C-131

174 25 1
                                    

အခန်း ၁၃၁

“ပီတိဆိုတာ….”

“မင်း…မင်း…!” ရီယွမ်၏ ခပ်ကြောကြော စကားသံကို ကြားရသောအခါ ထိုကောင်လေးက ဒေါသအလွန်ထွက်သွားလေတော့သည် ။

“ဒါ..ဒါက.. ကျင်လုံဝေက ပေးတဲ့ ရိက္ခာတွေမဟုတ်လား.. မင်းက ဘယ်လိုဖြစ်လို့…. …”

သူ့စကားမဆုံးသေးခင်မှာပင် ရီယွမ်က တဟားဟား.. ထရယ်လိုက်လေ၏ ။ စန်ကျင့်လွေပါ ရီယွမ်နှင့်အတူ လိုက်ရယ်လိုက်သည် ။

ကျင်လုံဝေမှ စစ်သည်များသည်လည်း ထိုစကားကို သဘောကျစွာ အားရပါးရ ဝါးလုံးကွဲ ရယ်မောလိုက်ကြသည် ။

စန်ကျင့်လွေက  သဘောကျစွာ ပြုံးလိုက်ရင်း မှတ်ချက်ချလိုက်မိသည် …… “ဒီကောင်လေး ပြန်ချေတဲ့ပုံကတော့ မှတ်သားလောက်စရာဘဲ…ဟဟ….”

ထိုကောင်လေးက အတန်ငယ် ဆွံ့အံ့မှင်တက်သွားမိသည် ။ နောက်ဆုံးတွင်… သူပြောသည့်အထဲတွင် ရယ်စရာတစ်ခုခုပါသွားတယ်ဆိုတာ… သူသဘောပေါက်သွားလိုက်သည် ။

ရီယွမ်က…ရယ်မောနေရာမှ အရှိန်သတ်လိုက်ပြီး… “မင်းက ရိက္ခာတွေလိုချင်တယ်..ဟုတ်လား…? ရတယ်လေ.. အဲဒါဆိုရင်… ငါ့အစ်မအိမ်ထဲကို မင်းတို့ပစ်ထားတဲ့ နွားချေးခြောက်တွေကို ပြန်ကောက်ပြီး ငါ့ကို စားပြစမ်း…အဲဒါဆိုရင် ငါမင်းကို နည်းနည်းပေးမယ်….!” ဟု အေးစက်စွာပြောလိုက်သည် ။

ရီယွမ်၏ အိမ်ကို နွားချေးများဖြင့် ပစ်သည့် ကလေးများအထဲတွင် ပါဝင်သော ကလေးတစ်ယောက်က…
“မင်းရဲ့အိမ်…မီးလောင်သွားပြီး… နွားချေးတွေလဲ.. မင်းအိမ်နဲ့ အတူ လောင်သွားကုန်ပြီး…”

ရီယွမ်က ထိုကလေးကို စိတ်မရှည်သည့်ဟန်ဖြင့် မျက်မှောင်ကြုတ်ကာ ကြည့်လိုက်ရင်း…
“ဒီရွာမှာ…နွားချေးတွေ ..ဒီလောက်ပေါတာ…ဒါတောင် မင်းတို့ မရှာနိုင်ကြဘူးလား…!!”

“မင်း..မင်း…!” ထိုကောင်လေးက သူ၏ လက်သီးကို ကျစ်နေအောင် ဆုပ်ထားလိုက်မိသည် ။ ရီယွမ်က ဒီနေ့အဖို့ သူ့ကို ဘယ်လိုနည်းနှင့်မှ လွယ်လွယ်နှင့် လွှတ်ပေးမည်မဟုတ်မှန်း သူသိလိုက်သည် ။

True Martial World (Book9-12)Where stories live. Discover now