C-137

170 22 1
                                    

၁၃၇

''ငါသာ ကောင်းကင်သားရဲသခင်တစ်ယောက် ဖြစ်လာမယ်ဆိုရင် ..''

လင်စန်းတုန်အနေဖြင့်... သူမအဆင့်တက်သွားပြီး ထူးခြားဖြစ်စဉ်တစ်ခု ကဲသို့ အခြေအနေ မရှိခဲ့ဘူးဆိုတာကို သေချာသိသည် ။ အကြောင်းတစ်ခုခုကြောင့် မတော်တဆ ကံကောင်းသွားခြင်း ဖြစ်မည်ဟု မှတ်ယူလိုက်သည် ။

ကောင်းကင်သားရဲ သခင်များအနေဖြင့် သားရဲများကို သန့်စင်ချေဖျက်ရာတွင် ထိုကဲ့သို့သော ထူးထူးဆန်းဆန်း ဖြစ်ရပ်များနှင့် တစ်ခါတစ်ရံတွေ့ဆုံလေ့ရှိကြပြီး အဆင့်မြင့် အမြူတေများကို ရရှိတတ်ကြလေသည် ။

သို့သော်… ဒီနေ့ကတော့ အနည်းငယ် ထူးဆန်းနေသလိုပင်။
သူမ၏ လှုပ်ရှားမှုများတွင် အများကြီး အာရုံမစိုက်ရဘဲနှင့် …. မှော်စာလုံးများက… အလင်းစက်များကို အပြင်သို့မရောက်ရှိအောင် စုစည်းထားလိုက်နိုင်သည် ။

ရီယွမ်က အလင်းစက်များကို အာရုံစူးစိုက်ပြီး လိုက်ကြည့်နေမိသည် ။
ရီယွမ်က အလင်းစက်များကို သူလိုသလို ထိန်းချုပ်စေခိုင်းနိုင်နေပြီ ဖြစ်၏ ။ ရီယွမ်၏ ချစ်စရာကောင်းသော စွမ်းရည်တစ်ခုပင်….

ကောင်းကင်သားရဲသခင်တစ်ယောက်အနေဖြင့် သားရဲမှော်ကောင်များ၏ စွမ်းအင်များကို လိုသလို စုဆောင်းအသုံးချနိုင်တယ်ဆိုတာကို သူသေချာသိထားသည်။

သို့သော်.. ထင်သလောက် မရိုးရှင်းပေ.. ထိုအခြေအနေတွင် သားရဲသခင်က… စွမ်းအင်ဖြစ်စဉ်များအပေါ်…သူတို့၏ ကိုယ်ပိုင်အမှတ်တံဆိပ်ကို ခပ်နှိပ်ရလေသည်။

ထို့ပြင် စွန့်ပစ်သားရဲ၏ အရိုးများထဲတွင် သူတို့၏ ကိုယ်ပိုင်စွမ်းရည်တစ်ရပ်ရှိလေသည် ။ သားရဲသခင်၏ မူပိုင်အမှတ်တံဆိပ်နှင့် စွန့်ပစ်သားရဲအရိုး၏ စွမ်းအင်တို့ ပေါင်းစပ်သွားသောအခါ … ထူးခြားသောပြောင်းလဲမူတစ်ရပ်ကို ဖြစ်ပေါ်စေ၏ ။ စွန့်ပစ်သားရဲအရိုးမှ… စွမ်းအင်ပိုမိုသိပ်သည်းသော အမြူတေ တစ်ခုအဖြစ်သို့ ကူးပြောင်းသွားခြင်း ဖြစ်၏ ။

ထိုဖြစ်စဉ်က ရီယွမ်၏ စိတ်ဝင်စားမှုကို အတော်လေး ဆွဲဆောင်ဖမ်းစားထားနိုင်၏ ။ …တကယ်လို့.. ငါသာ .. ကောင်းကင်သားရဲသခင် တစ်ယောက် ဖြစ်လာမယ်ဆိုရင်…..!!

True Martial World (Book9-12)Where stories live. Discover now