အခန်း၁၃၄
“ခရမ်းရောင်သွေးအဆင့်သို့ ရောက်ရှိခြင်း….”
လင်မိန်ကလေး…! ရီယွမ်က ပြုံးလိုက်မိသည် အဘယ့်ကြောင့်ဆိုသော် လင်စန်းတုန်ရောက်လာမယ်မှန်း သူကြိုသိနှင့်နေသောကြောင့်ဖြစ်သည်။
ထို့နောက် ရီယွမ်နှင့် လင်စန်းတုန်တို့ ရေတံခွန်နားတွင် အတူလေ့ကျင့်လိုက်ကြသည် ။
လင်စန်းတုန်က မည်သည့်စကားမှ မဆိုဘဲ….သူမ၏ ဓါးကို ရီယွမ်ရှိရာသို့ လွှဲခုတ်လိုက်သည် ။ အေးစက်နေသော ဓါးသွားက ရီယွမ်ရှိရာသို့…ငွေရောင်တောက်ပနေသော မြွေတစ်ကောင်ကဲ့သို့ တလိမ့်လိမ့်တိုးဝင်လာခဲ့သည် ။
လင်စန်းတုန်၏ ဓါးသိုင်းဟန်က…အလွန်အမင်း နူးညံ့ပျော့ပျောင်းလှပြီး ကချေသည်မလေးတစ်ယောက် ကပြနေသည်နှင့်ပင် တူနေလေ၏ ။
ရီယွမ်က ခြေထောက်များကို အားပြုကာရွှေ့လျားလိုက်ပြီးနောက်….သူ၏ ပခုံးကို အနည်းငယ်လှုပ်ရှားလိုက်၏ ။ ရီယွမ်တစ်ကိုယ်လုံး မှ အရိပ်ပေါင်းများစွာ ခွဲဖြာထွက်လာခဲ့သည် ။
“တဒင်္ဂ သိမ်မွေ့နက်ရှိုင်းခြင်း..!”
လင်စန်းတုန်၏ ဓါးချက်ကို ရီယွမ်…ပွတ်ကာသီကာ ရှောင်တိမ်းလိုက်နိုင်သည် ။ မထိတထိ…ထိုလုထိခင်...သေလုမျောပါး ရှောင်တိမ်းနေရသည်ဟု ထင်ရသော်လည်း…လှုပ်ရှားမှုအားလုံးက ရီယွမ်၏ ကြိုတင်တွက်ချက်မှုအောက်တွင် အစီအစဉ်တကျ တည်ရှိနေ၏ ။
''နင့်ရဲ့ တဒင်္ဂသိမ်မွေ့နက်ရှိုင်းခြင်းက ပိုတိုးတက်လာတာပဲ…''
လင်စန်းတုန်က သူမ၏ ဓါးကို ဓါးအိမ်ထဲ ပြန်ထည့်လိုက်ပြီ ရီယွမ်ကို ချီးကျူးလိုက်သည် ။သို့သော်…သူမကရုတ်တရက် ထပ်ပြောလိုက်သည် ။ “ဒါပေမယ့်.. နင်က..အခုမှ တဒင်္ဂသိမ်မွေ့ခြင်းရဲ့ အဆင့်၁ ဘဲရှိသေးတယ်….ရန်သူရဲ့အားကို အသုံးချပြီး…တိုက်ခိုက်မှုကို ရှောင်တိမ်းနိုင်တယ်ဆိုပေမယ့်…တဒင်္ဂသိမ်မွေ့နက်ရှိုင်းခြင်းရဲ့ အဆင့်၂ ကိုရောက်ဖို့..နင့်အတွက် အလှမ်းဝေးနေတုန်းဘဲ…”
“တဒင်္ဂသိမ်မွေ့နက်ရှိုင်းခြင်းရဲ့ အဆင့်၂ ဆိုတာဘာလဲ..?” ရီယွမ်က…လုံးဝနားမလည်သည့်ဟန်ဖြင့် ခပ်ရွံရွံ့မေးလိုက်မိသည် ။
YOU ARE READING
True Martial World (Book9-12)
Fantasyစာအုပ်အမည် - သူရဲကောင်းတစ်ယောက်၏ဒဏ္ဍာရီ ဘာသာပြန် - မင်းနန္ဒာ Chapter - (121 -180)