သူရဲကောင်းတစ်ယောက်၏ ဒဏ္ဍာရီ
အခန်း ၁၂၈
“ မိုးနတ်မင်းကြီး…. မျက်စိပါရဲ့လား ”
ကျင်လုံဝေတပ်ဖွဲ့ကို ဦးဆောင်လာသော တပ်ခွဲမှူး၏ အမည်မှာ စန်ကျင့်လွေ ဖြစ်၏ ။ သူသည်လည်းပဲ ကျင်လုံဝေ၏ လက်ရွေးစင်စစ်သည်တစ်ဦး ဖြစ်လေသည် ။ စန်ကျင့်လွေက အသက်၂၃ နှစ်အရွယ် လူတစ်ဦးဖြစ်ပြီး သန်မာရဲရင့်ပြီး စွမ်းအင်ပြည့်ဝသည့်ဟန်က အထင်းသားပေါ်လွင်နေပေသည် ။
သူစီးလာသော ကျောပေါ်တွင် ထပ်ခိုးနှစ်ဆင့်ကို သယ်ဆောင်လာသည့် ဂျိုတစ်ချောင်းသားရဲကြီး၏ သွင်ပြင်ကလည်း ဝင့်ကြွားလွန်းလှသည် ။ ထိုသားရဲကြီးကို ကြည့်နေသော ရွာသားများ၏ စိတ်ထဲတွင် တိတ်လန့်သလိုဖြစ်သွားပြီး အနောက်သို့ ခြေလှမ်းအနည်းငယ် အလိုလိုဆုတ်လိုက်ရသည် ။ ထိုသားရိုင်းကောင်ကြီးမှ ထွက်ပေါ်လာသော သိပ်သည်းပြင်းထန်သော အရှိန်အဝါများကို လူတိုင်းလိုလို ခံစားနေရသည် ။
"သံအဖွဲ့မှူးကို ကြိုဆိုပါတယ်… လမ်းခရီးမှာ အတော်လေး ပင်ပန်းခဲ့ကြမှာပဲ..! ” မျိုးနွယ်စုခေါင်းဆောင်နှင့် အခြားအကြီးအကဲများ.. ကျန်းဒန်လီနှင့် ရွာသားများက သံအဖွဲ့ကို ပျာပျာသဲသဲ နူတ်ဆက်လိုက်ကြသည် ။
စန်ကျင့်လွေက မျိုးနွယ်စုအကြီးအကဲကို သက်တောင့်သက်သာဟန်ဖြင့် ရင်းရင်းနှီးနှီးလှမ်းကြည့်လိုက်ပြီး ခေါင်းတစ်ချက်ဆတ်ကာ အသိအမှတ်ပြုလိုက်သည် ။
သူတို့လာရာ လမ်းတစ်လျှောက်တွင်.. ရီယွမ်က .. သူနှင့် လျန်မိသားစုကြား မည်ကဲ့သို့ပတ်သက်မှုရှိသည်ကို စန်ကျင့်လွေအား မပြောပြထားခဲ့ပေ…။ စန်ကျင့်လွေက ရီယွမ်နှင့် လျန်ချိန်ယွိသာ ရန်ငြိုးရန်စရှိသည်ဟု သိထားခဲ့သည် ။ ယခု သူ့ကို အရိုအသေပေးနေသော လူများမှာ လျန်ချိန်ယွိနှင့် တစ်ကျိတ်တည်းတစ်ဥာဏ်တည်းသာဆိုခြင်းကို သူသိရှိခဲ့ပါက သူလုံးဝ အဖက်လုပ်မည် မဟုတ်ချေ..
မျိုးနွယ်စုခေါင်းဆောင်က စန်ကျင့်လွေကို အရိုအသေပေးပြီးသောအခါ စန်ကျင့်လွေ၏ အနောက်တွင်ကျန်ရှိနေသော ဂျိုတစ်ချောင်း သားရိုင်းကြီးငါးကောင် ရှိရာဘက်သို့ လျန်ချိန်ယွိကိုများ.. တွေ့ရလေမလားဟူသော မျှော်လင့်ချက်ဖြင့်…လှမ်းမျှော်ကြည့်လိုက်၏ ။
YOU ARE READING
True Martial World (Book9-12)
Fantasiစာအုပ်အမည် - သူရဲကောင်းတစ်ယောက်၏ဒဏ္ဍာရီ ဘာသာပြန် - မင်းနန္ဒာ Chapter - (121 -180)