သူရဲကောင်းတစ်ယောက်၏ ဒဏ္ဍာရီ
အခန်း ၁၇၉“ အယ်… စံချိန်ချိုးချင်တယ်ဆိုတဲ့ တစ်ယောက်လား ? ”
စီစစ်ရေးမှူးဝမ်က သူ့ကိုခေါ်နေသည်ကို ကြားလိုက်ရသောအခါ ရီယွမ် တံတွေးပါ နင်မတတ် ဖြစ်သွားသည် ။ “ အဲဒီဝမ်ဆိုတဲ့ မိန်းမကြီးက တော်တော် အပေါက်ဆိုးတာပဲ… ! အထေ့အငေါ့လေးမှ မပါရင် ထမင်းစားမဝင်ဘူးလား မသိဘူး…”
“ ထားပါ.. ငါက စံချိန်ချိုးချင်တယ်လို့ပြောမိထားတာကိုး…! ”
“ မောင်လေး ရီယွမ်ပါလား..? ” ဇောင်ချင်ချန်က ရီယွမ်ကို လှည့်ကြီးပြုံး အားလျော့စွာ ပြုံးပြလိုက်သည် ။
“ မောင်လေး.. အဲဒီ မိန်းမကြီးက ဖြူကောင်လိုပဲ.. သူတွေ့သမျှ အကုန်လုံးလိုက်ဆွဲကောက်ချင်နေတာ! တော်တော်ကပ်စေးနဲတဲ့အပြင် နင်ခူးလာသမျှ သစ်ရွက်တစ်ရွက်ကမကျန် အကုန်လိုက်စစ်တာ .. ပြီးတော့ နင်ခူးလာတဲ့ ဆေးပင်တွေကိုလဲ ကြေးလျော့ပြီးတန်ဖိုးဖြတ်သေးတယ်.. လူသစ်တွေဆိုရင် အခန်းခ နဂါးအကြေးခွံ ၂၅ ခုတောင် ပုံမှန်မပေးနိုင်တဲ့အထိ သူကဈေးနှိမ်ပစ်တာ.. ”
ဇောင်ချင်ချန်က ဝမ်အကြောင်းကို ရီယွမ်အား ယွမ်ချီအသံလှိုင်းများပို့ကာ မကျေမနပ်နှင့် အတင်းတုပ်နေသည် ။ သူမအလွန် ပျာယာခတ်နေပြီး အတိုးမပေးနိုင်မည်ကို အလွန် စိုးရိမ်နေသည့်ဟန်ပေါ်လွင်နေသည် ။
ဆေးပင်ခူးသော လူများအားလုံး အရှုံးတွက်နှင့် ရင်ဆိုင်နေရသည် ။ ကျင့်ကြံသူများအတွက် နဂါးအကြေးခွံက အလွန်တန်ဖိုးကြီးမားသော အရာတစ်ခုပင်… သူတို့နေ့စဉ်ဆက်လက် ရှင်သန်နိုင်ရန်အတွက် နဂါးကြေးခွံ တစ်ခု နှစ်ခုကအစ အလွန်အရေးပါသည် ။
“ ဟုတ်ကဲ့.. အစ်မဇောင်ချန်… အခုလို သတိပေးတာ ကျေးဇူးတင်ပါတယ်.. ဒါနဲ့ ဘာဖြစ်လို့ စီစစ်ရေးမှူးဝမ်က အဲဒီလောက်ထိ အပေါက်ဆိုးနေရတာလဲ ? ”
“ ငါလဲ မသိဘူး..ငါသိတာကတော့ ဝမ်က အရင်က နတ်ဘုရားမြို့တော်က သိုင်းပညာရှင်တစ်ယောက်ပဲ.. သိုင်းလဲ အရမ်းတော်တယ်.. တစ်နေ့ သူ့ရဲ့ သတို့သားလောင်း မတော်တဆဖြစ်ပြီး သေသွားတဲ့အခါ သူစိတ်နည်းနည်းလွတ်သွားသေးတယ် လို့တော့ကြားတယ်.. အဲဒါကြောင့် နောက်ပိုင်းသူပြန်တည်ငြိမ်လာတဲ့အခါ မှာ အကြီးအကဲတွေက ဒီလိုပြင်ပအလုပ်တွေ လုပ်ဖို့ စာရင်းစစ်လွှတ်လိုက်တာပဲ…! ”
YOU ARE READING
True Martial World (Book9-12)
Fantasiစာအုပ်အမည် - သူရဲကောင်းတစ်ယောက်၏ဒဏ္ဍာရီ ဘာသာပြန် - မင်းနန္ဒာ Chapter - (121 -180)