C-129

167 23 2
                                    

သူရဲကောင်းတစ်ယောက်၏ ဒဏ္ဍာရီ ( ရီယွမ် )

အခန်း ၁၂၉

“ အထုပ်ဖြေခြင်း ”

ရီယွမ်က သူ၏ ယန်ချီဆေဘာဓါးကို ကိုင်ဆောင်ကာ လူအုပ်ကြီးရှေ့သို့ထွက်လာပြီး မျိုးနွယ်စုခေါင်းဆောင်၏ အရှေ့တွင် ရပ်လိုက်သည် ။

ရီယွမ်နှင့်မျက်နှာချင်းဆိုင် ဆုံတွေ့ရသောအခါ မျိုးနွယ်စုခေါင်းဆောင်၏ တစ်ကိုယ်လုံး တစ်ဆတ်ဆတ်တုန်ရီနေပေ၏ ။ ကျင်လုံဝေမှ နိုင်ငံသူရဲကောင်းဘွဲ့ကို ရရှိဖို့ ဘယ်လောက်အထိ ခက်ခဲသလဲဆိုတာ သူကောင်းကောင်းသိသည် ။ ဆိုလိုသည့်အဓိပ္ပါယ်က ရီယွမ်၏ ခွန်အားက သူတို့ မမှန်းဆနိုင်သည့် အနေအထားတစ်ရပ်သို့ ရောက်ရှိနှင့်နေပြီ ဖြစ်သည် ။

ရီယွမ်စီးနှင်လာသော ဂျိုတစ်ချောင်းသားရဲကြီး၏ တန်ဖိုးမည်မျှအထိ ရှိမည်ဆိုသည်ကို လူမျိုးစုခေါင်းဆောင်က ဆက်မတွေးရဲတော့ချေ…

လျန်ကလန်တစ်ခုလုံးရှိလူများကတော့ ကြောက်ရွံ့တုန်လှုပ်နေကြပြီဖြစ်သည် ။ အတိတ်မှ အကြောင်းကိစ္စများသာ မရှိဘူးဆိုပါက.. မျိုးနွယ်စုခေါင်းဆောင်က ရီယွမ်အရှေ့တွင် ချက်ချင်းဒူးထောက်ချလိုက်မည် ဖြစ်၏ ။ သို့သော်.. ရီယွမ်၏ ရှေ့တွင်.. သူ့ရွာသားများ၏ ရှေ့တွင်တော့.. သူအနည်းငယ် သိက္ခာဆယ်ရဦးမယ် ဖြစ်ပေသည် ။

“လျန်ချိန်ယွိကို ဒုက္ခိတဖြစ်အောင် ငါပဲ လုပ်လိုက်တာ..!” ရီယွမ်က ရိုးရိုးလေးသာ ပြောလိုက်သည် ။

မျိုးနွယ်စုခေါင်းဆောင်က ထိုစကားကို ကြားလိုက်ရသောအခါ တစ်ကိုယ်လုံး ထူပူသွားပြီး ရီယွမ်ကို အသေအကြေတိုက်ခိုက်ရန် အရှေ့သို့တိုးထွက်သွားလိုက်သည် ။ သို့သော် လက်ရှိအခြေအနေကို သတိရသွားပြီး သူ့ကိုယ်သူ ပြန်ထိန်းလိုက်သည် ။

မျိုးနွယ်စု ခေါင်းဆောင်တစ်ကိုယ်လုံး ဒေါသတရားများဖြင့် တဆတ်ဆတ်တုန်ယင်နေပြီး သူ့အနောက်မှ တခြားမျိုးနွယ်စုအကြီးအကဲများကလည်း ရီယွမ်ကို အထူးအဆန်းသတ္တဝါတစ်ကောင်လို မယုံနိုင်ဟန်ဖြင့် ပြူးတူးပြဲတဲ စိုက်ကြည့်နေကြသည် ။

True Martial World (Book9-12)Where stories live. Discover now