ်မှာမွေးလဲ?မင်းဘယ်ကလာလဲ?မင်းဘယ်ကိုသွားမလဲ?မင်းဘာတွေလုပ်သလဲ?..ငါ ဂရုမစိုက်ဘူး...ငါ့ကိုချစ်တာတခုပဲဂရုစိုက်နေမိတယ်...