အခန်း ၁၄၁
“ရွှေမြို့တော်ဆီသို့…”
ကီလိုငါးသောင်းကျော်ခန့် အလေးချိန်ရှိသော သားရိုင်းအသေကောင်ပုံကြီးက ကွင်းပြင်အလယ်တည့်တည့်တွင် စုပုံရောထွေးထားလျက်ရှိလေသည် ။
လျန်မျိုးနွယ်စုရှိ လူအယောက်ငါးထောင်ကျော်ခန့် ရွာလယ်ရှိ ကွင်းပြင်နားသို့ စုရုံးရောက်ရှိလာခဲ့ကြသည် ။ အသားပုံကြီးကို တွေ့လိုက်ရသောအခါ အလွန်အံ့သြသွားကြပြီး သူတို့၏ မျက်ဝန်းများ အရောင်တောက်ပလာခဲ့ကြသည် ။
“အဲဒါက.. သားရိုင်းကောင် တွေနော်… ကျွဲသား.. နွားသားတွေထက်ကို ပိုအရသာရှိမှာ အသေအချာပဲ…! တစ်ကိုက်လောက် စားလိုက်တာနဲ့တင် လူတစ်ယောက်လုံး တစ်နေ့စာ ဘာမှမစားထိပဲအသာအယာလေး နေလို့ရအောင် ခွန်အားပေးတယ်…!”
“ကီလိုငါးသောင်းကျော်လေးတဲ့ အသားသာဆိုရင်… တော်တော်ကြာခံမှာဘဲ…!”
ပျော်တဲ့လူများရှိကြသလို.. မပျော်နိုင်ကြသည့် လူများလည်း ရှိသည် ။ လျန်မျိုးနွယ်စု၏ ယခင်အကြီးအကဲများပင် ဖြစ်ပေသည် ။
အသားဘယ်လောက်များများ… သူတို့ အတွက် သိပ်မကျန်မယ်မှန်း သူတို့ သိနေကြသည် ။
“ယွမ်-အာ….!! နင်ပြန်လာပြီးလား..!” ရီယွမ်က သုံးရက်တိတိပျောက်နေခဲ့သည် ။ ကျင်လုံဝေမှ စစ်သည်များက ရီယွမ်ဘေးကင်းသည်ဟု သေချာသိထားသော်လည်း.. ကျန်းရှောက်ရုန်က အတော်လေးစိုးရိမ်နေခဲ့ရသည် ။ ရီယွမ်တစ်ယောက်.. အသားအများကြီးရပြီး ဘေးကင်းကင်းနဲ့ ပြန်လာတာကို တွေ့လိုက်ရသောအခါ သူမအလွန်ပျော်ရွှင်သွားမိသည် ။
ကျန်းရှောက်ရုန်နှင့် ကျိုးရှောက်ခီတို့ အတူ လျှောက်ထွက်လာသည်ကို တွေ့လိုက်ရသောအခါ ရွာသားများက ရှဲခနဲ လမ်းဖယ်ပေးလိုက်ကြသည်။
လူတိုင်းက ထိုမိန်းကလေးနှစ်ယောက်ကို လေးစားသော အကြည့်များဖြင့် ကြည့်နေကြသည် ။ ထိုမိန်းကလေးနှစ်ယောက်က .. ရီယွမ်၏ အာဏာကုန်ရထားသော မိန်းကလေးများ ဖြစ်ကြပြီး လျန်မျိုးနွယ်စုအတွက်.. မင်းသမီးနှစ်းပါးပင်… ဖြစ်၏ ။ ထိုနှစ်ယောက်ကို အတိုက်အခံလုပ်သည်က မိမိ၏ ခေါင်းကို လေလံတင်လိုက်သည်နှင့် အတူတူပင် ဖြစ်သည် ။

YOU ARE READING
True Martial World (Book9-12)
Фэнтезиစာအုပ်အမည် - သူရဲကောင်းတစ်ယောက်၏ဒဏ္ဍာရီ ဘာသာပြန် - မင်းနန္ဒာ Chapter - (121 -180)