သူရဲကောင်းတစ်ယောက်၏ဒဏ္ဍာရီ
အခန်း ၁၅၂“သိုင်းပညာ၏ နုလုံးသားဟူသည် ”
ရေခဲသတ္တုသွေးအစီအရင်ထဲရှိ ရီယွမ်ကတော့ သူ၏ ကိုယ်ပိုင်ကမ္ဘာငယ်လေးထဲတွင် ကိုယ်ရောစိတ်ပါ နှစ်မြုပ်ကာ စီးဆင်းပျော်ဝင်လျက်ရှိနေဆဲပင်….
ဗိုလ်ချုပ်ရန်မန်၏စကားများနှင့် ကျန့်ပြည်နယ်မှ သိုင်းသမားများ၏ တစ်ယောက်တစ်ပေါက် ပြောဆိုနေကြသံများကို သူလုံးဝ မကြားနိုင်ပေ…
သူ့ခန္ဓာကိုယ် ပတ်ပတ်လည်တစ်ပေအကွာရှိ ကွပ်လပ်လေးက သူ၏ကိုယ်ပိုင်ကမ္ဘာငယ်လေးတစ်ခုပင်.. ထိုကွက်လပ်ငယ်လေးကို အပြည့်အဝထိန်းချုပ်နိုင်ဖို့ဆိုတာ ရီယွမ်အတွက်တော့ အတော်လက်ဝင်သော ကိစ္စတစ်ခုပင်..
ဤကမ္ဘာစိမ်းကြီးထဲသို့ ရောက်ရှိလာသည့်နောက်ပိုင်းတွင် ရီယွမ်၏ သိုင်းပညာအမြင်နှင့် နားလည်နိုင်စွမ်းများက တဖြည်းဖြည်းနက်ရှိုင်းလာခဲ့ကြသလို သိုင်းပညာအပေါ် စိတ်ဝင်စားမှုများကလည်း တနေ့တခြား တိုးများလာခဲ့ကြသည် ။
သိုင်းပညာဆိုသည်မှာ အဖိုးအထိုက်ဆုံးသော အမြူတေတစ်ခုဟုပင် တင်စားခေါ်ဝေါ်နိုင်ပေသည် ။ ထိုအမြူတေထဲတွင်ရှိသော ထူးထွေဆန်းပြားပြီး စစ်မှန်သည့်ပညာရပ်များက စွန့်စားရှာဖွေတတ်သော သူရဲကောင်းများကို အစဉ်အမြဲဖိတ်ခေါ်လျက်ရှိကြသည် ။
သူလိုချင်သော ပန်းတိုင်သို့ ရောက်ရှိခဲ့သည့်အခါတိုင်း သူရရှိခဲ့သော အသိပညာ အတတ်ပညာများက သူ့ကိုပိုပြီးအားရကျေနပ်စေသည် ။
ရီယွမ်ကတော့ အဆုံးမဲ့တောင်တန်းကြီးများပေါ်တွင် လင်စန်းတုန်နှင့် ပျံသန်းခဲ့ရသော အခိုက်အတန့်လေးကို အမှတ်ရနေဆဲပင်.. ထိုအခိုက်အတန့်က သူ၏စိတ်ထဲတွင် ဘယ်တော့မှ မေ့ဖျောက်လို့ရနိုင်မှာမဟုတ်သည့် အခိုက်အတန့်လည်း ဖြစ်သည် ။
ထို့ပြင် သားရဲကြီးများနှင့် ရင်ဆိုင်တိုက်ခိုက်ခဲ့ရသော အတွေ့အကြုံကောင်းများကိုသည်း သူရရှိထားခဲ့သေးသည် ။
အင်အားကြီးမားခြင်းဟူသော အရာတစ်ခုကြောင့်ပင်.. သူလိုချင်သော.. အနေအထား.. နှင့်လူအများ၏ လေးစားမှုကို ရရှိနိုင်ပြီး သူ့မိသားစုနှင့် သူငယ်ချင်းများကို ပျော်ရွှင်ငြိမ်းချမ်းသော ဘဝတစ်ခုကို ထူထောင်ပေးနိုင်ခဲ့သည် ။ ထို့ပြင် ရန်ငြိုးရန်စများကို အပြီးပိုင် သုတ်သင်ရှင်းလင်းလိုက်ခဲ့ခြင်းကြောင့် သူ၏ အနာဂတ် သိုင်းခရီးလမ်းတစ်ခုလုံး ကောင်းမွန်ဖြောင့်တန်းစွာ လျှောက်လှမ်းနိုင်တော့မည် ဖြစ်၏ ။
YOU ARE READING
True Martial World (Book9-12)
Fantasyစာအုပ်အမည် - သူရဲကောင်းတစ်ယောက်၏ဒဏ္ဍာရီ ဘာသာပြန် - မင်းနန္ဒာ Chapter - (121 -180)