သူရဲကောင်း တစ်ယောက်၏ ဒဏ္ဍာရီ ( ရီယွမ် )
အခန်း ၁၂၆
လူဝကြီးစုကျီထွက်ခွာသွားသည်ကို ရီယွမ်နှင့် လင်စန်းတုန်တို့ နှစ်ဦးသား ငေးကြည့်နေကြမိသည် ။
လင်စန်းတုန်၏ အဖြူရောင်အကျီင်္က လရောင်နှင့် ပနံရစွာ အလွန်လိုက်ဖက်နေပြီး ကြာဖြူနတ်သမီးလေးတစ်ပါးအလား ထင်ရသကဲ့သို့ ရီယွမ်သည်လည်း ငါးပျံတောင်ဝတ်စုံနှင့် ခန့်ငြားချောမောသော လုလင်ငယ်လေးအသွင် ရှိနေလေ၏ ။
လင်စန်းတုန်က နဂိုကတည်းက အနေအေးဆေးပြီး စကားနည်းသည့် မိန်းကလေးဖြစ်သည့် အားလျှော်စွာ ရီယွမ်စကားစမဆိုမချင်း ပတ်ဝန်းကျင်က အရင်အတိုင်းပင် တိတ်ဆိတ်ငြိမ်သက်လျှက် ရှိနေ၏ ။
ရီယွမ်က တိတ်ဆိတ်ခြင်းကို စတင်ဖြိုခွဲလိုက်သည် ။ “ လူဝကြီး… အယ် ..ဆရာကြီး စုကျီက ထွက်သွားပြီဆိုတော့ လင်မိန်းကလေးအနေနဲ့ ရှေ့ဆက် ဘာအစီအစဉ်တွေ ရှိသေးလဲ ? ”
လူဝကြီးကို ရီယွမ်အမည်ခေါ်ရခက်နေသည်ကို ကြည့်ပြီး လင်စန်းတုန်က သဘောကျစွာ တခစ်ခစ် ရယ်မောလိုက်လေ၏ ။ “ အင်း… ဘာမှ တော့ထွေထွေထူးထူး လုပ်စရာလဲ မရှိပါဘူး…! ဆရာက အဝေးမသွားနဲ့လို့ ပြောထားမှတော့ ငါဒီနားပတ်ဝန်းကျင်တွေပဲ လိုက်ပတ်ရမှာပေါ့… အဆုံးမဲ့ကန္တာရကြီးထဲမှာ ငါတောင် တိုက်ခိုက်လို့မနိုင်တဲ့ စွန့်ပစ်သားရဲကြီးတွေ အများကြီး ရှိနေသေးတယ်လေ…! ”
“ အင်း.. ကျွန်တော်သိပြီး.. ” ရီယွမ်က တစ်စုံတစ်ခုကို ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက်… “ လင်မိန်းကလေး .. ကျွန်တော်က မနက်ဖြန်ကျရင် လင်ကလန်ကို ပြန်တော့မှာ.. လင်မိန်းကလေးမှာ လုပ်စရာတွေ ဘာမှ ထွေထွေထူးထူး မရှိဘူးဆိုရင်လဲ.. ? ”
ရီယွမ်ကတော့ လင်စန်းတုန်နှင့်သာ ညစဉ်ညတိုင်း တိုက်ခိုက်ရမည်ဆိုပါက သူ့အတွက် ဘယ်လောက်အကျိုးရှိသွားမလဲဆိုတာ တွေးမိရင်း .. အတော်လေး သဘောခွေ့နေလေ၏ ။
“ အဲဒါဆိုရင်… ငါလဲ အစီအစဉ်ဆွဲလိုက်ဦးမယ်လေ.. ငါ့မှာလဲ လုပ်စရာလေးတွေ မပြတ်သေးလို့..! ”
“ ဟုတ်ကဲ့.. ” ရီယွမ်ကတော့ ထခုန်လုမတတ် ပျော်ရွှင်သွားလေတော့သည် ။ လင်စန်းတုန်နှင့်သာဆိုပါက သူ၏ ခွန်အားများ ဘယ်လောက်အထိ တိုးတက်သွားသလဲဆိုတာ သူမျက်မြင်ကိုယ်တွေ့ပင်.. သူယခင်ကတုန်းက တွေးထားသည်က သူ၏ အစ်မကို သွားခေါ်မည်ဆိုပါက သူ၏ သိုင်းလေ့ကျင့်မှုများကို ခေတ္တရပ်ဆိုင်းထားရမည်ဟုတွေးထားသော်လည်း ယခုအခါတွင်တော့ မည်သည်ကိုမျှ စိုးရိမ်ပူပန်နေရန် မလိုတော့ပေ..
YOU ARE READING
True Martial World (Book9-12)
Fantasiaစာအုပ်အမည် - သူရဲကောင်းတစ်ယောက်၏ဒဏ္ဍာရီ ဘာသာပြန် - မင်းနန္ဒာ Chapter - (121 -180)