သူရဲကောင်းတစ်ယောက်၏ ဒဏ္ဍာရီ
အခန်း ၁၈၀“လွယ်လိုက်တာ!”
ဥက္ကာပျံမြက်ပင်ကို သူဘယ်လိုခူးယူခဲ့သလဲဆိုတာကို မိန်းကလေးများက စပ်စုလာကြသောအခါ ရီယွမ်က ဘာမှ မသိသလို ကြောင်နနအမူအရာဖြင့်သာ ပြန်ဖြေလိုက်သည် ။
“ဟုတ်တယ် .. တကယ်တမ်းဆိုရင် ကျွန်တော် ကျောက်တုံးတွေတိုင်းကို လိုက်မခွဲနိုင်ဘူး .. ဒါပေမယ့် ဥက္ကာပျံမြက်ပင်က ဥက္ကာခဲဟောင်းတွေမှာပဲ ပေါက်တယ်ဆိုတာ ကျွန်တော်သိထားတဲ့အတွက် ဆေးပင်တောင်မှာရှိတဲ့ ဥက္ကာခဲလေးတွေကို ရှာပြီး ခွဲလိုက်ရုံပဲလေ… !”
“ဥက္ကာခဲက ဘယ်လိုပုံစံလဲဆိုတာ နင်သိတယ်ပေါ့လေ ဟုတ်လား?” မိန်းကလေးများက နောက်တစ်ခေါက် ထပ်မေးလိုက်ကြသည် ။ သူတို့အားလုံး ငယ်ရွယ်သူများ ဖြစ်ကြသေးသည့်အတွက် ဥက္ကာခဲကို လုံးဝမတွေ့ဖူးခဲ့ကြပေ ။
ရီယွမ်က “ဥက္ကာခဲက သာမာန်ကျောက်တုံးတစ်တုံးလိုပဲဆိုပေမယ့် မတူတဲ့အချက်တွေ အများကြီးရှိသည် ။ အာကာသထဲကနေ ပြုတ်ကျလာတဲ့အချိန်မှာ လေထုရဲ့ပွတ်တိုက်အားကြောင့် အဲဒီကျောက်တုံးကြီးက လေထဲမှာပဲ မီးလောင်သွားကြတယ် … ကောင်းကင်မြေကြီးယွမ်ချီတွေနဲ့ ရောနှောလောင်ကျွမ်းသွားတာ ဖြစ်တဲ့အတွက် အဲဒီကျောက်တုံးရဲ့ အတွင်းဘက်မျက်နှာပြင်က အမဲရောင်လက်နေပြီး တခြားကျောက်တုံးတွေနဲ့ သိသိသာသာ ကွာခြားတယ် … ပြီးတော့ အဲဒီကျောက်တုံးရဲ့ အပြင်ဘက်မှာဆိုရင်လဲ မီးလောင်ထားတဲ့ အပေါက်သေးသေးလေးတွေကို တွေ့နိုင်တယ်… အဲဒီလိုနည်းနဲ့ ဥက္ကာပျံ ဟုတ်မဟုတ်ကို ခွဲခြားလို့ရတယ်လေ”
ရီယွမ်က ကြုံရာကျပန်း ပုံပြင်တစ်ပုဒ်ကို ပြောပြနေသလိုမျိုး ရှင်းပြနေသော်လည်း အရင်ဘဝက သူသိထားခဲ့ဖူးသော ကြယ်ကြွေခြင်းနှင့်ပတ်သက်သော သိပ္ပံဆိုင်ရာအချက်အလက်များကိုပါ ထည့်သွင်းပြောကြားနေသည်ဖြစ်ရာ ထိုမိန်းကလေးများ ပါးစပ်အဟောင်းသားဖွင့်ပြီး နားထောင်နေရသည် ။
ရီယွမ်ပြောသည့်အတိုင်း သူမတို့အနေဖြင့် ဥက္ကာခဲများကို ရှာတွေ့နိုင်ရန် မဖြစ်နိုင်ဘူးဟု သူမတို့တွေးထားလိုက်ကြသည် ။ တိုင်အီမြို့တော်တွင် တစ်ဦးနှင့်တစ်ဦး ပြိုင်ဆိုင်မှုများ ပြင်းထန်သည်ဖြစ်ရာ မိမိ၏ လျှို့ဝှက်ချက်ကို မည်သူက အမှန်အတိုင်း ထုတ်ပြောပါမည်နည်း . . .
ထို့ကြောင့်ပဲ ရီယွမ်၏ စကားကို သူတို့ မယုံနိုင်ကြခြင်း ဖြစ်သည် ။
YOU ARE READING
True Martial World (Book9-12)
Fantasyစာအုပ်အမည် - သူရဲကောင်းတစ်ယောက်၏ဒဏ္ဍာရီ ဘာသာပြန် - မင်းနန္ဒာ Chapter - (121 -180)