C139

159 25 0
                                    

၁၃၉

“ ရီယွမ် is ရီယွမ်  ”

“ရှူး!!”

ရေခဲစပါးအုံးမြွေကြီးက ရူးခနဲ နှာမှူတ်လိုက်ပြီး ရီယွမ်ကို စတင်တိုက်ခိုက်လိုက်လေ၏ ။

ထိုမြွေကြီးမှ ထုတ်လွှတ်လိုက်သော စွမ်းအင်များက အလွန်ပင်ကြောက်မက်ဖွယ်ရာကောင်းလှ၏ ။ ထိုမြွေကြီး၏ ရစ်ပတ်ခြင်းခံလိုက်ရပါက လူတစ်ကိုယ်လုံး ခေါက်ဆွဲများကဲ့သို့ ပျော့ဖတ်သွားမည်မှာ အသေအချာပင် ….

ရီယွမ်က အာရုံအနည်းငယ်စိုက်လိုက်သောအခါ မြွေကြီး၏ လှုပ်ရှားမှူတိုင်းကို ရှင်းလင်းပြတ်သားစွာ မြင်လိုက်ရသည် ။

ရေခဲစပါးအုံးမြွေကြီးရဲ့ ပျော့ကွက်ကို ရှာပြီး တိုက်ရမယ်….!!

ရေခဲစပါးအုံးမြွေကြီး၏ ရင်ဘတ်ကြွက်သားများရှိရာသို့ ချိန်ရွယ်ပြီး ဓါးမောက်တိုကိုမွှေ့ယမ်းလိုက်သည် ။

“ဝေါင်း!!”

ရီယွမ်က စတင်တိုက်ခိုက်လိုက်သည်နှင့် ကျားတစ်ကောင်နှင့် နဂါးတစ်ကောင်၏ ပုံရိပ်က ရီယွမ်၏ ကျောနောက်မှ ပေါ်ထွက်လာခဲ့သည် ။ ယွမ်ချီစွမ်းအင်များ၏ အရှိန်အဝါ ပုံရိပ်များ ဖြစ်သည် ။

“ထန်း….”

ရီယွမ်၏ ဓါးမောက်က ရေခဲစပါးအုံးမြွေကြီး၏ အကြေးခွံကို ထိမှန်သွားပြီး သတ္တုအချင်းချင်း ထိခတ်သံလိုမျိုးပေါ်ထွက်လာခဲ့သည် ။

ရေခဲစပါးအုံးမြွေကြီးက သူ၏ မေးရိုးများကို ဖြဲကားလိုက်ပြီး ရီယွမ်ဆီသို့ ရေခဲအခိုးအငွေ့များ မှုတ်ထုတ်လိုက်သည် ။ရေခဲငွေ့များက ရီယွမ်ထံသို့ တောက်ပနေသောဓါးတစ်စင်းကဲ့သို့ တိုးဝင်သွားခဲ့သည် ။

ရီယွမ် မျက်နှာတစ်ချက်မဲ့သွားပြီး အနောက်သို့ လျှင်မြန်စွာ ဆုတ်လိုက်ရသည် ။ ရီယွမ်က ဓါးမောက်ကို သူ့အရှေ့တည့်တည့်တွင် စက်ဝိုင်းပုံ လည်မွှတ်နေအောင် မွှေ့ယမ်းလိုက်သည် ။ ရီယွမ်၏ အရှေ့တွင် ဓါးစက်ဝိုင်းတစ်ခု ပေါ်ထွက်လာခဲ့သည်။

ထိုသိုင်းကွက်က ကောင်းကင်ဘုံ၏ နက်နဲခြင်း ဓါးကိုးကွက် ဖြစ်သည် ။ သို့သော်.. ရီယွမ်က ဓါး အစား ဓါးမောက်ကို အသုံးပြုထားသည် ။ သူက လင်စန်းတုန် နှင့် တောက်ရန်ရှောင်တို့၏ သိုင်းကွက်ကို အတုခိုးထားခြင်း ဖြစ်သည် ။ ရီယွမ်၏ ဓါးစက်ဝန်းက ရေခဲစပါးအုံးမြွေကြီး၏  မြူခိုးမြူငွေ့များကို ဖြတ်တောက်ပစ်သွားသည် ။

True Martial World (Book9-12)Where stories live. Discover now