C-170

160 24 0
                                    

သူရဲကောင်းတစ်ယောက်၏ ဒဏ္ဍာရီ

အခန်း ၁၇၀

“ မင်းက အထမ်းသမားလား ? ”

“ ဒါက ဟာသပဲ.. ရွှမ်းဝူစစ်တပ်လို ခန္ဓာကိုယ်ကြံခိုင်ပြီး ခွန်အားကို အဓိကထားတဲ့ စစ်တပ်က လူတွေတောင် ကနဦးမြှားတံကို ကြွအောင် မမနိုင်ဘူးဆိုတော့ ပစ်ဖို့ဆို စဉ်းစားကြည့်စရာတောင် မလိုဘူး  .. ”
ကျင်လုံဝေမှ လူများက တစ်ဦးနှင့်တစ်ဦး အသံလှိုင်းများဖြင့် ဆက်သွယ်ပြောဆိုနေကြသည် ။

တိုင်အီနတ်ဘုရားမြို့တော် လေ့ကျင့်ရေးစခန်း၏  လေ့ကျင့်ခန်းများက တစ်ခုထက်တစ်ခု ပိုပြီး ခက်ခဲလာသည်က သူတို့မျက်မြင်ကိုယ်တွေ့ပင် !

လေ့ကျင့်ခန်းများက အလွန်ခက်ခဲကြမ်းတမ်း လွန်းလှသည် !

ယနေ့က သူတို့အတွက် ပထမဆုံးနေ့သာ ရှိသေးသည် ။ အနာဂတ်တွင် ထိုကဲ့သို့အလားတူဖြစ်ရပ်များကို သူတို့ဆက်လက်တွေ့ကြုံလာသည့်အခါ သူတို့တောင့်ခံမနိုင်ပါက ဖြစ်ပေါ်လာမည့် ရလာဒ်များက မတွေးရဲစရာပင်..!

ဆယ့်ငါးမိနစ်အကြာတွင်တော့ ရွှမ်းဝူစစ်တပ်မှ လူများ တစ်ယောက်ပြီးတစ်ယောက် မြေပေါ်သို့လဲကျသွားလေတော့သည် ။ သူတို့၏မျက်နှာများက နီမြန်းနေကြပြီး လျှာတန်းလန်းနှင့် အမောဖောက်နေသော ခွေးများကဲ့သို့ မြေပေါ်တွင် ခြေပစ်လက်ပစ်လှဲ နေကြ၏ ။

“ မင်းတို့ အခုချက်ချင်း ထလုပ်မလား..? မလုပ်ဘူးလား ? ” ထိပ်ပြောင်ဆရာက သူတို့ကို မာန်မဲလိုက်သည်။

ထိုသို့အပြောခံရခြင်းကို သူတို့ကိုယ်သူတို့ ရှက်မိစေသည် ။

“ မင်းတို့လောက် ပျော့ညံ့တဲ့ကောင်တွေ ငါတစ်ခါမှ မမြင်ဖူးဘူး ! အစက မင်းတို့မြှားကို ပစ်မနိုင်ရင်တော်သေးတယ်..! အခုမင်းတို့က ထတောင်မထနိုင်ကြတော့ဘူးပေါ့လေ..! ”

“ မင်းတို့ ထတောင် မထနိုင်ကြဘူးဆိုရင် ဘာလုပ်ဖို့ ဆက်ထားထားဦးမှာလဲ..! မင်းတို့ဟာတွေ မင်းတို့ ဖြတ်ပစ်လိုက်ကြလေ ! မိန်းကလေးလို့ အခေါ်ခံရတာတောင်မှ ကောင်းဦးမယ် ! ” ထိပ်ပြောင်ဆရာကြီး၏ စကားများက ရင့်သီးကြမ်းတမ်းလွန်းလှသည် ။ ရွှမ်းဝူစစ်တပ်မှ လူများအားလုံး ထိပ်ပြောင်ဆရာကြီး၏ စကားလုံးများအောက်တွင် ခေါင်းပင် မဖော်နိုင်ကြတော့ပေ..

True Martial World (Book9-12)Where stories live. Discover now