သူရဲကောင်းတစ်ယောက်၏ ဒဏ္ဍာရီ
အခန်း ၁၇၅
ရီယွမ်က သူမကို တမင်လာရစ်နေသည်ဟု ထင်သည့်အတွက် စီစစ်ရေးမှူးဝမ်က ရီယွမ်ကို အော်ငေါက်လိုက်သည် ။
“ ဘာလဲ… ?မင်းက ဆေးပင်ခူးတဲ့အလုပ်မှာ စံချိန်မရှိဘူးလို့ထင်လို့လား ? အရေးမပါတဲ့ ပြင်ပအလုပ်တစ်ခုဖြစ်ပေမယ့် မြို့တော်က အလုပ်ကို အာရုံတစိုက်နဲ့ ကြိုးကြိုးစားစားလုပ်တဲ့ လူတွေအထွက် အခွင့်အရေးပေးထားတာ.. ဆေးပင်ခူးတဲ့အလုပ်အတွက် စံချိန်မှတ်တမ်းက လွန်ခဲ့တဲ့ နှစ်ပေါင်း လေးငါးထောင်ကျော်လောက်ကတည်းက စတင်ခဲ့တာ.. စံချိန်ချိုးနိုင်ရင် ဆုအနေနဲ့ နဂါးကြေးခွံ အခု တစ်သောင်း နဲ့ စင်ကြယ်ခြင်း အမှတ်တစ်ခု ဆုချပေးတယ်..! ”
နဂါးအကြေးခွံ အခုတစ်သောင်းတဲ့လား ?
ပြီးတော့.. စင်ကြယ်ခြင်း အမှတ် တစ်ခု တဲ့လား ?
ရီယွမ်၏ မျက်လုံးများ အရောင်တောက်ပလာခဲ့ကြသည် ။ နဂါးအကြေးခွံအခုတစ်သောင်းဆိုသည်မှာ အနန္တနတ်ဘုရားခန်းမထဲတွင် နာရီ ၂၀ မျှသူကျင့်ကြံရန်အတွက် လုံလောက်သော ပမာဏတစ်ခုပင် ဖြစ်သည် ။
ထို့ပြင် စင်ကြယ်ခြင်း အမှတ်တစ်မှတ်ပါ ရရှိနိုင်သေးသည် ။ အဲဒါက ပိုတောင်ကောင်းသေးသည်။ တိုင်အီ နတ်ဘုရားမြို့တော်ထဲရှိ တန်ဖိုးအကြီးဆုံးသော ရတနာပစ္စည်းများကို စင်ကြယ်ခြင်းအမှတ်နှင့်သာ လဲလှယ်နိုင်သည် မဟုတ်ပါလား ?တိုင်အီနတ်ဘုရားမြို့ထဲရှိ သင်တန်းသားများ၏ ၉၅ %ခန့်က ခြောက်နှစ်တာ သင်တန်းပြီးဆုံးသွားသည့်တိုင်အောင် စင်ကြယ်ခြင်းရမှတ်ကို တစ်ကြိမ်မျှ မရရှိဖူးခဲ့ကြပေ..
စံချိန်အသစ်တင်လိုက်ခြင်းဖြင့် ဆုလာဘ်ကြီးကြီး ရရှိနိုင်ပေသည် ။ သိပ်အရေးမပါသည့် သိပ်နုပ်သည့် လုပ်ငန်းခွင်တစ်ရပ်ဖြစ်စေ ဆုချသည့် ကြေးကတော့ သာမာန်ထက် ထူးခြားသာလွန်နေသည်ကတော့ အမှန်ပင်.
ရီယွမ်က စိတ်လှုပ်ရှားစွာဖြင့် နောက်တစ်မျက်နှာပြီး တစ်မျက်နှာ ဆက်လှန်ဖတ်သွားလိုက်သည် ။ တိုင်အီမြို့တော်၏ ဆေးပင်တောင်မှ ထွက်သည့် ဆေးပင်များ၏ ဈေးနှုန်းနှင့် အမျိုးအစားကို ကဏ္ဍတစ်ခုစီအလိုက် ရှင်းလင်းစွာ ခွဲခြားဖော်ပြထားသည် ။
YOU ARE READING
True Martial World (Book9-12)
Fantasyစာအုပ်အမည် - သူရဲကောင်းတစ်ယောက်၏ဒဏ္ဍာရီ ဘာသာပြန် - မင်းနန္ဒာ Chapter - (121 -180)