C-132

174 27 0
                                    

အခန်း ၁၃၂

''ရိက္ခာများ ခွဲဝေပေးခြင်း''

ရီယွမ်နှင့် ကျန်းရှောက်ရုံတို့နှစ်ဦးသား အချိန်အတော်ကြာအောင် ဖက်ထားလိုက်ပြီးမှ လူချင်းခွဲလိုက်ကြသည် ။

“ယွမ်အာ.. လူရွေးချယ်ပွဲ အခြေအနေဘယ်လိုရှိလဲ..?” ကျန်းရှောက်ရုံက ရီယွမ် မအောင်မြင်မှာကို အတော်လေးစိုးရိမ်နေမိသည် ။ ရီယွမ်သာ လူရွေးချယ်ပွဲတွင် အရွေးမခံရပါက လျန်ချိန်ယွိ၏ နှောက်ယှက်မှုကို တစ်သက်လုံး ခံစားရမည်ကို စိုးသောကြောင့် ဖြစ်သည်။

ထို့ပြင် ရီယွမ်၏ သိုင်းလေ့ကျင့်မှု အချိန်ကတိုတောင်းလွန်းလှသည် ။ ထိုအရာက လူရွေးချယ်ပွဲတွင် ယှဉ်ပြိုင်ရာ၌ ခက်ခဲစေလိမ့်မည် ။

ထိုသို့မေးနေစဉ်အချိန်အတွင်း ကျန်းရှောက်ရုံက တစ်စုံတစ်ခုကို သတိထားမိသွားသည် ။ ရီယွမ်၏ ပခုံးပေါ်သူမလက်တင်ထားသည် ဖြစ်ရာ..ရီယွမ်၏ အဝတ်အစားများ…

ငါးပျံပုံ ဝတ်ရုံ….

ထိုအဝတ်အထည်ကို သူမကောင်းစွာ သိလေသည် ။

တိုင်အီဘုရင့်နိုင်ငံတော်ထဲတွင် အဝတ်အစားများဝတ်ဆင်ရာတွင် အထူးဂရုစိုက်ရ၏ ။ ငါးပျံပုံ ထွင်းထားသော ဝတ်ရုံ…..ငါးပျံ ဟူသည်ကား.. အရွယ်မရောက်သေးသော နဂါးငယ်ဟု အဓိပ္ပါယ်ရလေ၏ ။ အချိန်တစ်ခုအထိ ကြာညောင်းသွားပြီးနောက်တွင်မူ.. အရွယ်ရောက်နဂါးတစ်ကောင် ဖြစ်လာပေလိမ့်မည် ။

ထိုငါးပျံပုံ ဝတ်ရုံ၏ အပေါ်တွင်…မြွေနဂါးပုံ ဝတ်ရုံ….ချင်းနီဝတ်ရုံ….နှင့် ကြိုးကြာပုံ ဝတ်ရုံ တို့ရှိကြသည် ။
တော်ဝင်မိသားစုများထဲတွင်မူ…ချီလင်း…နဂါးပျံ…..လက်သည်းငါးခုနဂါးဝတ်ရုံ..စသည်ဖြင့်ခွဲခြားထားကြသည် ။

အဆင့်အတန်းအမျိုးမျိုးအတွက်…ကိုယ်စီ ဝတ်စားဆင်ယင်မှုများကို တိကျစွာ သတ်မှတ်ထားလေသည် ။

“ယွမ်အာ..!.. ဒီလိုအဝတ်အစားမျိုးကို ဝတ်ချင်တိုင်းဝတ်လို့မရဘူးလေ.. တခြားလူသာ သိသွားရင် ပြစ်ဒဏ်သင့်လိမ့်မယ်…အဲဒီအဝတ်အစားတွေက. အရာရှိတွေ…ဘဲ ဝတ်လို့ရတာ.. မြန်မြန်ချွတ်လိုက်…!” ကျန်းရှောက်ရုံက ရီယွမ်၏ အင်္ကျီကော်လံကို ကိုင်ပြီး ပြောလိုက်သည် ။ ရီယွမ်က အခြားသူတစ်ဦး၏ အဝတ်များကို ဝတ်ဆင်လာသည်ဟု သူမက တလွဲတချော် တွေးလိုက်မိ၏ ။

True Martial World (Book9-12)Where stories live. Discover now