C-171

150 23 0
                                    

သူရဲကောင်းတစ်ယောက်၏ ဒဏ္ဍာရီ
အခန်း ၁၇၁

ရီယွမ်က သတ္တုသေတ္တာကြီးရှိရာသို့ လျှောက်လှမ်းသွားပြီး ထိုမြှားကို ကောက်ကိုင်လိုက်သည် ။ မြှားတံ၏ ကိုယ်ထည်ကို ထိတွေ့လိုက်သည်နှင့် အေးစိမ့်သောခံစားချက်လေးက သူ့ရင်ထဲသို့ တုန်ခါစီးဆင်းသွားခဲ့သည် ။

ရီယွမ်က မြေကြီးပေါ်တွင် ခိုင်ခိုင်မတ်မတ်ရပ်လိုက်ပြီး သူ၏ ဘယ်လက်ကို အရှေ့ထုတ်ကာ ညာလက်ကိုအနောက်မှထားပြီး ကနဦးမြှားတံကြီးကို တင်းကျပ်စွာဆုပ်ကိုင်လိုက်သည် ။ ရီယွမ်က ထိုမြှားကို သူ၏ ပခုံးပေါ်သို့ မတင်လိုပဲ သူ၏ လက်နှစ်ဖက်ဖြင့်သာ ထိုမြှားကို ကိုင်မချင်သည် ။

ချင်ထိပ်ပြောင်ကြီး ပြောသည်ကလဲ အမှန်တရားပင်.. လှံကိုဘယ်သူက ပခုံးနဲ့ထမ်းလို့လဲ ?

ဒီသောက်ကလေးကတော့..! ကျိုးခိုင်ကတော့ ရီယွမ်ကို စိတ်ပျက်လက်ပျက် စိုက်ကြည့်နေလိုက်သည် ။

လက်ချည်းသက်သက်ဖြင့် သယ်ယူရခြင်းက ပခုံးပေါ်ထမ်းတင်ခြင်းထက် ပိုပြီး ခက်ခဲသည် ။

ရီယွမ်က အသက်ပြင်းပြင်းတစ်ချက်ရှုလိုက်ပြီး ဒူးကိုအနည်းငယ်ကွေးကာ ကျောနှင့်တင်ပါးကို တစ်ဖြောင့်တည်းထားလိုက်၏ ။ သူ၏ရှိသမျှစွမ်းအင်များအားလုံးကို သူ၏ လက်မောင်းများအတွင်းသို့ စီးဆင်းစေလိုက်သည် ။

ကြွတက်လာစမ်း!

ရီယွမ်၏ ကြွက်သားများ ဖုထစ်ကြွတက်လာကြပြီး နဖူးမှ သွေးကြောများပင် အထင်းသားပေါ်ထွက်လာကြသည် ။ ကနဦးမြှားကြီးကို သူမတင်နိုင်ခဲ့ပြီ မဟုတ်ပါလား…

ကနဦးမြှားကြီး၏ ကြောက်မက်ဖွယ်ရာ အလေးချိန်ကို သူခံစားနေရသည် ။ သူ၏လက်မောင်းကြွက်သားများပင် တင်းကြပ်လွန်းသောကြောင့် တစ်စစီ စုတ်ပြတ်သွားကြတော့မည့် အတိုင်းပင်..

''အဲဒီကလေးက တကယ်မလိုက်တာလား ?” ထိုမြင်ကွင်းကို တွေ့လိုက်ရသောအခါ ရွှမ်းဝူစစ်တပ်မှ လူများ၏ မျက်နှာတွေက ရုပ်ဆိုးအကျည်းတန်သွားခဲ့ကြသည် ။

သို့သော် မြှားကို မတင်နိုင်သည်ဆိုခြင်းက ပထမအဆင့်ပဲရှိသေးသည် ။ ထိုမြှားကို ခရမ်းရောင်အဖြိုက်နက်သတ္တုနံရံကြီး ထဲတွင် နစ်မြုပ်အောင် စိုက်ထူထားရဦးမည် မဟုတ်ပါလား ?

True Martial World (Book9-12)Where stories live. Discover now