သူရဲကောင်းတစ်ယောက်၏ ဒဏ္ဍာရီ
အခန်း ၁၆၁
ရီယွမ်က ကျောက်တုံးစားပွဲရှိရာသို့ လျှောက်လာခဲ့သောအခါ စားပွဲပေါ်တွင်တင်ထားသော စာအုပ်တစ်အုပ်နှင့် အဝတ်အစားသစ်တစ်စုံကို တွေ့လိုက်ရသည် ။
ထိုအဝတ်အစားများက ဖျင်ဖြင့်ရက်လုပ်ထားပြီး ကြမ်းတမ်းသော်လည်း သာမာန်ဖျင်ထည်များနှင့် ကွာခြားလေသည် ။ ထိုအကျီင်္ကို ငွေရောင်ခြည်မျှင်များဖြင့် ရက်လုပ်ထားပြီး ပြင်ပမှ ထိခိုက်မှုဒဏ်ကို အတော်လေး ကာကွယ်ပေးနိုင်၏ ။ သံချပ်ကာအကျီအပါးတစ်ထည်ကဲ့သို့လည်း အသုံးပြုနိုင်ပေသည် ။ တိုင်အီနတ်ဘုရားမြို့တော်ရှိ စစ်သင်တန်းကျောင်းမှ ကြမ်းတမ်းသော လေ့ကျင့်ရေးများထဲတွင် သာမာန်အဝတ်အစားများကိုသာ ဝတ်ဆင်ထားပါက သိပ်မကြာခင်အတွင်းမှာပင် စုတ်ပြတ်သတ်သွားလိမ့်မည် ဖြစ်သည် ။
စားပွဲပေါ်ရှိ စာအုပ်ကတော့ လက်တစ်ဆစ်ခန့်အထူရှိလေ၏ ။ စာမျက်နှာများက အလွန်ပါးလျနေကြပြီး စာအုပ်အဖုံးပေါ်တွင် နတ်ဘုရားဒေသ ဟု ရေးထားလေသည် ။
ရီယွမ်က ထိုစာအုပ်ကို အနည်းငယ် လှန်လှောကြည့်ရှုလိုက်သောအခါ ထိုစာအုပ်ထဲတွင် နောက်ထပ်ကမ္ဘာကြီးတစ်ခု ရှိနေသလို ခံစားလိုက်ရသည် ။ စာရွက်များတွင် မည်သည့်စာလုံးမှ ရေးထိုးထားခြင်းမရှိသော စာရွက်အလွတ်များသာ ဖြစ်ကြသော်လည်း ထိုစာအုပ်ထဲသို့ စိတ်စွမ်းအင်ကို အနည်းငယ် ပို့လွှတ်စီးဆင်းစေလိုက်သောအခါတွင်တော့ ထိုထဲတွင်ပါရှိသော အကြောင်းအရာအများကြီးကို ကောင်းစွာ ဖတ်ရှုနိုင်လေသည် ။
ထိုစာရွက်တစ်ရွက်စီတွင် ပါရှိသော စာလုံးများက စာအုပ်တစ်အုပ်စာခန့်ရှိကြပြီး စာအုပ်ပေါင်းများစွာကို ပေါင်းစည်းထားခြင်းနှင့် တူပေသည် ။ စာအုပ်ထဲတွင်တော့ နတ်ဘုရားဒေသထဲတွင်ရှိသည့် အကြောင်းအရာများကို ရှင်းလင်းဖော်ပြထားပေးသည် ။
တိုင်အီ နတ်ဘုရားမြို့တော်…!
နတ်ဘုရားဒေသ !
ရှေးဦးမူလ စွန့်ပစ်သားရဲကြီးများ !
ရတနာသိုက်များ..!
YOU ARE READING
True Martial World (Book9-12)
Фэнтезиစာအုပ်အမည် - သူရဲကောင်းတစ်ယောက်၏ဒဏ္ဍာရီ ဘာသာပြန် - မင်းနန္ဒာ Chapter - (121 -180)