C-159

159 26 1
                                    

သူရဲကောင်းတစ်ယောက်၏ဒဏ္ဍာရီ
အခန်း ၁၅၉

"ပညာရှင်ရိပ်မြုံ"

ထိုလမ်းက မြို့တော်၏ အလယ်တည့်တည့်သို့ဦးတည်ဖေါက်ထားခြင်း ဖြစ်သည် ။ ထိုလမ်းက မြို့တော်၏ တောင်ဘက်တံခါးနှင့် မြို့ထဲသို့ ဆက်သွယ်ထားပေးခြင်းဖြတ်ရာ တောင်ဘက်ဂိတ်တံခါးမှ ဝင်ရောက်လာသူမှန်သမျှ ထိုလမ်းကို ဖြတ်သန်းရမည် ဖြစ်သည် ။ ထို့ကြောင့် ဤနေရာတွင် ပုံတူကျောက်ရုပ်များ ထွင်းထုထားခြင်းက အလွန်ခမ်းနားတင့်တင်လှသည့် ပြယုဂ်တစ်ခုလည်း ဖြစ်သည် ။

" ထိပ်ပြောင်နှင့်လူက ဒီလမ်းကို ပညာရှင်ရိပ်မြုံ လို့လဲ ခေါ်တယ်.. နတ်ဘုရားဒေသ သင်တန်းကျောင်းက သင်တန်းသားတွေ စံချိန်အသစ်တင်နိုင်တဲ့အခါမှာ သူတို့ရဲ့နာမည်ကို ပညာရှင်ရိပ်မြုံမှာ မှတ်တမ်းတင်ထားခဲ့ကြတယ်.. ပြီးတော့ ပန်းပုဆရာက သူတို့ရဲ့ပုံတူကိုထုပေးပြီး နောင်လာနောင်သားတွေ မြင်ရအောင် သူတို့ရဲ့စံချိန်နဲ့ အတူပြထားပေးတယ်.."

" မင်းတို့ရဲ့နာမည်နဲ့ ပုံတူပန်းပုကို နတ်ဘုရားမြို့တော်မှာ ချန်ထားရတဲ့အထိ အောင်မြင်ကျော်ကြားဖို့ဆိုတာ... လူတိုင်းလိုချင်နေကြတဲ့ စိတ်ကူးယဉ်အိပ်မက်တစ်ခုပဲ... ဒါပေမယ့်.. အဲဒီလိုလုပ်နိုင်ဖို့က အရမ်းခက်တယ်... လွန်ခဲ့တဲ့ အနှစ်နှစ်ရာကတည်းက အခုထိ စံချိန်အသစ်တွေ တစ်ခုမှ မပေါ်ထွက်လာသေးသလို.. ဘယ်ပုံတူကျောက်ရုပ်မှလဲ အသစ်မပေါ်လာသေးဘူး.. တကယ်လို့များ.. တစ်ယောက်ယောက်ကသာ. အဲဒီလိုမျိုးလုပ်နိုင်ခဲ့လို့ရှိရင် အနာဂတ်မှာ ပညာရှင် ( ဆာဂီ )တစ်ယောက် ဖြစ်လာမှာ ကျိန်းသေပဲ... "

" အဲဒါကြောင့်ပဲ... ဒီလမ်းကို ပညာရှင်ရိပ်မြုံ လို့ခေါ်ကြတာပေါ့...! "
" ဆာဂီ.. တစ်ယောက် ဖြစ်လာဖို့..? " ထိုစကားများကို ကြားလိုက်ရသောအခါ လူငယ်များအားလုံး စိတ်လှုပ်ရှားသွားကြသည်.. လူသားသခင် တစ်ယောက်... ပညာရှင်တစ်ယောက် ဆိုသည်က လက်ဖျောက်တစ်ချက်တီးလိုက်ရုံနှင့် ချက်ချင်းမိုးရွာနိုင်အောင်ပင် လုပ်နိုင်စွမ်းရှိကြသည့်သူများပင် မဟုတ်ကြပါလော...

ထို့ပြင် တိုင်အီနိုင်ငံ၏ အင်ပါယာသခင်ကလဲ.. ဆာဂီတစ်ဦးပင် ဖြစ်သည် ။ မှန်ပေသည်.. ဆာဂီများထဲတွင် အတော်ဆုံးဆာဂီတစ်ယောက်ပင် ဖြစ်ချေသည် ။

True Martial World (Book9-12)Where stories live. Discover now