C-177

157 25 0
                                    

သူရဲကောင်းတစ်ယောက်၏ ဒဏ္ဍာရီ
အခန်း ၁၇၇

အဆုံးမဲ့ကျယ်ပြောလွန်းလှသော တိုင်အီဆေးပင်တောင်ကြီးပေါ်တွင် သေးငယ်သော ပုံရိပ်လေးတစ်ခုက တောင်နံရံတစ်လျှောက် ခုန်ကူးပြေးလွှားနေသည်ကို တွေ့နိုင်ပေသည် ။

အလေးချိန် ၂၀၀ ကော်ဒရွှန်ကို ထမ်းပိုးထားရသည်ဖြစ်ရာ ရီယွမ်ကသူ၏ခြေလှမ်းတိုင်းကိုသတိထားနေရသည်။ ရွံ့မြေများကိုရှောင်ကွင်းပြီး ကျောက်တုံးကြီးများပေါ်မှသာ ရွေးလျှောက်နေရသည် ။ သို့မဟုတ်ပါက သူ၏ ခြေထောက်များ မြေကြီးထဲသို့ နစ်ဝင်ကျွံကျသွားပေလိမ့်မည် ။

တော်သေးသည်… တိုင်အီဆေးပင်တောင်ကြီး၏ ကျောက်တုံးများက ရီယွမ်၏ အလေးချိန်ကို ခံဆောင်နိုင်သည့်အထိ မာကျောခိုင်ခံလွန်း၍သာ…

ကျောက်တုံးတစ်တုံးပေါ်ခြေချပြီး နောက်တစ်တုံးပေါ် ခြေတစ်ဖက်ချရန်ဟန်ပြင်လိုက်ရုံပဲ ရှိသေး….သူ့ခြေချထားသော ကျောက်တုံးကြီးက ဝှစ်ခနဲဆိုပြီး နေရာမှ ချော်ထွက်သွား၏ ။ ကျောက်တုံးကြီးချော်ထွက်သွားသည်နှင့် ရီယွမ်သည်လည်း အောက်သို့ဝုန်းခနဲ ပြုတ်ကျသွားသည် ။

အလေးချိန်၂၀၀ ကော်ဒရွှန်နှင့် အမြင့်မှ ပြုတ်ကျလာခြင်းက လှောင်ရယ်စရာတစ်ခု မဟုတ်ပေ…ရီယွမ်သာ သာမန်ကျောက်တုံးတစ်တုံးပေါ်သို့ ပြုတ်ကျသွားပါက ဒဏ်ရာပြင်းထန်စွာ ရရှိသွားပေလိမ့်မည် ။

သူ့ခန္ဓာကိုယ်ဟန်ချက်ပျက်ပြီး အောက်သို့လျှောကျသွားသည်ကို သိလိုက်သည်နှင့် ရီယွမ်က စီးမျောခြင်းပြဒါးဝတ်စုံ၏ အလေးချိန်ကို ချက်ချင်း မလျော့ချလိုက်သေးပဲ..သူ၏ခန္ဓာကိုယ်ကို တစ်ပတ်လှည့်ပြီး တပ်မတစ်ထောင်ဓါးမော့ကို ဆွဲထုတ်လိုက်သည် ။

ခွမ်း!

တပ်မတစ်ထောင် ဓါးမော့က သူ့အောက်ရှိ ကျောက်တုံးကြီးကို တိုဖူးတစ်ခုပမာ လှီးဖြတ်သွားခဲ့သည် ။ ရီယွမ်က ကိုယ်ကိုလွှဲယမ်းလိုက်ပြီး လေထဲတွင် ဂျွမ်းနှစ်ပတ်ပစ်လိုက်ကာ ထိုမှအရှိန်အကို တစ်ဖန်ပြန်လည်အသုံးချပြီး ဘေးဘက်သို့ မျောက်တလွှဲကျော်တစ်ကောင်ပမာ ခုန်ကူးလိုက်သည် ။ နောက်ဆုံးတွင် သုံးမီတာခန့် ဆက်လက်ပြုတ်ကျလာပြီးသည့်နောက်တွင် သူ၏ ခြေဖျားက ကျောက်သားမြေမာတစ်ခုပေါ်သို့ ကျရောက်လာခဲ့သည် ။

True Martial World (Book9-12)Where stories live. Discover now