အခန်း(၇၆)

321 31 6
                                    

မတည်​မငြိမ်​လှုပ်​ရှား​နေစဲဖြစ်​​သော ဇနီးသည်​၏စိတ်​တို့အား တည်​ငြိမ်​​စေရန်​နှစ်​သိမ့်​​ပေး​နေမိပြီး ရင်​ခွင်​ထဲမှလွတ်​ထွက်​သွားမည်​ကိုစိုးရိမ်​စွာဖက်​တွယ်​ထားမိသည်​။ ထိုအချိန်​၌မိမိတို့အခန်းသို့ဝင်​​ရောက်​လာသည့်​ ​သော့်​...ကားရုံမှ​ကောင်​​လေးကိုမြင်​​တွေ့လိုက်​ရ​၍ စိုးရိမ်​စိတ်​နှင့်​ကြည့်​လိုက်​မိသည်​။ ယခုနထဲကသွားရန်​​တွေးမိ​သော်​လဲ ​ခြေလှမ်းတို့မှာ သတိမရ​သေးသည့်​ဇနီးထံသို့သာပြန်​လှည့်​လာ​စေသည့်​အတွက်​ အ​ရေး​ပေါ်အ​ခြေအ​နေပြီးသည့်​အချိန်​အားယခုထက်​ထိမိမိမှာမသိရှိရ​သေး​ပေ။ အမှူး နှင့်​ နန္ဒ တို့ပြန်​သွားကြပြီလားဆိုသည်​ကိုလဲမသိ.. နာရီ​ပေါင်းများစွာဇနီးသည်​နားရှိ​နေခဲ့ပြီးမှ ဤ​နေရာထိ​ရောက်​လာသည့်​လူအားမြင်​​တွေ့လိုက်​ရချိန်​၌ စိတ်​ထဲတွင်​စိုးရွံ့သွားမိပြီးအနည်းငယ်​မျှတုန်​လှုပ်​သွားမိ​လေသည်​။တုန်​လှုပ်​မိသည်​ဆို​သော်​လဲ ရင်​ခွင်​ထဲမှဇနီးသည်​အားကြင်​နာစွာ​ထွေး​ပွေ့ထားမိစဲရှိ​နေပြီး အားလုံး၏အကြည့်​တို့မှာ ဝင်​​ရောက်​လာသူထံ၌သာရှိ​နေခဲ့သည်​။

-ဆရာ..သတိပြန်​ရလာပြီလို့ထင်​ရတယ်​ ဆိုပြီး သူ​ဌေးကို​ပြောခိုင်းလိုက်​လို့ပါ...

-ဘာ...

မိမိနားကိုပင်​မိမိမယုံကြည်​နိုင်​​လောက်​​အောင်​ ​စေ...အံ့သြ​နေမိပြီး မိမိကဲ့သို့ပင်​ အားလုံးမှာအံ့အားသင့်​သွားကြကာ ​ခေါင်းခါရမ်းရင်းမယုံကြည်​နိုင်​စွာဖြင့်​ ဝဏ္ဏ ​မေးလိုက်​မိသည်​။

-​သေချာရဲ့လားကွာ...ခုနကမှ...

-ဟုတ်​ကဲ့..အခုပဲဆရာဝန်​​တွေ စစ်​​ဆေးဖို့​ခေါ်သွားကြတာဗျ...ဒါ​ကြောင့်​ကျွန်​​တော်​လာအသိ​ပေးတာပါ..။

ဘယ်​လိုလုပ်​ဖြစ်​နိုင်​မှာတဲ့လဲ...။မိမိနားတို့ကိုပင်​မယုံကြည်​နိုင်​​အောင်​ ဆွံ့အ​နေမိပြီး အ​တွေးတို့မှာလဲမရပ်​တန့်​နိုင်​​တော့​ပေ။ လွန်​ခဲ့​သောနာရီပိုင်း​လောက်​ကမှ နှလုံးခုန်​ရပ်​သွားပြီ ဟူ၍စိုးရိမ်​တကြီးဖြတ်​သန်းခဲ့ရပြီး ယခု​တော့သတိပြန်​ဝင်​လာသည်​တဲ့လား..။နားမလည်​နိုင်​ အံ့သြစွာနှင့်​ငြိမ်​သက်​​နေခဲ့မိပြီး သွားကြည့်​ရမည်​ကိုသိပါ​သော်​လဲ ရင်​ခွင်​ထဲ၌အားအင်​ချိနဲ့စွာပင်​ပန်း​နေ​သောဇနီးသည်​အား ယခုအချိန်​မှာမထားခဲ့ချင်​​သေးပါ။ မိမိ၏နှစ်​သိမ့်​မှု့ အားလိုအပ်​​နေ​သေးသည်​၊ မိမိ၏​နွေး​ထွေး​သောရင်​ခွင်​ထက်​ ခိုဝင်​ရင်းဝမ်းနည်းမှု့ မျက်​ရည်​တို့အားတိတ်​​စေဖို့အချိန်​လို​နေဦး​ပေမည်​။
သို့​သော်​လဲသူငယ်​ချင်းဖြစ်​သူထံသို့ သွား​ရောက်​ချင်​စိတ်​မှာလဲတားမရ​အောင်​ပင်​။ နှစ်​ဖက်​လုံးသည်​မိမိအတွက်​အ​ရေးကြီးသူများဖြစ်​​နေရပြီး တဖက်​က​တော့ဘဝအတွက်​တန်​ဖိုးမဖြတ်​နိုင်​သည့်​အရာ၊ တဖက်​မှာလဲအသက်​အန္တရာယ်​စိုးရိမ်​​နေရစဲဖြစ်​သည့်​ တန်​ဖိုးထားရသူ..တန်​ဖိုးချင်းမတူညီ​သော်​လဲ နှစ်​ဦးလုံးမှာ တန်​ဖိုးမဖြတ်​နိုင်​သည့်​လူများပင်​ဖြစ်​သည်​။ စိတ်​ရှုတ်​ကာသက်​ပြင်းခပ်​ဖွဖွချ​နေစဲပင်​ ဇနီးသည်​၏အစ်​မဖြစ်​သူထံမှ...

SAME LOVE DIFFERENT FEELING    (Complete) Where stories live. Discover now